Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့ ပေါ် တိုက်ပွဲ စစ်ကောင်စီတပ်နှစ်ဦးသေ

ဝင်ဘာ ၂၈ရက်ကလည်း ကန်ကပက်လက်မြို့တွင်း၌ CDF ကန်ပက်လက်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဖက်မှ သုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

ကန်ပက်လက်မြို့ ပေါ်တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့အား ချင်း​ဒေသကာကွယ်ရေးတပ်ဖွဲ့က ယနေ့ ဝင်ရောက်တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်ကောင်စီတပ်သား နှစ် ဦးသေဆုံးပြီး တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိသွားကြောင်း CDF-Kanpetlet က သတင်းထုတ်ပြန်သည်။

ကန်ပက်လက်မြို့ အ.ထ.က ကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ဝင်များအား CDF-Kanpetletက ယနေ့( ဒီဇင်ဘာလ ၃ရက်) ​ နေ့လည်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

Public Service Announcement

တိုက်ပွဲဖြစ်ပွားချိန်တစ်နာရီ ကြာမြင့်ခဲ့ပြီး CDF ဘက်မှ တစ်စုံတရာထိခိုက်ခြင်းမရှိဘဲ ဆုတ်ခွာနိုင်ခဲ့သည်ဟုသတင်းထုတ်ပြန်ထားသည်။

နိုဝင်ဘာ ၂၈ရက်ကလည်း ကန်ကပက်လက်မြို့တွင်း၌ CDF ကန်ပက်လက်နှင့် အကြမ်းဖက်စစ်ကောင်စီတို့ ထိတွေ့တိုက်ပွဲပြင်းထန်ခဲ့ပြီးအကြမ်းဖက်စစ်ကောင်စီဖက်မှ သုံးဦးသေဆုံးကာ ခြောက်ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားခဲ့သည်။

Public Service Announcement

Public Service Announcement

(ကန်ပက်လက်တွင် အာဏာသိမ်းစစ်​ကောင်စီလက်​အောက်ခံရဲများက ငြိမ်းချမ်းစွာဆန္ဒပြသူများကိုဖိနှိပ်ပြီး ​ဒေသခံများ၏ ရိုးရာဓါးပလိုင်းများကိုဖမ်းဆီးခဲ့သည်။ ဆန္ဒပြပြည်သူများကို စစ်ကောင်စီရဲများကအကြမ်းဖက်ဖြို ခွင်းရန်ပိတ်ဆို့ခဲ့စဥ် ဓါတ်ပုံ-CJ)

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။