Connect with us

Hi, what are you looking for?

News

ဒုန်းတောနှင့် ပန်းပင်ကြီးလမ်းဖြစ်ရပ် သွေးကြွေးဆပ်သည့်ဆိုကာ မုံရွာမြို့အဝင်အကြမ်းဖက်စစ်တပ်နေရာကို လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်

စစ်ကိုင်းတိုင်း ချင်းတွင်းတံတား(မုံရွာ)၊ မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ယာကြီး-ကလေးဝလမ်းမကြီးများ၊ မုံရွာ-ပုသိမ်လမ်းမကြီး၊ မုံရွာ-အမြင့်ကျေးလက်လမ်းအစ ရှိသည့်နေရာများကြိလည်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFများက အသိပေးထားသည်။

ဒုန်းတောနှင့် ပန်းပင်ကြီးလမ်းအတွက် သွေးကြွေးဆပ်သည့်စစ်ဆင်ရေးအဖြစ် စစ်ကိုင်းတိုင်း မုံရွာမြို့ အဝင်နေရာ များ၌ အကြမ်းဖက်စစ်ကောင်စီတပ်များအား လက်နက်ကြီးများအပါအဝင် ပစ်ခတ်မှုများပြုလုပ်ခဲ့ရာ သေဆုံးထိခိုက်မှုများရှိကြောင်း ဒေသတွင်း PDFများကပြောသည်။

ယနေ့(ဒီဇင်ဘာလ ၈ ရက်)နံနက် ၂ နာရီခန့်တွင် စစ်ကောင်စီတပ်များ တပ်စွဲထားရာ ရွှေတောင်ဦးတပ်ကုန်းသို့ လက်နက်ကြီးများဖြင့် အချက် ၂၀ခန့် သွားရောက်ပစ်ခက်ခဲ့ရာ ခုနစ်ချက်ခန့် ထိမှန်နိုင်ကြောင်း၊ အပြစ်မဲ့ ပြည်သူများကို အကြမ်းဖက်ရက်စက်စွာ သတ်ဖြတ်ခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို အဆုံးတိုင် လက်တုန့်ပြန်သွားမည်ဟု မြောက်ယမားပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် ညီနောင်မဟာမိတ်တပ်များမှ ကတိကဝတ်ပြုသည်ဟု မြောက်ယမားပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (MYPDF)က သတင်းထုတ်ပြန်သည်။

အလားတူ ‌ယနေ့(ဇင်ဘာလ ၈ ရက်)နံနက် ၄နာရီ မိနစ်၄၅အချိန်ကလည်း မန္တလေး-မုံရွာလမ်း၊ မုံရွာမြို့ အဝင်မုခ်ဦးရှိ အကြမ်းဖက်စစ်ကောင်စီစခန်းအား ကားဖြင့် အလစ်အငိုက်ဖြတ်သန်းကာ ဆက်တိုက်ပစ်ခတ်ခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်မှ သုံးဦးသေဆုံးကာ ထိခိုက်မှုအရေအတွက်စုံစမ်းနေဆဲဖြစ်ကြောင်း ဒီမိုကရက် တစ်ပြောက်ကျားတပ်ဖွဲ့-အောက်ချင်းတွင်းက အသိပေးသည်။

ယနေ့နံနက်ပိုင်းမှစတင်ကာ မုံရွာမြို့တွင်း ၊မြို့ပြင် တင်းကျပ်စွာစစ်ဆေးနေသည်ဟု မြို့ခံများက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ကိုင်းတိုင်း ချင်းတွင်းတံတား(မုံရွာ)၊ မုံရွာ-ပုသိမ်လမ်းမကြီးနှင့် ယာကြီး-ကလေးဝလမ်းမကြီးများ၊ မုံရွာ-ပုသိမ်လမ်းမကြီး၊ မုံရွာ-အမြင့်ကျေးလက်လမ်းအစ ရှိသည့်နေရာများကြိလည်း ဖြတ်သန်းသွားလာခြင်းမပြုရန် ဒေသတွင်း PDFများက အသိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဆိုင်းမင်း/People’s Spring မန္တလေးတိုင်း ၊ မတ္တရာမြို့ ရဲ့အနောက်တောင်ဘက် ဧရာဝတီမြစ်ဘေးအနီးက ဘိုကုန်းကျေးရွာ မနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက်ပိုင်းက လက်နက်ကြီးနဲ့ပစ်ခတ်ခံရပြီး ဒေသခံ အချို့ ထိခိုက်သေဆုံးမှု ရှိတယ်လို့စုံစမ်းသိရပါတယ်။ မနေ့ မနက်ပိုင်း ၉ နာရီ ခန့်က လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာဖြစ်ပြီး...

သတင်း

မန္တလေးတိုင်း၊မတ္တရာမြို့နယ်အရှေ့ခြမ်းမှာ စစ်တပ်ရဲ့ လက်နက်ကြီးနဲ့ပစ်ခတ်မှုကြောင့် ဒေသခံ​တောင်သူအမျိုးသမီး ၃ ဦးထိခိုက်ဒဏ်ရာတွေရခဲ့တယ်လို့ဒေသခံတွေက​ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသ၌ စစ်ကောင်စီနှင့် လက်အောက်ခံ ပြည်သူ့စစ် PNO တို့က လက်နက်ကြီးဖြင့် ပစ်ခတ်၍ ဒေသခံစစ်ရှောင် သုံးဦး သေဆုံးခဲ့ရကြောင်း ပအိုဝ်းသတင်းရင်းမြစ်က ပြောသည်။

သတင်း

တနင်္သာရီမြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးပစ်ခတ်မှုနှင့် ဒရုန်းဖြင့်ဗုံးသီးချတိုက်ခိုက်မှုများကြောင့် ဒေသခံအမျိုးသမီးငါးဦးထိခိုက်ဒဏ်ရာရခဲ့ပြီး နှစ်ဦးမှာ စိုးရိမ်ရကြောင်း မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၂)တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။