Connect with us

Hi, what are you looking for?

LuduNwayOo

News

မတ္တရာအရှေပိုင်းကျေးရွာများကို စစ်ကောင်စီတပ်စီးနင်းပြီး ဒီချုပ်ခရိုင်အလုပ်အမှုဆောင်တစ်ဦးကို ဖမ်းဆီးထား

ထိုသို့လာရောက်စဉ် မတ္တရာမြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးဝေအောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံထားရသည်ဟု ၎င်းကဆိုသည်။

People's Spring
People's Spring

မန္တလေးတိုင်း မတ္တရာမြို့နယ် အရှေ့ပိုင်းရှိကျေးရွာများကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဒေသခံများကို ဖမ်းဆီးခြင်း၊ ပြည်သူပိုင်ပစ္စည်းများကို ယူဆောင်ခြင်းပြုလုပ်နေကြောင်း ဒေသခံတစ်ဦးက ပြောသည်။

အင်အား ၁၀၀ခန့်ပါသည့် စစ်ကောင်စီတပ်သည် ဒီဇင်ဘာ ၂ရက်ညပိုင်းကစ၍ မတ္တရာမြို့နယ်ရှိ မြောင်းသစ်၊ ကျွန်းပင်၊ အုန်းလွတ်၊ကြာပင်၊ ကျောက်ဆည်လေး၊ သဖန်းကိုင်း၊ ဇီးဖြူပင် စသည့် ကျေးရွာများကို တစ်ရွာပြီးတစ်ရွာ ဝင်ရောက်ခဲ့ခြင်းဖြစ်သည်ဟုဆိုသည်။

“အခု သူတို့ဝင်မွှေနေတာ ရွာပေါင်း ခုနစ်ရွာရှိတယ်။ လက်ရှိနောက်ဆုံးအခြေအနေက မြောင်းသစ်မှာ။ ရောက်သမျှရွာတွေမှာတွေ့သမျှ ကြက်ပစ်တယ်။ လူမရှိတဲ့အိမ်တွေဆို သူတို့လိုချင်တဲ့ ပစ္စည်းအကုန်ယူတယ်။ ဖမ်းခေါ်သွားပြီး သူတို့မေးချင်တာမေး ပြောချင်တာပြောပြီး ပြန်လွှတ်ပေးလိုက်တာတွေလည်းရှိတယ်”ဟု မတ္တရာဒေသခံက ပြောသည်။

ထိုသို့လာရောက်စဉ် မတ္တရာမြို့နယ်ရှိ ပြင်ဦးလွင်ခရိုင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ဗဟိုအလုပ် အမှုဆောင် အဖွဲ့ဝင်တစ်ဦးဖြစ်သူ ကိုစိုးဝေအောင်သည် ပြီးခဲ့သည့် ရက်ပိုင်းက ဖမ်းဆီးခံထားရသည်ဟု ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် မတ္တရာမြို့နယ်ရှိကျေးရွာများသို့ ဝင်ရောက်စီးနင်းမှုများ ယခင်ကတည်းက ဆောင် ရွက်နေခြင်းဖြစ်သည်။ ထိုသို့ လုပ်ဆောင်နေသော်လည်း မတ္တရာမြို့နယ်ရှိ ကျေးလက်ဒေသများ၌ စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုလှုပ်ရှားမှုများကို ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

RCSSသည် စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီကို တစ်ကြိမ်မျှ မတိုက်ခိုက်ခဲ့ဘဲ ၊အာဏာသိမ်းစစ်​ကောင်စီနှင့် အမြဲတွေ့ဆုံဆွေးနွေးနေသည့် အဖွဲ့ဖြစ်သည်။