Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်​တော်လှန်​ရေးတွင် မွတ်ဆလင်လူထုအတွင်းမှ လူကြီး၊ လူငယ်၊ ကျား၊မ မ​ရွေး ဥာဏ၊ ကာယအား၊ ​ငွေး​ကြေးတို့ဖြင့် ယခုထက်ပိုပါဝင်ကြရန် MMMCC တိုက်တွန်း

စစ်အာဏာသိမ်းသည့်​နေ့မှ ယနေ့(ဒီဇင်ဘာ ၁၄ ရက်) အထိ နွေဦးတော်လှန်ရေးအတွင်း တစ်နိုင်ငံလုံးကျဆုံးသူစုစုပေါင်း ၁,၃၀၀ ကျော်အနက် မွတ်စလင်လူမျိုး ကျဆုံးသူ ၅၅ ဦးအနေဖြင့် ၄ ဒသမ ၂ ရာခိုင်နှုန်းကျော်ရှိကြောင်း MMMCC က ဆိုသည်။

People's Spring
People's Spring

စစ်အာဏာရှင်တော်လှန်ရေးတွင် လူငယ်များ အများဆုံးပါဝင်နေပြီး ကျဆုံးသူ အများစုသည်လည်း လူငယ်များဖြစ်နေသည်ကို တွေ့ရ၍ မွတ်စလင်လူထုအတွင်းမှ လူကြီး ၊လူငယ် ၊ အမျ်ုးသား၊ အမျိုးသမီး အားလုံးအနေဖြင့် ဥာဏအား၊ကာယအားနှင့် ငွေကြေးဓနအားများဖြင့် ယခုထက်ပို၍ တော်လှန်ရေးအတွင်း ပါဝင်လာကြရန် မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိူးစုများအတိုင် ပင်ခံကော်မတီ(MMMCC)က ယနေ့ ထုတ်ပြန်သည်။

စစ်အာဏာသိမ်းသည့်​နေ့မှ ယနေ့(ဒီဇင်ဘာ ၁၄ ရက်) အထိ နွေဦးတော်လှန်ရေးအတွင်း တစ်နိုင်ငံလုံးကျဆုံးသူစုစုပေါင်း ၁,၃၀၀ ကျော်အနက် မွတ်စလင်လူမျိုး ကျဆုံးသူ ၅၅ ဦးအနေဖြင့် ၄ ဒသမ ၂ ရာခိုင်နှုန်းကျော်ရှိကြောင်း MMMCC က ဆိုသည်။

ထိုအချိုးအစားမှာ ၂၀၁၄ သန်းခေါင်စာရင်းအရ မြန်မာနိုင်ငံလူဦးရေစုစုပေါင်း ၄၅ သန်းတွင်ပါဝင်သော မွတ်စလင် ၄ ဒသမ ၃ ရာခိုင် နှုန်းနှင့် နှိုင်းယှဥ်လျှင်နွေဦတော်လှန်ရေးတွင် ကျဆုံးသူ မွတ်စလင်ဦးရေမှာ တိုက်ရိုက်အချိုးကျနေသည်ကို တွေ့ရသည်။

ဒီဇင်ဘာ ၇ ရက်ကလည်း ကရင်အမျိူးသားအစည်းအရုံး တပ်မဟာ (၅) နယ်မြေအတွင်း စစ်ကောင်စီနှင့် တော်လှန်ရေးအင်အားစုများအကြား ဖြစ်ပွားခဲ့သော တိုက်ပွဲအတွင်း ကိုကောင်းထက်စိုး(ခ) မိုဟာမက်အလီ(ခ) ရဲဘော်ရမ်ချိူ ကျဆုံးခဲ့သည်။

Public Service Announcement

Public Service Announcement

လူဦးရေအချိုးအရ မွတ်စလင်ပါဝင်မှုမှာ မျှတသော် လည်းတော်လှန်ရေးအတွင်း လူငယ်ပါဝင်မှုများသာအများဆုံးဖြစ်နေပြီး ကျဆုံးသူ အများစုသည်လည်း လူငယ်များဖြစ်နေသည်ကို တွေ့ရသည်။ သို့ဖြစ်၍ မွတ်စလင်လူထုအတွင်းမှ လူကြီး၊လူငယ် ၊ကျား ၊ မ အားလုံးအနေဖြင့်ဉာဏအား၊ ကာယအားနှင့် ငွေကြေး ဓနအားများဖြင့် ယခုထက်ပို၍တော်လှန်ရေးအတွင်း ပါဝင်လာရန် MMMCCက တိုက်တွန်းသည်။

ခေတ်အဆက်ဆက် စစ်အာဏာရှင်များလက် ထက်တွင် လူမျိူးစုများသည်ပို၍ ဖိနှိပ်ခံခဲ့ရပြီး မွတ်စလင်များအနေဖြင့်လည်း ဘာသာရေးအဓိကရုန်းများကဲ့သို့ ပြင်းထန်ကြမ်းတမ်းသောအကြမ်းဖက်ခံရမှုများမှသည် ကျောင်းစာသင်ခန်း၊ လဝကရုံး၊ နိုင်ငံကူးလက်မှတ်ရုံးများနှင့် လမ်းပေါ်အထိ နေရာလွတ်မကျန် ခွဲခြားဆက်ဆံမှုများ ဖန်တီး၍ ဖိနှိပ်ခံခဲ့ရသည်ဟု အသိပေးသည်။

ထို့ကြောင့် ယခုကဲ့သို့ စစ်အာဏာရှင်စနစ်အား လူထုတရပ်လုံးမှ ဝိုင်းဝန်းဆန့်ကျင်နေချိန်တွင် အဘက်ဘက်မှ ဖိနှိပ်ခံခဲ့ရသော မိမိတို့အနေဖြင့်လည်း တော်လှန်ရေးအတွင်း အားစိုက်ပါဝင်၍ ဗမာလူမျိူးကြီးဝါဒနှင့် အစွန်းရောက်အမျိူးသားရေးဝါဒကို မျိူးစေ့ချခဲ့သော စစ်တပ်အား တွန်းလှန်သွားရန် MMMCC က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ်ဖျက်သိမ်းပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်နိုင်ရေးအတွက် ညီညွတ်စွာလုပ်ဆောင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ယာယီသမ္မတ ဒူဝါလရှီးလ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်နဲ့ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ချင်းအမျိုးသားတပ်ဦး(CNF) နဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ(KNPP) ခေါင်းဆောင်တွေက ပြောကြားပါတယ်။

သတင်း

ပြည်သူတွေ၊ လူငယ်​တွေနဲ့ ​တော်လှန်​ရေးကိုလမ်းမှား​ရောက်​စေမှာ မဟုတ်ပဲ ​တော်လှန်​ရေးရန်ပုံ​ငွေ ဘယ်​လောက်ခက်ခက် မူးယစ်​ဆေးဝါးနဲ့ အလုပ် လုပ်မှာမဟုတ်ဘူးလို့အမျိုးသားညီညွတ်​ရေးအစိုးရ (NUG)ဝန်ကြီးချုပ်ရုံး၊ပြည်​ထောင်စုဝန်ကြီး ​ဒေါက် တာ​ဇော်​ဝေစိုးက ​NUGဖမ်းဆီးမိတဲ့မူးယစ်​ဆေးဝါး​တွေကိုဖျက်ဆီးတဲ့ပွဲမှာပြောကြားပါတယ် ။

ဆောင်းပါး

စစ်အာဏာရှင်အလိုကျ လူထောင်ပေါင်းများစွာကို မတရားအမိန့်တွေချနေတဲ့ တရားသူကြီးတွေဟာ တရားခွင်ထဲက ကျမ်းပြန်စူးမှာကို ထိတ်လန့်တုန်လှုပ်နေကြပါပြီ။သူတို့ကိုယ်သူတို့ တစ္ဆေတကောင်လို ပြန်ပြီးခြောက်လှန့်နေကြတဲ့အဖြစ်ကို နေပြည်တော်မှာ ၂၀၂၆ခုနှစ်၊ဇန်နဝါရီလ ၅ရက်နေ့က ပြုလုပ်ခဲ့တဲ့အစည်းအဝေး‌က ထင်ထင်ရှားရှားသက်သေခံလိုက်တာပါ။

သတင်း

ကရင်နီပြည်နယ်မှာတော်လှန်ရေးတပ်ဖွဲ့​တွေနဲ့လူထုတစ်သားတည်းရှိနေတဲ့အကြောင်းပြသဖို့အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ ကရင်နီအမျိုးသားကာကွယ်ရေးတပ် KNDF တပ်ရင်း (၄)က ဒီဇင်ဘာ ၃ ရက်​နေ့မှာထုတ်ပြန်ပါတယ်။