Connect with us

Hi, what are you looking for?

News

စစ်ကောင်စီရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားတဲ့ ကလေးငယ်ရဲ့ နာရေး

ကလေးငယ်ရဲ့နေအိမ်ဟာ အဲဒီရပ်ကွက်ရုံးနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး အခင်းဖြစ်တဲ့အချိန်မှာ ကလေးငယ်ဟာ အခြားကလေးတွေနဲ့အတူ နေအိမ်ရှေ့မှာဆော့ကစားနေတာလို့သိရပါတယ်။

မနေ့က ညပိုင်းက မန္တလေး မှာ စစ်ကောင်စီတပ်တွေရဲ့ ရမ်းသမ်းပစ်ခတ်မှုကြောင့် သေဆုံးခဲ့ရတဲ့ ၅ နှစ်အရွယ်မိန်းကလေးငယ်ရဲ့ နာရေးကို ဒီနေ့ တောင်အင်း မြောက်အင်းသုဿန်မှာ ပြုလုပ်ခဲ့တယ်လို့သိရပါတယ်။

ကလေးငယ်ရဲ့ရုပ်အလောင်းကိုမန္တလေး ဆေးရုံရဲ့ ရင်ခွင်ရုံကနေ သယ်ဆောင်ပြီး သဂြိုဟ်ခဲ့တာပါ။

ကလေးငယ်ကို ဆေးရုံပို့ပေးခဲ့တဲ့ ပရဟိတအသင်းက တာဝန်ရှိသူတစ်ဦးကတော့ ” ရောက်လာကတည်းက ကလေးက အသက်မပါတော့ဘူး ၊ နောက်စေ့ဒဏ်ရာတစ်ချက်တည်းနဲ့ သေသွားတာလို့” ပြောပါတယ်။

မနေ့က ဒီဇင်ဘာလ ၆ ရက်ညနေပိုင်း ၆ နာရီလောက်မှာ အောင်သာယာရပ်ကွက်ရုံးကို ဆိုင်ကယ်နဲ့ လူငယ် ၂ ယောက်က ဗုံးနဲ့လာပစ်လို့ စစ်ကောင်စီဘက်ကပြန် လှန်ပစ်ခတ်ခဲ့တာတွေရှိတယ်လို့သိရပါတယ်။

Public Service Announcement

Public Service Announcement

ကလေးငယ်ရဲ့နေအိမ်ဟာ အဲဒီရပ်ကွက်ရုံးနဲ့ မျက်နှာချင်းဆိုင်ဖြစ်ပြီး အခင်းဖြစ်တဲ့အချိန်မှာ ကလေးငယ်ဟာ အခြားကလေးတွေနဲ့အတူ နေအိမ်ရှေ့မှာဆော့ကစားနေတာလို့သိရပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

အထိနာနေတဲ့ ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်တိုက်ပွဲမှာ စစ်တပ်ကလက်နက်ကြီးနဲ့ ပစ်ခတ်လို့ အရပ်သား ၄ဦး ထပ်မံ သေဆုံးသွားပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook