Connect with us

Hi, what are you looking for?

News

ကနီ​ဆည်ရွာ​ချောင်းအနီးမိုင်းဆွဲရာစစ်​ကောင်စီတပ် ၁၄ဦး​သေ

ထိုအပြင်ယနေ့ နံနက်ပိုင်းကလည်း ကနီမြို့နယ် ‌ချမ်းသာစုဘုရားကုန်းအနီး၌ အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ ကျော် နှင့် DRPA ၊ ကျောက်လုံးကြီးPDF၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။

ကနီမြို့နယ် ဆယ်ရွာချောင်အနီး၌ အကြမ်းဖက်စစ်ကောင်စီ၏ မော်တော်ယာဥ်တစ်စီးကို ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) ညနေ ၄နာရီခန့်က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာအကြမ်းဖက်
စစ်​ကောင်စီသား ၁၄ဦးသေဆုံးခဲ့​ကြောင်း အာဏာရှင်တော်လှန်ရေးပြည်သူ့တပ်မတော်( DRPA)ထုတ်ပြန်သည်။

မိုင်းဆွဲတိုက်ခိုက်မှုကို ဒေသခံ မဟူ PDFနှင့် DRPAတို့ပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်ဟု DRPAက ​ဖော်ပြထားသည်။

ထိုအပြင်ယနေ့ နံနက်ပိုင်းကလည်း ကနီမြို့နယ် ‌ချမ်းသာစုဘုရားကုန်းအနီး၌ အကြမ်းဖက်စစ်ကောင်စီအင်အား ၄၀ ကျော် နှင့် DRPA ၊ ကျောက်လုံးကြီးPDF၊ ဒေသခံ PDF ပူးပေါင်းအဖွဲ့တို့ဖြင့် ထိတွေ့တိုက်ပွဲဖြစ်ခဲ့သည်။

အကြမ်းဖက်စစ်ကောင်စီဘက်မှ လက်နက်ကြီးများဖြင့်သာမက လေကြောင်းဖြင့်ပါ လာရောက်ပစ်ခတ်၍ ပူးပေါင်းအဖွဲ့အထိအခိုက်မရှိပြန်ဆုတ်လာနိုင်သော်လည်း ဆိုင်ကယ်၁၀ စီးဆုံးရှုံးခဲ့ကြောင်း DRPA က အသိပေးသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့ (ဒီဇင်ဘာလ ၁၀ ရက်နေ့) မွန်းတည့်၁၂နာရီဝန်းကျင်ကလည်းကနီမြို့နယ်၊ဆယ်ရွာချောင်အနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်ကားများအား​စောင့်၍ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်‌ကောင်စီ ဘက်မှ ကား၂စီးပျက်စီးကာ တပ်ဖွဲ့ဝင် ၄၀ခန့် ထိခိုက်​သေဆုံးဒဏ်ရာရရှိခဲ့ကြောင်း DRPA က ပြောသည်။

ထိုအပြင် ယမန်​နေ့က ချင်းတွင်းမြစ်အတွင်းစစ်​ကောင်စီတပ်သ​ဘော်များကို ​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက​ရေမိုင်းခွဲ၍တိုက်ခိုက်ရာ စစ်​သ​ဘော်တစ်စီးမီး​လောင်ပျက်စီးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

Facebook