Connect with us

Hi, what are you looking for?

LuduNwayOo

News

ကန်ပက်လက်မြို့တွင်းတိုက်ပွဲ တစ်ပတ်အတွင်းစစ်ကောင်စီတပ် ၇ ဦးသေ

ကန်ပက်လက် CDFရဲဘော်များက နိုဝင်ဘာ ၂၈ရက်၊ ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်နေ့များတွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ကန်ပက်လက်မြို့ကို ​​ဒရုန်းမှ ဓါတ်ပုံရိုက်ကူးရာ​မြေ​တွေ့ရပုံ)

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က မြို့တွင်း တိုက်ပွဲများ ဖော်ဆောင်ခဲ့၍ နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၄ရက်အတွင်း စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်ထားသည်။

ကန်ပက်လက် CDFရဲဘော်များက နိုဝင်ဘာ ၂၈ရက်၊ ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်နေ့များတွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၄ရက် မနက်က ကန်ပက်လက်မြို့တွင်းအ.ထ.ကကျောင်း၌ တပ်စွဲထား စစ်ကောင်စီတပ် အား CDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရာ ၄၅မိနစ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက်မှ ၂ဦးသေဆုံးခဲ့ပြီး CDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၃ရက်ကလည်း ကန်ပက်လက် အ.ထ.က ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုပင် CDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ဦးသေ၊ ၁ဦးဒဏ်ရာပြင်းထန်ခဲ့ဟု ဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်ကလည်း ကန်ပက်လက်မြို့ပေါ်၌ သွားလာနေသည့် စစ်ကောင်စီတပ်ယာဉ်ကို CDFက ပစ်ခတ် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။