Connect with us

Hi, what are you looking for?

News

စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် မသန်စွမ်းများ ဖမ်းဆီး၊ သတ်ဖြတ်ခံရပြီး နေရပ်စွန့်ခွာ ထွက်ပြေးမှုများရှိ

မသန်စွမ်းများအနေဖြင့်လည်း စစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်နေပြီး တော်လှန်ရေး၌ တက်ကြွစွာ ပါဝင်ဆင်နွှဲနေကြောင်း ၎င်းက ဆိုသည်။

အာဏာသိမ်းပြီးနောက်ပိုင်း မသန်စွမ်းသူများ၏ အခွင့်အရေး တိုးတက်မှုများ ရပ်တန့်သွားသည့်အပြင် စစ်ကောင်စီ၏ အကြမ်းဖက်မှုကြောင့် မသန်စွမ်းများ ဖမ်းဆီးထိန်းသိမ်းခံရခြင်း၊ သတ်ဖြတ်ခံရခြင်းနှင့် နေရပ်စွန့်ခွာထွက်ပြေးရခြင်းများရှိကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ လူသားချင်းစာနာထောက်ထားရေးနှင့်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ် အေးကပြောသည်။

ယနေ့ (ဒီဇင်ဘာ ၃ရက်)ကျရောက်သည့် အပြည်ပြည်ဆိုင်ရာမသန်စွမ်းသူများနေ့တွင် ဝန်ကြီးက ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

ပြည်သူ့အစိုးရလက်ထက်က မသန်စွမ်းအခွင့်အရေး နည်းဥပဒေကို ဖော်ဆောင်ပြီး မသန်စွမ်းများ၏ အခွင့် အရေး အပြည့်အ၀ရရှိရေးကို မသန်စွမ်းများနှင့်အတူ လက်တွဲဆောင်ရွက်ခဲ့ရာ အောင်မြင်မှု ရခဲ့ပြီး မသန်စွမ်း အဖွဲ့အစည်းများနှင့်ပေါင်း၍ မသန်စွမ်းအခွင့်အရေးအပြည့်အ၀ ရရှိရေး ဦးတည်ကြိုးပမ်းခဲ့ကြောင်း ၎င်းက ဆိုသည်။

“ဒါပေမဲ့ မတရားအာဏာသိမ်းခံရပြီးတဲ့နောက်မှာ ဒီတိုးတက်မှုတွေဟာ ရပ်တန့်သွားခဲ့ပါတယ်။ ဒါ့အပြင် မသန်စွမ်းများဟာလည်း အာဏာသိမ်းစစ်ကောင်စီရဲ့ အကြမ်းဖက်မှုကြောင့် ဖမ်းဆီးထိန်းသိမ်းခံရတာ သတ် ဖြတ်ခံရတာတွေလည်းရှိတယ်။ နေရပ်စွန့်ခွာ ထွက်ပြေးရတာတွေလည်းရှိပါတယ်” ဟု ဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက် စစ်ကောင်စီသည် မြန်မာနိုင်ငံက တရားဝင် လက်မှတ်ရေးထိုးထားသည့် မသန်စွမ်းသူများ အခွင့်အရေးများဆိုင်ရာ ကုလသမဂ္ဂ ကွန်ဗန်း ရှင်းမှ ပြဌာန်းချက်များကိုလည်း ပြောင်ပြောင်တင်းတင်း ချိုးဖောက်နေကြောင်း ဝန်ကြီးက ပြောသည်။

မသန်စွမ်းများအနေဖြင့်လည်း စစ်ကောင်စီ၏ မတရားမှုများကို ဆန့်ကျင်နေပြီး တော်လှန်ရေး၌ တက်ကြွစွာ ပါဝင်ဆင်နွှဲနေကြောင်း ၎င်းက ဆိုသည်။

တော်လှန်ရေကာလ၌ ကျဆုံးမသန်စွမ်းများရှိ၍ ၎င်းတို့ကို မှတ်တမ်းတင်ထားပြီး တော်လှန်ရေးပြီးပါက သတ်သတ်မှတ်မှတ် ဂုဏ်ပြုရမည်ဖြစ်ကြောင်း ဝန်ကြီးက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA)ထိန်းချုပ်ထားတဲ့ချင်းပြည်နယ် ပလက်၀မြို့နယ် ကုလက်ချောင်းနဲ့ ရှင်းလက်ချောင်းအတွင်းရှိ စက်လှေအငှားလိုက်တဲ့ ဒေသခံချင်းလူမျိုး ငါးဦးကို AA က ဖမ်းဆီးစစ်ဆေးနေပြီး အချို့မှာ ဒီနေ့ထိ ပြန်မ လွတ်လာသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

သတင်း

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တော်မှာ လိုင်စင်မဲ့ ဖွင့်လှစ်ထားတဲ့ အရက်ဆိုင် တစ်ခုကို စီးနင်းရှာဖွေခဲ့ပြီး ဆယ်ကျော်သက် လူငယ်တစ်ဦး အပါအဝင် မြန်မာ ၁၁ ဦးကို ဖမ်းမိခဲ့ကြောင်း ထိုင်းရဲတပ်ဖွဲ့က ကြေညာပါတယ်။