Connect with us

Hi, what are you looking for?

LuduNwayOo

News

ကနီ​ဒေသကာကွယ်ရေးတပ်များက စစ်ရေယာဥ်တန်းကို ဆက်လက်တိုက်ခိုက်၊ ထိတွေ့တိုက်ပွဲများ ပြင်းထန်နေ

“အကြမ်းဖက်စစ်သားတွေက ကနီကနေစထွက်တော့ ရေကြောင်း၊ ကုန်းကြောင်းဆိုပီး စထွက်တာ။ ကုန်းကြောင်းဆိုတာကလည်း မြစ်ကြောင်း တစ်လျှောက် မြှောင်​​ပြီးလိုက်လာတဲ့ အနေအထား”ဟု KLGPDF (Kani)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

(ပုံအ​ဟောင်းကို အသုံးပြုထားပါသည်)

ချင်းတွင်းမြစ်ဖျားမှ ကျောက်စိမ်းများတင်ဆောင်လာသည်ဟုယူဆရသည့် စစ်ကောင်စီ၏ ရေယာဥ်တန်းအား ဒေသကာကွယ်ရေးတပ်များပူးပေါင်းပြီး ဆက်လက်တိုက်ခိုက်နေကြောင်း KLGPDF(Kani)က ယနေ့ထုတ်ပြန်သည်။

ယနေ့(ဒီဇင်ဘာ ၁၆)နံနက် ၆နာရီခန့် ကနီမြို့မှထွက်လာသော ​​ရေယာဥ်တန်းကို ချင်းတွင်းမြစ်ကြောင်း တစ်လျှောက် ကုန်းကြောင်းရော ရေ​ကြောင်းပါ စစ်ကောင်စီတပ်များနှင့် လမ်းပြအဖြစ် ပျူစောထီးများပါ လိုက်ပါလာသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အကြမ်းဖက်စစ်သားတွေက ကနီကနေစထွက်တော့ ရေကြောင်း၊ ကုန်းကြောင်းဆိုပီး စထွက်တာ။ ကုန်းကြောင်းဆိုတာကလည်း မြစ်ကြောင်း တစ်လျှောက် မြှောင်​​ပြီးလိုက်လာတဲ့ အနေအထား”ဟု KLGPDF (Kani)မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မြစ်ဘေးတစ်လျှောက်ရှိ ​​ကျေးရွာများသို့ စစ်ကောင်စီတပ်နှင့် ပျူ​​စော​ထီးများက ကုန်းကြောင်းဖြင့် နယ်မြေရှင်းလင်းရေးဆိုကာ ရေယာဥ်တန်း၏ရှေ့မှ ကြိုထွက်ခြင်းဖြစ်ကြောင်း အထက်ပါတာဝန်ရှိသူက ဆက်ပြောသည်။

Public Service Announcement

Public Service Announcement

စစ်ရေယာဥ်တန်းဆက်လက်မထွက်ခွာနိုင်ရေး ဒေသကာကွယ်ရေးတက်များပူးပေါင်း၍ ပစ်ခတ်တိုက်ခိုက်ခြင်းများကို မြစ်ကြောင်းတစ်လျှောက် လိုက်လံတိုက်ခိုက်လျှက်ရှိရာ ယနေ့ညနေပိုင်းတွင် တိုက်ပွဲပိုမိုပြင်းထန်လာကြောင်း ဒေသကာကွယ်ရေးတပ်များက ပြောသည်။

လက်ရှိအခြေအနေတွင် အဆိုပါစစ်ရေယာဥ်တန်းသည် ကနီမြို့နှင့် (၇)မိုင်ခန့်ဝေးသည့် မုဋ္ဌောကျေးရွာအလွန်သို့ရောက်ရှိနေပြီး ပစ်ခတ်တိုက်ခိုက်မှုများ ဆက်ရှိနေသည်ဟု ၎င်းတို့က ဆိုသည်။

“တိုက်ပွဲများ ပြင်းထန်လျှက်ရှိသည့်အတွက် အထိအခိုက်အကျအဆုံးစာရင်းများကို အသေးစိတ် မသိရသေးပါ” ဟု KLGPDF(Kani) က အသိပေးထားသည်။

ချင်းတွင်းမြစ်ဖျားမှထွက်ခွာလာသော ယာဥ် ၁၁ပါ စစ်ကောင်စီရေယာဥ်တန်းအား KLG PDF ၊ MPDF ၊ M&K The Boys ၊ Golden Triangle Forces ၊ DRPA ၊ CHUPDF ၊ Daung Ni PDF စသည့်မဟာမိတ်အဖွဲ့များက ပူးပေါင်းတိုက်ခိုက်လျှက်ရှိရာ ရေယာဥ်နစ်မြုပ်ခြင်း၊ စစ်ကောင်စီတပ်များ ထိခိုက်သေဆုံးခြင်းနှင့် ရေယာဥ်မီးလောင်ခြင်းတို့ ရှိခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အနောက်မြောက်တိုင်းစစ်ဌာနချုပ်ဝင်းအတွင်းကို ဧပြီလ ၂၄ရက် ည ၇နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တိုက်ပွဲဖြစ်ပွားမှုကြောင်း သရက်ကုန်းရွာပြည်သူများ ဘေးလွတ်ရာတိမ်းရှောင်နေရပြီး ထိခိုက်မှုရှိသည်ဟု နောင်ချိုဒေသခံများက ပြောသည်။