Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတိုက်ပွဲတွင် မြို့နယ် ပ.က.ဖ စစ်ဆင်​ရေး​ခေါင်း​ဆောင်တစ်ဦးကျဆုံး

“မိမိနဲ့အတူပါလာတဲ့ရဲဘော်​တွေအသက်ရှင်ဖို့အတွက် မိမိအသက်ကိုစွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်သွားတယ်။”ဟု ဒီပဲယင်း​ဒေသခံတစ်ဦးကပြောသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်အား ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့များက ခုခံတိုက်ခိုက်ခဲ့စဥ် ပြည်သူ့ကျဆုံးခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီတပ်များသည် ဒီပဲယင်းမြို့နယ်အတွင်းသို့ နိုဝင်ဘာလ ၂၇ ရက်နေ့မှစ၍ လေကြောင်းပစ်ကူများအပါအဝင် သာလွန်အင်အား (၄၀၀) ခန့်ဖြင့် စစ်ကြောင်းထိုးလျက်ရှိရာ မြို့နယ်အတွင်းရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များလည်း ပူးပေါင်း၍ ခုခံစစ်ဆင်နွှဲလျက်ရှိရာယမန်​နေ့( ဒီဇင်ဘာလ ၃ ရက်နေ့)တိုက်ပွဲတစ်ခုတွင် ကျွန်ုပ်တို့၏ မဟာမိတ်တပ်ဖွဲ့တစ်ခုဖြစ်သည့် ဒီပဲယင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ) မှ စစ်ဆင်ရေးခေါင်းဆောင်တစ်ဦးဖြစ်သူ CDM ကျောင်းဆရာ ကိုမြဝင်းကို (ခ) နွားကျောင်းသားသည် အခြားရဲဘော်များကို ကာကွယ်ရန် နောက်ချန်ခဲ့ရင်း ကာပစ်ပေးနေစဉ် ကျဆုံးခဲ့ရကြောင်း ကြားသိရသဖြင့် လွန်စွာဝမ်းနည်းရကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ (ဒီဇင်ဘာလ ၄ ရက်နေ့)သတင်းထုတ်ပြန်သည်။

“ဒီပဲယင်းမြို့နယ်ရဲ့ ယုံကြည်စိတ်ပြင်းထန်လွန်းပြီး တော်လှန်ရေးမှာ ဦးစီးဦးဆောင်ပြီး ၂၄နာရီမနားတမ်း အလုပ်လုပ်တဲ့ ခေါင်းဆောင်တစ်ဦးပါ။အတူပါလာတဲ့ရဲဘော်တွေအတွက် ရှေ့ဆုံးကနေ ကာပစ် ပစ်ပေးပြီး တိုက်ပွဲဝင်ပြီး အသက်စွန့်သွားတဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်၊ တာဝန်ကျေလွန်းလှပါတယ်။မိမိနဲ့အတူပါလာတဲ့ရဲဘော်​တွေအသက်ရှင်ဖို့အတွက် မိမိအသက်ကိုစွန့်လွှတ်အနစ်နာခံတိုက်ပွဲဝင်သွားတယ်။”ဟု ဒီပဲယင်း​ဒေသခံတစ်ဦးကပြောသည်။

CDM လှုပ်ရှားမှုတွင်ပါဝင်ရုံသာမက လက်နက်ကိုင်လှုပ်ရှားမှုဖြင့်လည်း စစ်အာဏာရှင်ကို တော်လှန်ခဲ့သည့်အတွက် ကိုမြဝင်းကို (ခ) နွားကျောင်းသားသည် တော်လှန်ရေးအပေါ်တွင် တာဝန်ကျေသည်ထက် ပို၍ တာဝန်ကျေခဲ့ပြီဖြစ်ကြောင်း ကျွန်ုပ်တို့ တပ်ဖွဲ့က မှတ်ယူ၍ ဤဝမ်းနည်းဂုဏ်ပြုမှတ်တမ်းကို ထုတ်ပြန်အပ်ကြောင်း၊ မပြီးဆုံးသေးသော တော်လှန်ရေးကို ဆုံးခန်းတိုင်သည်အထိ ဦးဆွေးဆံမြေ့ ဆက်လက်ထမ်းရွက်မည်ဟု ဒီပဲယင်း ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ က ကတိသစ္စာပြုပါကြောင်းထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

နိုင်ငံတစ်ဝန်း အကြမ်းဖက်စစ်​ကောင်စီတပ်များကို ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များကခုခံတိုက်ခိုက်​နေရာ စစ်​ကောင်စီတပ် ၁၀၀ ​သေလျှင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များဘက်မှ ၅ ဦးခန့်( ၅ ရာခိုင်နှုန်းခန့်) ဖက်ဒရယ်ဒီမိုက​ရေစီနိုင်ငံ​ပေါ်ထွန်းလာ​ရေးအတွက် တိုက်ပွဲဝင်စဥ်ကျဆုံး​​နေ​ကြောင်း ကာကွယ်​ရေးဝန်ကြီး ဦးရည်မွန်က People’s Spring နှင့်သီးသန့်အင်တာဗျူးတွင်​ဖြေကြားသည်။ထို​ကြောင့် နိုင်ငံတစ်ဝန်းတိုက်ပွဲများတွင် စစ်​ကောင်စီတပ် ​သေဆုံးမှုပိုများ​နေသည်။

ဆက်စပ်သတင်းများ

သတင်း

ခေါင်လန်ဖူးဒေသခံတွေ ပူတာအိုဘက် စစ်ရှောင်ရဟု KIA ပြော

သတင်း

ချင်းညီနောင်အဖွဲ့ဝင် ချင်းပြည်သူ့တပ်မတော်(CPA)ထိန်းချုပ်နယ်မြေတွေ ဖြစ်တဲ့ ချင်းတောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ စစ်တပ်က သေဆုံးထိခိုက်များပြားခဲ့ပြီး စစ်တပ်ရဲ့ လက်နက်ခဲယမ်းများစွာ သိမ်းရခဲ့ကြောင်း CPU/CPAက ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်၊ ဒေါငံခါးတိုက်ပွဲအတွင်း စစ်တပ်အထိနာတာကြောင့် လေကြောင်း တိုက်ခိုက်မှုတွေ အပြင်းအထန်လုပ်နေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ ဒီကနေ့ ဇူလိုင် ၃၀ မနက်ကစတင်ပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။