Connect with us

Hi, what are you looking for?

News

မတ္တရာအရှေပိုင်းကျေးရွာများကို စစ်ကောင်စီတပ်စီးနင်းပြီး ဒီချုပ်ခရိုင်အလုပ်အမှုဆောင်တစ်ဦးကို ဖမ်းဆီးထား

ထိုသို့လာရောက်စဉ် မတ္တရာမြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးဝေအောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံထားရသည်ဟု ၎င်းကဆိုသည်။

People's Spring
People's Spring

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ပိုင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂ရက်ညပိုင်းကစ၍ မတ္တရာမြို့နယ်ရှိ မြောင်းသစ်၊ ကျွန်းပင်၊ အုန်းလွတ်၊ကြာပင်၊ ကျောက်ဆည်လေး၊ သဖန်းကိုင်း၊ ဇီးဖြူပင် စသည့် ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အခု သူတို့ဝင်မွှေနေတာ ရွာပေါင်း ခုနစ်ရွာရှိတယ်။ လက်ရှိနောက်ဆုံးအခြေအနေက မြောင်းသစ်မှာ။ ရောက်သမျှရွာတွေမှာတွေ့သမျှ ကြက်ပစ်တယ်။ လူမရှိတဲ့အိမ်တွေဆို သူတို့လိုချင်တဲ့ ပစ္စည်းအကုန်ယူတယ်။ ဖမ်းခေါ်သွားပြီး သူတို့မေးချင်တာမေး ပြောချင်တာပြောပြီး ပြန်လွှတ်ပေးလိုက်တာတွေလည်းရှိတယ်”ဟု မတ္တရာဒေသခံက ပြောသည်။

ထိုသို့လာရောက်စဉ် မတ္တရာမြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးဝေအောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံထားရသည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်ရှိကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများ ယခင်ကတည်းက ဆောင် ရွက်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်နေသော်လည်း မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးတိုင်း၊ မတ္တရာမြို့နယ်အနောက်ခြမ်း ဥဒိန်ရွာကို စစ်တပ်က အင်အားထပ်တိုးပြီးတဲ့နောက် ဒရုန်းတွေနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဘိုကြီးကျွန်းရွာ ဘုန်းကြီးကျောင်းပေါ် ဗုံးကျပြီး အမျိုးသားတစ်ဦး သေဆုံးကာ သံဃာတစ်ပါး ဒဏ်ရာ ရခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ဝေါမြို့နယ်ထဲကညောင်ခါးရှည်စစ်ဆေးရေးဂိတ်မှာ လက်ရှိ စက်တင်ဘာလ ပထမအပတ်ကစပြီး ထိုင်းကုန်ပစ္စည်းသယ်ဆောင်လာတဲ့ ကားအစီးရေ ၁၀၀ ခန့်ကို အာဏာသိမ်းစစ်တပ်ရဲ့ စစ်ဆေးရေးအဖွဲ့က ဖမ်းဆီးသိမ်းဆည်းလိုက်တယ်လို့ ကားသမားသတင်းရင်းမြစ်တွေက ပြောပါတယ်။