Connect with us

Hi, what are you looking for?

News

ခရမ်းမြို့ ဘုရားပျိုရဲစခန်းနှင့် အားကာရုံ ပစ်ခတ်မှု စစ်ကောင်စီဘက်မှ သုံးဦးသေ၊ရှစ်ဦးဒဏ်ရာရဟုဆို

လက်ရှိအ​ခြေအနေတွင် စစ်ကောင်စီတပ်များက ယနေ့(ဒီဇင်ဘာ ၁၇)နံနက်ပိုင်းမှစတင်ပြီး ခရမ်းမြို့သို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးတင်းကြပ်ထားသည်။

ခရမ်းမြို့နယ် ဘုရားပျိုရဲစခန်းနှင့် မြို့နယ်အားကစားရုံပစ်ခတ်ခံရမှုများတွင် စစ်ကောင်စီဘက်မှ သေဆုံးဒဏ်ရာရစာရင်းများ ထွက်ပေါ်လာကြောင်း ဒေသခံများက ပြောသည်။

အဆိုပါ ထွက်ပေါ်နေသည့်စာရင်းအရ ဘုရားပျိုရဲစခန်းပစ်ခတ်ခံရမှုတွင် စစ်ကောင်စီဘက်မှ နှစ်ဦးသေဆုံးကာ သုံးဦးဒဏ်ရာရရှိပြီး ဒဏ်ရာရသူများအနက် ဗိုလ်အဆင့်ရှိသူတစ်ဦး ဒဏ်ရာပြင်းထန်ကြောင်း သိရသည်။

ထို့အပြင် ခရမ်းမြို့ပေါ် အားကစားရုံ၌ တပ်စွဲထားသော စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရမှုတွင် တစ်ဦးသေဆုံးပြီး ငါးဦးဒဏ်ရာရကာ ဒဏ်ရာရသူများအနက် နှစ်ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ဒေသခံများအကြား သတင်းပြန့်နှံ့လျှက်ရှိသည်။

အထက်ပါ တိုက်ခိုက်မှုဖြစ်စဥ်များအတွင်း ပြည်သူ့ကာကွယ်ရေးတပ်များဘက်မှ အထိအခိုက်အကျအဆုံးမရှိခဲ့ဟု ၎င်းတို့နှင့်နီးစပ်သူများထံမှ စုံစမ်းသိရသည်။

Public Service Announcement

Public Service Announcement

ယမန်နေ့(ဒီဇင်ဘာ ၁၆)ည ၇ နာရီခွဲ ဘုရားပျိုရဲစခန်းတိုက်ခိုက်ခံရမှုနှင့် ခရမ်းမြို့ အားကစားရုံပစ်ခတ်တိုက်ခိုက်မှုဖြစ်စဥ်များ ဖြစ်ပွားပြီးနောက် ဘုရားပျိုကျေးရွာနှင့် ခရမ်းမြို့ပေါ်ရပ်ကွက်များမှ ပြည်သူ ၁၀ဦးခန့် စစ်ကောင်စီတပ်များ၏ ဖမ်းဆီးခြင်းခံခဲ့ရသည်။

လက်ရှိအ​ခြေအနေတွင် စစ်ကောင်စီတပ်များက ယနေ့(ဒီဇင်ဘာ ၁၇)နံနက်ပိုင်းမှစတင်ပြီး ခရမ်းမြို့သို့အဝင်အထွက်ဂိတ်များတွင် လုံခြုံရေးတင်းကြပ်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊တောင်ဥက္ကလာပမြို့နယ်မှာ အမျိူသမီး ၁ဦး ဓာတ်လိုက်သေဆုံးမှုဖြစ်ခဲ့တယ်လို့ သွားရောက်ကူညီပေးခဲ့တဲ့ မေတ္တာသီတာရေစင်လူမှုကူညီရေးအသင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယား ပြည်နယ်မှာ အမုန်းတရားကို အခြေခံတယ်လို့ ယုံကြည်ရတဲ့ တိုက်ခိုက်မှုအတွင်း လူ ၃ ဦး သေဆုံးခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ဟားခါးမြို့နယ် အခြေစိုက် ချင်းဒေသကာကွယ်ရေးတပ်(CDF)-ဟားခါး တပ်ဖွဲ့တွင်း ဦးဆောင်သူအချင်းချင်း ပစ်ခတ်မှုမှာ အဖွဲ့ ဒုဥက္ကဋ္ဌဟောင်း ဆလိုင်းဆန်းလင်းကွယ်လွန်သွားခဲ့ပါတယ်။

သတင်း

မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့ရဲစခန်းအနီး တိုက်ခိုက်မှုအတွင်း အမှတ်(၁၀၆)ခြေလျင်တပ်ရင်းရဲ့ ဒုတပ်ရင်းမှူး သေဆုံးခဲ့တယ်လို့ ရေးဘီလူးတပ်ဖွဲ့ခေါင်းဆောင်က ပြောပါတယ်။