Connect with us

Hi, what are you looking for?

News

ကျေးရွာ​တွေ မီးရှို့ပြန်လာ​သော စစ်​ကောင်စီတပ်သား ခုနစ်ဦးထပ်​မံသေဟု RKDF ထုတ်ပြန်

သေဆုံးသွားသော စစ်ကောင်စီတပ်သား စုစု ပေါင်း ၁၀ ဦးကို မြောက်စည်းရဲစခန်းမှ သုံးဘီးဆိုင်ကယ်ဖြင့်သယ်၍ ခုံတိုးမြို့သာ ရွာသုဿာန်တွင် မီးရှို့သဂြိုလ် သွားသည်ဟု မျက်မြင်တွေ့ ရှိခဲ့သော ဒေသခံများထံမှတစ်ဆင့်ကိုးကား၍ RKDFအတည်ပြုသည်။

(RKDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ - RKDF)

ကလေးမြို့နယ်တွင် ယမန်​နေ့(ဒီဇင်ဘာ၃ရက်)က မိုင်းဆွဲတိုက်ခိုက်ခံရသော အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒဏ်ရာရသူများအနက် ခုနှစ်ဦးထပ်မံ​သေဆုံး၍ စုစုပေါင်းသေဆုံးသူ ၁၀ဦးအထိရှိလာပြီး ၎င်းတို့ကို ခုံတိုးမြို့သာ ရွာသုဿာန်တွင် မီးရှို့သဂြိုလ်ကြောင်း Ranger Kalay Defend Force(RKDF)က ထုတ်ပြန်သည်။

ဒီဇင်ဘာ၃ရက် နံနက်၈နာရီခွဲခန့်တွင် လယ်ခြားနှင့်ရှားတောကျေးရွာများအား မီးရှို့ပြန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တစ်ခုဖြစ်သည့် RKDFက မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(RKDF ရဲ​ဘော်များကို ​တွေ့ရစဥ်၊ ဓာတ်ပုံ – RKDF)

တိုက်ပွဲ ဖြစ်စဥ်တွင် စစ်ကောင်စီတပ်သား သုံးဦး သေဆုံးသည်ကိုသာ RKDFက ကနဦး ထုတ်​ပြန်ခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၃ ရက်ည ၁၀ နာရီတွင် နောက်ဆုံးရရှိသော အတွင်းသတင်းအရ နံနက်ပိုင်းက ဒဏ်ရာအပြင်း အထန်ရသွားသော တပ်သားများသည် ဆေးကုသမှု့ခံယူရင်း သေဆုံးသွားသည်မှာ ခုနစ်ဦးအထိရှိကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသော စစ်ကောင်စီတပ်သား စုစု ပေါင်း ၁၀ ဦးကို မြောက်စည်းရဲစခန်းမှ သုံးဘီးဆိုင်ကယ်ဖြင့်သယ်၍ ခုံတိုးမြို့သာ ရွာသုဿာန်တွင် မီးရှို့သဂြိုလ် သွားသည်ဟု မျက်မြင်တွေ့ ရှိခဲ့သော ဒေသခံများထံမှတစ်ဆင့်ကိုးကား၍ RKDFအတည်ပြုသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ ကျန်ရှိဒဏ်ရာ ရသူစာရင်းမှာ ၂၃ ဦးဟု အတိအကျသိရှိရပြီး ထိုဒဏ်ရာရရှိထားသူများများအနက် စိုးရိမ်ရသောအခြေအနေအထိ ရောက်ရှိနေသော စစ်​ကောင်စီတပ်သားများပါဝင်ကြောင်းလည်း RKDFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။