Connect with us

Hi, what are you looking for?

News

ရေစကြိုနယ်တွင် အကြမ်းဖက်စစ်တပ် ​ဒေသကာကွယ်​ရေးတပ်များနှင့် တိုက်ပွဲဖြစ်၊ စစ်​ကောင်စီတပ်သား ​ခြောက်ဦး​သေ

တိုက်ပွဲဖြစ်ပွားစဉ်တွင် စစ်ကောင်စီဘက်မှ လက်နက် ကြီး ၆၀(မမ) နှင့် ၄၀(မမ)တို့ အသုံးပြုပစ်ခတ်သည့် အချက်ရေပေါင်း ၁၅ ချက်ခန့်ဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် စနိုက်ပါများ အသုံးပြုကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ခဲ့သည်။

-ပြည်သူ့ကာကွယ်​ရေးတပ်မှ သုံးဦးကျဆုံး

ရေစကြိုမြို့နယ် ရွှေလှံကျေးရွာ၌ ယနေ့ (ဒီဇင်ဘာ ၁၁ ရက်) နံနက် ၁၁နာရီခွဲခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့်အပြန် အလှန်ပစ်ခတ်ကြရာ စစ်ကောင်စီတပ်သား​ခြောက်ဦးသေပြီး နှစ်ဦးမှာထိခိုက်ဒဏ်ရာရရှိခဲ့ ကြောင်း မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံ ရေးအဖွဲ့-CDSOMက ထုတ်ပြန်သည်။

ထို့အပြင် ယနေ့ နေ့လည် ၁ နာရီတွင် စစ်ကောင်စီတပ်က ရေစကြို မှ မြောင်မြို့နယ်သို့ စစ်ကြောင်းရွှေ့လာချိန်တိုက်ပွဲထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်သား နှစ်ဦး ထပ်မံသေဆုံးပြီး တစ်ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း CDSOMက ဆိုသည်။

တိုက်ပွဲဖြစ်ပွားစဉ်တွင် စစ်ကောင်စီဘက်မှ လက်နက် ကြီး ၆၀(မမ) နှင့် ၄၀(မမ)တို့ အသုံးပြုပစ်ခတ်သည့် အချက်ရေပေါင်း ၁၅ ချက်ခန့်ဖြင့် ထိုးစစ်ဆင်ခဲ့သည့်အပြင် စနိုက်ပါများ အသုံးပြုကာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်များအား တိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

ထို့ကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ CDSOM မှ တပ်ဖွဲ့ဝင်သုံးဦးမှာ အကြမ်းဖက်စစ်ကောင်စီ၏ ဖမ်းဆီးခြင်းခံရပြီး ဦးခေါင်းသို့လက်နက်ဖြင့် တေ့ပစ်ခံရပြီး ကျဆုံးသွားခဲ့ပြီး တပ်ဖွဲ့ဝင်သုံးဦးမှာလည်း ဒဏ်ရာများ ရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယနေ့ မဟာမိတ်ပူးပေါင်းစစ်ဆင်ရေးကို ပြည်သူ့တပ်မ တော်(မြောင်)-MUA၊မြောင်မြို့နယ်ပြည်သူ့ကာကွယ်ရေးနှင့်လုံခြုံရေးအဖွဲ့-CDSOM၊ PDF-Taloke ၊ နှလုံးလှလူမိုက်ကြီများအဖွဲ့၊ Burmese Guerrilla Force –BGF၊ MGN TIGER၊ MGN RAINGER ၊ ဗိုလ်တောက်ထွန်းအဖွဲ့၊ မြင်းမူလျှပ်စီးပြောက်ကျားအဖွဲ့ နှင့် 11 Brothers Revolution Forces တို့နှင့် အတူ ပူးပေါင်းတိုက်ပွဲဝင်ခဲ့ကြသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook