Connect with us

Hi, what are you looking for?

LuduNwayOo

News

ပန်းသေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်မှ ငါးဦးသေဟု ကသာ PDF ထုတ်ပြန်

ပန်းသေးကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် ၎င်းတို့ဘက်မှ အကျအဆုံး အထိအခိုက်မရှိခဲ့ကြောင်းလည်း ကသာ PDFက ဆိုသည်။

People's Spring
People's Spring

ကသာမြို့နယ် ပန်းသေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ယနေ့(နိုဝင်ဘာ ၈ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲခန့်က ကသာခရိုင် PDFတပ်ရင်း(၁) ၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံ ခမရ(၄၁၈) ထိတွေ့တိုက်ခိုက်ခဲ့သည်။

ဖြစ်စဥ်မှာ တပ်မ(၈၈) လက်အောက်ခံ ခမရ (၄၁၈) သည် ကသာမြို့မှ စစ်ကြောင်းထွက်လာသည်ကို သတင်းရ သဖြင့် ကသာခရိုင်PDF တပ်ရင်း (၁)နှင့်မိမိတို့ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့မှ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

တိုက်ပွဲအတွင်း ကသာတပ်ရင်း(၃၀၉)ကလည်း လက်နက်ကြီးများဖြင့် အချက် ၄၀ထက်မနည်း သမ်းရမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပန်းသေးကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် ၎င်းတို့ဘက်မှ အကျအဆုံး အထိအခိုက်မရှိခဲ့ကြောင်းလည်း ကသာ PDFက ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်နေဆဲအချိန်တွင် နေရာအတိ အကျနှင့်သတင်းတင်ခြင်းမပြုလုပ်ကြရန်နှင့် ယခုရက်ပိုင်း ပြည်သူများအနေနှင့် ထုတ်ပြန်ခဲ့သောလမ်းပိုင်းများနှင့် စည်းကမ်းချက်များကို ဂရုပြုပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

ယမန်နေ့က ကသာမြို့သဖန်းကိုင်းရပ်ကွက်ရှိ Mytel တာဝါတိုင်နှင့် ကသာမြို့နယ် လျှပ်စစ်ရုံးတို့ကိုလည်း ကသာ UG အဖွဲ့က ဖောက်ခွဲမှုပြုလုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

မေးမြန်းခန်း

လေကြောင်း တိုက်ခိုက်ခံရမှု အပါအဝင် မင်းတပ်မြို့နယ်အတွင်း စစ်ရေးအခြေအနေကို မင်းတပ်မြို့နယ် ချင်းကာကွယ်ရေးတပ်(CDF) မှ ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းဟာအွမ်အားဆက်သွယ်မေးမြန်းဖော်ပြလိုက်သည်။

သတင်း

ရေးမြို့နယ် ခေါဇာမြို့နယ်ခွဲ၊ ကျုံညှဲကျေးရွာမှ ကျေးရွာအုပ်ချုပ်ရေးမှူး ပြည်သူ့စစ်အဖွဲ့အား လက်နက်ဖြုတ်သိမ်းရန်နှင့် အရေးယူပေးရန် ပြည်သူများမှတိုင်ကြားလာ၍ ဧပြီ ၂၃ရက် တွင် ခေါ်ယူဖမ်းဆီး လက်နက်ဖြုတ်သိမ်းခဲ့သည်ဟု ဖော်ပြသည်။

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။