Connect with us

Hi, what are you looking for?

News

ကနီ​ဒေသကာကွယ်ရေးတပ်များက စစ်ရေယာဥ်တန်းကို ဆက်လက်တိုက်ခိုက်၊ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေ

“အကြမ်းဖက်စစ်သားတွေက ကနီကနေစထွက်တော့ ရေကြောင်း၊ ကုန်းကြောင်းဆိုပီး စထွက်တာ။ ကုန်းကြောင်းဆိုတာကလည်း မြစ်ကြောင်း တစ်လျှောက် မြှောင်​​ပြီးလိုက်လာတဲ့ အနေအထား”ဟု KLGPDF (Kani)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ချင်းတွင်းမြစ်ဖျားမှ ကျောက်စိမ်းများတင်ဆောင်လာသည်ဟုယူဆရသည့် စစ်ကောင်စီ၏ ရေယာဥ်တန်းအား ဒေသကာကွယ်ရေးတပ်များပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်နေကြောင်း KLGPDF(Kani)က ယနေ့ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၆)နံနက် ၆နာရီခန့် ကနီမြို့မှထွက်လာသော ​​ရေယာဥ်တန်းကို ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ကုန်းကြောင်းရော ရေ​ကြောင်းပါ စစ်ကောင်စီတပ်များနှင့် လမ်းပြအဖြစ် ပျူစောထီးများပါ လိုက်ပါလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အကြမ်းဖက်စစ်သားတွေက ကနီကနေစထွက်တော့ ရေကြောင်း၊ ကုန်းကြောင်းဆိုပီး စထွက်တာ။ ကုန်းကြောင်းဆိုတာကလည်း မြစ်ကြောင်း တစ်လျှောက် မြှောင်​​ပြီးလိုက်လာတဲ့ အနေအထား”ဟု KLGPDF (Kani)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ဘေးတစ်လျှောက်ရှိ ​​ကျေးရွာများသို့ စစ်ကောင်စီတပ်နှင့် ပျူ​​စော​ထီးများက ကုန်းကြောင်းဖြင့် နယ်မြေရှင်းလင်းရေးဆိုကာ ရေယာဥ်တန်း၏ရှေ့မှ ကြိုထွက်ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေယာဥ်တန်းဆက်လက်မထွက်ခွာနိုင်ရေး ဒေသကာကွယ်ရေးတက်များပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို မြစ်ကြောင်းတစ်လျှောက် လိုက်လံတိုက်ခိုက်လျှက်ရှိရာ ယနေ့ညနေပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။

လက်ရှိအခြေအနေတွင် အဆိုပါစစ်ရေယာဥ်တန်းသည် ကနီမြို့နှင့် (၇)မိုင်ခန့်ဝေးသည့် မုဋ္ဌောကျေးရွာအလွန်သို့ရောက်ရှိနေပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။

“တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည့်အတွက် အထိအခိုက်အကျအဆုံးစာရင်းများကို အသေးစိတ် မသိရသေးပါ” ဟု KLGPDF(Kani) က အသိပေးထားသည်။

ချင်းတွင်းမြစ်ဖျားမှထွက်ခွာလာသော ယာဥ် ၁၁ပါ စစ်ကောင်စီရေယာဥ်တန်းအား KLG PDF ၊ MPDF ၊ M&K The Boys ၊ Golden Triangle Forces ၊ DRPA ၊ CHUPDF ၊ Daung Ni PDF စသည့်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျှက်ရှိရာ ရေယာဥ်နစ်မြုပ်ခြင်း၊ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးခြင်းနှင့် ရေယာဥ်မီးလောင်ခြင်းတို့ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။