Connect with us

Hi, what are you looking for?

News

ကန်ပက်လက်မြို့တွင်းတိုက်ပွဲ တစ်ပတ်အတွင်းစစ်ကောင်စီတပ် ၇ ဦးသေ

ကန်ပက်လက် CDFရဲဘော်များက နိုဝင်ဘာ ၂၈ရက်၊ ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်နေ့များတွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

(ကန်ပက်လက်မြို့ကို ​​ဒရုန်းမှ ဓါတ်ပုံရိုက်ကူးရာ​မြေ​တွေ့ရပုံ)

ကန်ပက်လက်မြို့နယ် ချင်းကာကွယ်ရေးတပ်ဖွဲ့(CDF)က မြို့တွင်း တိုက်ပွဲများ ဖော်ဆောင်ခဲ့၍ နိုဝင်ဘာ ၂၈ရက်မှ ဒီဇင်ဘာ ၄ရက်အတွင်း စစ်ကောင်စီတပ်မှ ၇ဦးသေဆုံးခဲ့ကြောင်း ကန်ပက်လက် CDFက ထုတ်ပြန်ထားသည်။

ကန်ပက်လက် CDFရဲဘော်များက နိုဝင်ဘာ ၂၈ရက်၊ ဒီဇင်ဘာ ၃ရက်နှင့် ၄ရက်နေ့များတွင် မြို့ပေါ်ရှိ စစ်ကောင်စီတပ်များကို ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဒီဇင်ဘာ ၄ရက် မနက်က ကန်ပက်လက်မြို့တွင်းအ.ထ.ကကျောင်း၌ တပ်စွဲထား စစ်ကောင်စီတပ် အား CDF ရဲဘော်များက ဝင်ရောက်ပစ်ခတ်ရာ ၄၅မိနစ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီ ဘက်မှ ၂ဦးသေဆုံးခဲ့ပြီး CDF ရဲဘော်များ အထိအခိုက်မရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်း ဖော်ပြသည်။

ဒီဇင်ဘာ ၃ရက်ကလည်း ကန်ပက်လက် အ.ထ.က ကျောင်း၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်ကိုပင် CDFက ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၂ဦးသေ၊ ၁ဦးဒဏ်ရာပြင်းထန်ခဲ့ဟု ဆိုသည်။ နိုဝင်ဘာလ ၂၈ ရက်ကလည်း ကန်ပက်လက်မြို့ပေါ်၌ သွားလာနေသည့် စစ်ကောင်စီတပ်ယာဉ်ကို CDFက ပစ်ခတ် တိုက်ခိုက်ခဲ့၍ စစ်ကောင်စီတပ်ဖွဲ့ဝင် ၃ ဦးသေဆုံးကာ ၆ ဦးဒဏ်ရာရရှိခဲ့သည်ဟုထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။