Connect with us

Hi, what are you looking for?

News

CRPHအစီအစဥ်ဖြင့် CDMဝန်ထမ်းများအား မီးဖွားစရိတ် ထောက်ပံ့မည်

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မီးဖွားစရိတ် ထောက်ပံ့ကူညီပေးမည့် အသိပေးချက်ကို ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကဒီဇင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်ခြင်းသည်။

People's Spring
People's Spring

CRPH၏ အစီအစဥ်ဖြင့် ဂန့်ဂေါမြို့နယ်အတွင်း CDMဝန်ထမ်းများကို သတ်မှတ်စည်းကမ်းအတိုင်း မီးဖွားစရိတ် ထောက်ပံ့ကူညီပေးမည်‌​ဖြစ်၍ မီးဖွားစရိတ်လျှောက်ထားနိုင်ကြောင်း ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ က သတင်းထုတ်ပြန်သည်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ-CRPH ၏ စီစဉ်ဆောင်ရွက်ပေးမှုဖြင့် မီးဖွားစရိတ် ထောက်ပံ့ကူညီပေးမည့် အသိပေးချက်ကို ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ကဒီဇင်ဘာ ၁၆ ရက်တွင်ထုတ်ပြန်ခြင်းသည်။

အဆိုပါ မီးဖွားစရိတ်ကို လက်ရှိကိုယ်ဝန်ဆောင် အမျိုးသမီး CDMဝန်ထမ်းများနှင့် CDMလုပ်ဆောင်ပြီးကာလ မီးဖွားထားသူများ လျှောက်ထားနိုင်သည်ဟု ကြေငြာထားသည်။

မီးဖွားစရိတ်လျှောက်ထားသူများသည်
၁။ အမည်
၂။ ရာထူး/ဌာန
၃။ တာဝန်ကျရာ ဒေသ
၄။ CDMစဝင်သည့်ရက်စွဲ
၅။ KBZPayနံပါတ်နှင့်အမည်
၆။ ကိုယ်ဝန်ဆောင်(သို့) မီးဖွားပြီးဖြစ်ကြောင်း ဆေးလက်မှတ်ကို”ဂန့်ဂေါမြို့နယ်-ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့” Facebookစာမျက်၏ Message Boxမှတဆင့် အမြန်ဆုံး လျှောက်ထားရန် တိုက်တွန်းထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ကိုယ်စားလှယ်အဖွဲ့ နဲ့ ထိုင်းလွှတ်တော်ကိုယ်စားလှယ်တွေဟာ ဩဂုတ် ၁၄ရက်မှာ ထိုင်းနိုင်ငံ ဘန်ကောက်မြို့ရှိ အောက်လွှတ်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ CRPH က ထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်စနစ် ခိုင်မြဲကြာရှည်စေရေး ပူးပေါင်းကူညီသူတွေ ချက်ချင်းရပ်တန့်ကြဖို့ KIO ဥက္ကဋ္ဌသတိပေး

သတင်း

တော်လှန်ရေးအင်အားစုများရဲ့ဘုံနိုင်ငံရေးသဘောတူညီချက် (ပထမမူကြမ်း)ကို သဘောတူအတည်ပြုကြောင်း သဘောတူညီချက်မှာ ပါဝင်တဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေက ဒီကနေ့ ဇူလိုင် ၃၀ရက်မှာ အသိပေးထုတ်ပြန်ပါတယ်။

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)နဲ့ အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု(CDM) နိုင်ငံ့ဝန်ထမ်းတွေ ဆွေးနွေးပွဲကို ဇူလိုင် ၁၂ရက်က ကျင်းပခဲ့ကြောင်း SCEFနဲ့ CDM အ ဖွဲ့အစည်းတွေက အသိပေးထုတ်ပြန်ပါတယ်။

Facebook