Connect with us

Hi, what are you looking for?

News

ဒုန်းတောနှင့် ပန်းပင်ကြီးလမ်းဖြစ်ရပ် သွေးကြွေးဆပ်သည့်ဆိုကာ မုံရွာမြို့အဝင်အကြမ်းဖက်စစ်တပ်နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ချင်းတွင်းတံတား(မုံရွာ)၊ မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ယာကြီး-ကလေးဝလမ်းမကြီးများ၊ မုံရွာ-ပုသိမ်လမ်းမကြီး၊ မုံရွာ-အမြင့်ကျေးလက်လမ်းအစ ရှိသည့်နေရာများကြိလည်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFများက အသိပေးထားသည်။

ဒုန်းတောနှင့် ပန်းပင်ကြီးလမ်းအတွက် သွေးကြွေးဆပ်သည့်စစ်ဆင်ရေးအဖြစ် စစ်ကိုင်းတိုင်း မုံရွာမြို့ အဝင်နေရာ များ၌ အကြမ်းဖက်စစ်ကောင်စီတပ်များအား လက်နက်ကြီးများအပါအဝင် ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသတွင်း PDFများကပြောသည်။

ယနေ့(ဒီဇင်ဘာလ ၈ ရက်)နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားရာ ရွှေတောင်ဦးတပ်ကုန်းသို့ လက်နက်ကြီးများဖြင့် အချက် ၂၀ခန့် သွားရောက်ပစ်ခက်ခဲ့ရာ ခုနစ်ချက်ခန့် ထိမှန်နိုင်ကြောင်း၊ အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက်ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အဆုံးတိုင် လက်တုန့်ပြန်သွားမည်ဟု မြောက်ယမားပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်များမှ ကတိကဝတ်ပြုသည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MYPDF)က သတင်းထုတ်ပြန်သည်။

အလားတူ ‌ယနေ့(ဇင်ဘာလ ၈ ရက်)နံနက် ၄နာရီ မိနစ်၄၅အချိန်ကလည်း မန္တလေး-မုံရွာလမ်း၊ မုံရွာမြို့ အဝင်မုခ်ဦးရှိ အကြမ်းဖက်စစ်ကောင်စီစခန်းအား ကားဖြင့် အလစ်အငိုက်ဖြတ်သန်းကာ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ထိခိုက်မှုအရေအတွက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒီမိုကရက် တစ်ပြောက်ကျားတပ်ဖွဲ့-အောက်ချင်းတွင်းက အသိပေးသည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ မုံရွာမြို့တွင်း ၊မြို့ပြင် တင်းကျပ်စွာစစ်ဆေးနေသည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ချင်းတွင်းတံတား(မုံရွာ)၊ မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ယာကြီး-ကလေးဝလမ်းမကြီးများ၊ မုံရွာ-ပုသိမ်လမ်းမကြီး၊ မုံရွာ-အမြင့်ကျေးလက်လမ်းအစ ရှိသည့်နေရာများကြိလည်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရွှေကူမြို့နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေချိန် ဒီနေ့ညနေပိုင်းမှာ မြို့ထဲ ရပ်ကွက်နေရာအချို့ကိုလက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သားလေးဦးသေဆုံးခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၁)နယ်မြေ သထုံခရိုင် ကျိုက်ထိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ အမျိုးသား ၁ဦး သေဆုံးခဲ့ရကြောင်း KNU သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်တပ်က လက်နက်ကြီးနဲ့ပတ်ခတ်လို့ အရပ်သား ၂ဦး ထိမှန်သေဆုံးတယ်လို့ ဒေသခံသတင်းရင်းမြစ်အချို့က ပြောပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။