Connect with us

Hi, what are you looking for?

LuduNwayOo

News

ရုန်းပင်ရဲကင်းစခန်း မီးရှို့ခံရပြီးနောက် ဒေသခံ ၂၀ ကျော်ကို စစ်ကောင်စီဖမ်းခေါ်သွားဟုဆို

ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးမည်ဟု ကြားရသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ဒေသခံက ပြောသည်။

People's Spring
People's Spring

မန္တလေးတိုင်း မတ္တရာမြို့နယ် ရုန်းပင်ကျေးရွာရှိ အာဏာသိမ်းစစ်ကောင်စီ၏ ရဲကင်းစခန်း တစ်ခုမီးရှို့ခံရပြီးနောက် ဒေသတွင်းသို့ စစ်ကောင်စီတပ်များဝင်ရောက်စီးနင်းပြီး အနီးဝန်းကျင်ရှိ ကျေးရွာ ၃ရွာမှ ဒေသခံ ၂၀ခန့်ကို ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု မတ္တရာဒေသခံက ပြောသည်။

ဒီဇင်ဘာ ၁၉ရက်နံနက် အစောပိုင်းက ရုန်းပင်ရဲစခန်း မီးလောင်ပြီးနောက် စစ်ကောင်စီတပ်က ဒေသတွင်းသို့ အင်အားအများအပြားဖြင့် ဝင်ရောက်ကာ ဒေသခံများကို ဖမ်းဆီးခြင်းဖြစ်သည်ဟုဆိုသည်။ စစ်ကောင်စီတပ်သည် သဖန်းကိုင်းနှင့် မဟာမြိုင်ရွာ၌ တပ်စွဲပြီး အနီးဝန်းကျင်သို့ရှာဖွေမှုများလုပ်ဆောင်ခဲ့သည်ဟု ဒေသခံက ပြောသည်။

“သဖန်းကိုင်းကွင်းခေါ်တာပေါ့ စပါးကျီတောင်၊ ပန်းသလဲတောင် အဲဒီ တောင်ခြေတစ်၀ိုက်က သရက်ခြံတွေ၊ နှမ်းခင်းတွေ ပြောင်းခင်းတွေ နွားစားကျက်တွေအဲဒီက တဲတွေကို မွှေနှောက်ပြီး လူဖမ်းတယ်။သူတို့ ဖမ်းတာ ပထမတုန်းက အယောက် ၃၀ကျော်လောက်ရှိတယ် ။ ဒီနေ့ နေ့လည် တစ်နာရီ ဝန်းကျင်မှာ အယောက် ၂၀ ဝန်းကျင်ကို မတ္တရာကို ခေါ်သွားတယ်”ဟု ၎င်းက ဆိုသည်။

ဖမ်းဆီးသွားသူများကို ပြန်လွှတ်ပေးမည်ဟု ကြားရသော်လည်း စောင့်ကြည့်ရမည်ဖြစ်ကြောင်း၊ စစ်ကောင်စီတပ်က ရှာဖွေမှုများ ဆက်လုပ်နေကြောင်း ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။