Connect with us

Hi, what are you looking for?

News

ပု​လောတွင် ​ဒေသကာကွယ်​ရေးတပ်များနှင့် စစ်​ကောင်စီ၊ ပျူ​စောထီးပူး​ပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်၊ ပျူ​စောထီးများ ထွက်​ပြေး

ဒီဇင်ဘာ ၁၈ ရက် နံနက် ၆ နာရီ မှ ၈နာရီခန့်အထိ နှစ်နာရီကြာတိုက်ပွဲသည် ပုလောကုန်းရွာသို့ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်သားများ စစ်ထိုးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

People's Spring
People's Spring

တနင်္သာရီတိုင်း ပုလောမြို့နယ်ရှိ ပုလောပြည်သူ့ကာ ကွယ်ရေးတပ်မတော်(PDF)၊ PRDFအဖွဲ့ နှင့် အကြမ်းဖက်စစ်ကောင်စီ၊ပျူစောထီးပူးပေါင်း အဖွဲ့များနှင့် တိုက်ပွဲဖြစ်ရာ ပျူစောထီးများ ထွက်ပြေးခဲ့ကြောင်း ပုလော PDF မှ တာဝန်ရှိသူတစ်ဦးက လူထုနွေဦးသို့ ပြောသည်။

ဒီဇင်ဘာ ၁၈ ရက် နံနက် ၆ နာရီ မှ ၈နာရီခန့်အထိ နှစ်နာရီကြာတိုက်ပွဲသည် ပုလောကုန်းရွာသို့ ပျူစောထီးအဖွဲ့နှင့် စစ်ကောင်စီတပ်သားများ စစ်ထိုးရာမှ စတင်ခဲ့ခြင်းဖြစ်သည်။

“ပျူစောထီးတွေကို အသေခံခိုင်းပြီး ရှေ့တန်းကနေ တက်ခိုင်းတာ။စစ်တပ်က နောက်မှာနေတယ်။ ကျွန်တော် တို့လည်း ပျူတွေကို အရင်ရှင်းရတယ်။ဒါပေမယ့် ဒီကောင်တွေဘက်က ဒဏ်ရာရတဲ့သူများတော့ ထွက်ပြေးလို့ တိုက်ပွဲရပ်သွားတာ”ဟု အထက်ပါတာဝန်ရှိသူက ပြောသည်။

ယနေ့ တိုက်ပွဲ၌ ပျူစောထီးများသေဆုံး၊ဒဏ်ရာရရှိမှုကို အတည်မပြုနိုင်သေးသော်လည်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရရှိသူမရှိကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီသည် KNU တပ်မဟာ(၄)နယ်မြေ ရှိ ပု​လောမြို့နယ်သို့ နိုဝင်ဘာနှင့် ဒီဇင်ဘာ လအတွင်း နှစ်ကြိမ်တိုင်း ထိုးစစ်စခဲ့သော်လည်း သေဆုံးမှုများဖြင့် တပ်ပြန်ရုပ်ခဲ့သည်။

ဒီဇင်ဘာ ၁၁ ရက်က စစ်ကောင်စီ၏ ပုလောမြို့နယ် ဒူးရင်းပင်ရှောင်ရွာတိုက်ပွဲ၌ အကြမ်းဖက်စစ်ကောင်စီတပ်သားသုံးဦးသေဆုံးကာ ၇ဦးဒဏ်ရာရခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ