Connect with us

Hi, what are you looking for?

News

လွိုင်ကော်မြို့နယ် တိုက်ပွဲကျဆုံးခဲ့သည့် ကရင်နီတပ် အရာရှိငယ်တစ်ဦး၏ ဈာပန

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် KAအရာရှိ၏ ဈာပနအခမ်း အနားကို ယနေ့ ပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်အများအပြား လိုက်ပါပို့ဆောင်ကြသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ကရင်နီတပ်မတော်(KA)၏ အရာရှိငယ် တစ်ဦး၏ ဈာပနကို ယနေ့(ဒီဇင်ဘာ ၁၈ရက်)တွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်က လွိုင်ကော်မြို့နယ် လွိုင်လင်လေးဒေသ သို့စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ခုခံတိုက်ခိုက်ခဲ့ရာ KA မှ ဗိုလ်မိုးစက် ဆိုသည့် အရာရှိတစ်ဦး ကျဆုံးခဲ့သည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှလည်း သုံးဦးသေဆုံးကာ ​လေးဦးဒဏ်ရာရခဲ့သည်။

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် KAအရာရှိ၏ ဈာပနအခမ်း အနားကို ယနေ့ ပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်အများအပြား လိုက်ပါပို့ဆောင်ကြသည်ကို တွေ့ရသည်။

“ဗိုလ်လေး တာဝန်ကျေခဲ့ပြီကျွန်တော်တို့ ဗိုလ်လေးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကတိပြုပါသည်။ ဗိုလ်လေးကောင်းရာ သုဂတိလားပါစေ”ဟု KNDF လွိုင်ကော်ဇုန်က ဗိုလ်မိုးစက် ကျဆုံးမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။