Connect with us

Hi, what are you looking for?

News

ဒီးမော့ဆိုနှင့် ဖရူဆိုမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီတပ်မှ အနည်းဆုံးလေးဦးသေ

ဒီဇင်ဘာ ၁၂ရက်တွင် ဒီးမော့ဆို ထူလွီးဘီလာကျေးရွာ ခြေတော်ရာ ဘုရားတောင်အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက််စစ်ကောင်စီတပ်များကို ကရင်နီ တပ်မတော် (KA)နှင့် KNDFတို့က ခုခံတိုက်ခိုက်ခဲ့၍ ၄နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ်နှင့် ဖရူဆိုမြို့နယ်တို့တွင် ကရင်နီလက်နက်ကိုင်ပူးပေါင်းတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ အနည်းဆုံး ​လေးဦးသေဆုံးခဲ့သည်ဟု ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၁၂ရက်တွင် ဒီးမော့ဆို ထူလွီးဘီလာကျေးရွာ ခြေတော်ရာ ဘုရားတောင်အနီးတွင် စစ်ကြောင်းထိုးလာသော အကြမ်းဖက််စစ်ကောင်စီတပ်များကို ကရင်နီ တပ်မတော် (KA)နှင့် KNDFတို့က ခုခံတိုက်ခိုက်ခဲ့၍ ၄နာရီကျော်ကြာ တိုက်ပွဲဖြစ်ခဲ့သည်ဟု ဆိုသည်။

တိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ တပ်ဖက်မှ ထိခိုက်ကျဆုံးမှုရှိနိုင်ပြီး ကရင်နီပူးပေါင်းတပ်မှ ထိခိုက်မှုတစ်စုံတစ်ရာမရှိဘဲ တိုက်ပွဲဖြစ်ပွားရာ နေရာမှတပ်ဆုတ် နိုင်ခဲ့ကြောင်း ဖော်ပြသည်။

ယမန်နေ့(ဒီဇင်ဘာ ၁၁ရက်)ညပိုင်းကလည်း ဖရူဆိုမြို့နယ်အခြေအစိုက် (ခမရ-၄၂၈)တပ်ရင်းကို KAနှင့် KNDF ပူးပေါင်းအဖွဲ့မှ ရှောင်တခင် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ၄၅မိနစ်ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်မှ ​လေးဦးသေ၊ ငါးဦး ဒဏ်ရာရခဲ့သည်ဟု ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ဖရှုဆိုမြို့နယ် ရဲစခန်းအတွင်း နှစ်ဖက်အပြန် အလှန်ပစ်ခတ်မှုများ ဖြစ်ပွားခဲ့ကြောင်းလည်း ဖော်ပြထားသည်။

ဒီဇင်ဘာ ၉ရက်ကလည်း ဒီးမော့ဆိုမြို့နယ် ဒေါတမငယ် ရပ်ကွက်အနီးတွင် မိနစ် ၃၀ကြာ တိုက်ပွဲဖြစ်ခဲ့ပြီး ယင်းနေ့ ညနေပိုင်းတွင်လည်း ထူလွီးဘီလာနှင့် ငွေတောင်ရွာသစ်အကြားတွင် အပြန်အလှန်ပစ်ခတ်မှုများရှိခဲ့သည်ဟု ဆိုသည်။

ဒီးမော့ဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်များမှ နေ့စဥ်စစ်ကြောင်းထိုးခြင်းကြောင့် တိုက်ပွဲများမကြာခန ဖြစ်ပွားလျက်ရှိ၍ ပြည်သူများမှ တိုက်ပွဲဖြစ်ပွားရာနေရာများသို့ ခရီးသွားလာခြင်း၊ ရပ်ကွက်အတွင်းသို့ ပြန်လာခြင်းများ မပြုကြရန် KNDFက အသိပေးထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ရောက်နေချိန်မှာ စစ်တပ်က ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်က စစ်ဘေးရှောင်စခန်းတစ်ခုကို လေကြောင်းကနေ ဗုံးဆက်တိုက်ကြဲနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ