Connect with us

Hi, what are you looking for?

News

ပန်းသေးရွာအနီး တိုက်ပွဲ စစ်ကောင်စီတပ်မှ ငါးဦးသေဟု ကသာ PDF ထုတ်ပြန်

ပန်းသေးကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် ၎င်းတို့ဘက်မှ အကျအဆုံး အထိအခိုက်မရှိခဲ့ကြောင်းလည်း ကသာ PDFက ဆိုသည်။

People's Spring
People's Spring

ကသာမြို့နယ် ပန်းသေးကျေးရွာအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးကြောင်း ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(KPDF)က ယနေ့(နိုဝင်ဘာ ၈ ရက်)တွင် ထုတ်ပြန်သည်။

တိုက်ပွဲ ဖြစ်စဥ်မှာ ဒီဇင်ဘာ ၇ ရက် ညနေ ၃ နာရီခွဲခန့်က ကသာခရိုင် PDFတပ်ရင်း(၁) ၊ ကသာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)နှင့် အကြမ်းဖက်စစ်ကောင်စီ၏ တပ်မ(၈၈) လက်အောက်ခံ ခမရ(၄၁၈) ထိတွေ့တိုက်ခိုက်ခဲ့သည်။

ဖြစ်စဥ်မှာ တပ်မ(၈၈) လက်အောက်ခံ ခမရ (၄၁၈) သည် ကသာမြို့မှ စစ်ကြောင်းထွက်လာသည်ကို သတင်းရ သဖြင့် ကသာခရိုင်PDF တပ်ရင်း (၁)နှင့်မိမိတို့ကသာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)တို့မှ စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု အသိပေးထားသည်။

တိုက်ပွဲအတွင်း ကသာတပ်ရင်း(၃၀၉)ကလည်း လက်နက်ကြီးများဖြင့် အချက် ၄၀ထက်မနည်း သမ်းရမ်းပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

ပန်းသေးကျေးရွာအနီး ထိတွေ့တိုက်ပွဲဖြစ်စဥ်တွင် ၎င်းတို့ဘက်မှ အကျအဆုံး အထိအခိုက်မရှိခဲ့ကြောင်းလည်း ကသာ PDFက ဆိုသည်။

ထိတွေ့တိုက်ပွဲဖြစ်နေဆဲအချိန်တွင် နေရာအတိ အကျနှင့်သတင်းတင်ခြင်းမပြုလုပ်ကြရန်နှင့် ယခုရက်ပိုင်း ပြည်သူများအနေနှင့် ထုတ်ပြန်ခဲ့သောလမ်းပိုင်းများနှင့် စည်းကမ်းချက်များကို ဂရုပြုပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။

ယမန်နေ့က ကသာမြို့သဖန်းကိုင်းရပ်ကွက်ရှိ Mytel တာဝါတိုင်နှင့် ကသာမြို့နယ် လျှပ်စစ်ရုံးတို့ကိုလည်း ကသာ UG အဖွဲ့က ဖောက်ခွဲမှုပြုလုပ်နိုင်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။