Connect with us

Hi, what are you looking for?

LuduNwayOo

News

လွိုင်ကော်မြို့နယ် တိုက်ပွဲကျဆုံးခဲ့သည့် ကရင်နီတပ် အရာရှိငယ်တစ်ဦး၏ ဈာပန

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် KAအရာရှိ၏ ဈာပနအခမ်း အနားကို ယနေ့ ပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်အများအပြား လိုက်ပါပို့ဆောင်ကြသည်ကို တွေ့ရသည်။

အာဏာသိမ်းစစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်ရင်း ကျဆုံးခဲ့သည့် ကရင်နီတပ်မတော်(KA)၏ အရာရှိငယ် တစ်ဦး၏ ဈာပနကို ယနေ့(ဒီဇင်ဘာ ၁၈ရက်)တွင် ပြုလုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၆ရက်က လွိုင်ကော်မြို့နယ် လွိုင်လင်လေးဒေသ သို့စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို KAနှင့် ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF) တို့ ခုခံတိုက်ခိုက်ခဲ့ရာ KA မှ ဗိုလ်မိုးစက် ဆိုသည့် အရာရှိတစ်ဦး ကျဆုံးခဲ့သည်။ အဆိုပါတိုက်ပွဲ၌ စစ်ကောင်စီတပ်မှလည်း သုံးဦးသေဆုံးကာ ​လေးဦးဒဏ်ရာရခဲ့သည်။

တိုက်ပွဲ၌ ကျဆုံးခဲ့သည့် KAအရာရှိ၏ ဈာပနအခမ်း အနားကို ယနေ့ ပြုလုပ်ခဲ့ရာ တပ်ဖွဲ့ဝင်အများအပြား လိုက်ပါပို့ဆောင်ကြသည်ကို တွေ့ရသည်။

“ဗိုလ်လေး တာဝန်ကျေခဲ့ပြီကျွန်တော်တို့ ဗိုလ်လေးလိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို တည်ထောင်နိုင်တဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားဖို့ ကတိပြုပါသည်။ ဗိုလ်လေးကောင်းရာ သုဂတိလားပါစေ”ဟု KNDF လွိုင်ကော်ဇုန်က ဗိုလ်မိုးစက် ကျဆုံးမှုနှင့်ပတ်သက်ပြီး ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။

သတင်း

အဆိုပါ သံချပ်ကာ မှာ ရုရှားလုပ် ကင်းထောက်သံချပ်ကာBRDM 2 အမျိုးအစားဖြစ်ပြီး ၂၀၂၁ မတ် ၂၇ စစ်ရေးပြပွဲတွင် စစ်​ကောင်စီက ပြသခဲ့ဖူးသည်။ စစ်​ကောင်စီက ရုရှားထံမှ BRDM2 သံချပ်ကာယာဥ် ၃၃ စီးဝယ်ယူထား​ကြောင်းသိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။