Connect with us

Hi, what are you looking for?

News

မင်းတပ် CDFနှင့် အကြမ်းဖက်စစ်ကောင်စီတို့ ယနေ့ တိုက်ပွဲဖြစ်ပွားနေ

“ရွာထဲကို တိုးဝင်ဖို့ စစ်ကြောင်းထိုးနေတာ။ အခုမနက် ၉ နာရီကျော်လောက်မှာတော့ တိုက်ပွဲခဏ ရပ်တယ် လို့သိရတယ်။ပြည်သူ့တပ်ဖွဲ့တွေက အထိအခိုက်တစ်ယောက်မှ မရှိဘူး။စစ်တပ်က သေစာရင်းတော့ မသိရသေးဘူး”ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

မင်းတပ် CDFနှင့် အကြမ်းဖက်စစ်ကောင်စီတပ်တို့ ယနေ့(ဒီဇင်ဘာ ၂၁ ရက်) နံနက် ၇နာရီခွဲခန့်ကစ၍ တိုက်ပွဲ ဖြစ်ပွားနေကြောင်း မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။

ဝမ္မသူးရွာ နှင့် လှိရုံးရွာသို့ စစ်ကြောင်းထိုးဝင်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ကို မင်းတပ် CDFနှင့်အတူ ယော PDF ပူးပေါင်းအဖွဲ့က တိုက်ခိုက်နေခြင်းဖြစ်သည်။

“ရွာထဲကို တိုးဝင်ဖို့ စစ်ကြောင်းထိုးနေတာ။ အခုမနက် ၉ နာရီကျော်လောက်မှာတော့ တိုက်ပွဲခဏ ရပ်တယ် လို့သိရတယ်။ပြည်သူ့တပ်ဖွဲ့တွေက အထိအခိုက်တစ်ယောက်မှ မရှိဘူး။စစ်တပ်က သေစာရင်းတော့ မသိရသေးဘူး”ဟု အထက်ပါ တာဝန်ရှိသူတစ်ဦးက ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ဒီဇင်ဘာ ၁၇ ရက်က စ၍ မင်းတပ်မြို့ ရှိ ကျေးရွာအချို့ကို အင်အား ၇၀ မှ၁၀၀ ကြားဖြင့် စစ်ကြောင်းထိုးဝင်ရောက်တပ်စွဲခဲ့သည်။

Public Service Announcement

Public Service Announcement

ထို့အပြင် မင်းတပ်မြို့နှင့် ဆက်စပ်သည့် ယောဒေသဖြစ်သော ဂန့်ဂေါ၊ ဆော၊ကျောက်ထု နှင့်လောင်းရှည် မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က စစ်ရေးလှုပ်ရှားမှုများရှိနေသည်။

မင်းတပ် CDFနှင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် ပြီးခဲ့သည့် ဇွန်လအတွင်းက နောက်ဆုံးတိုက်ပွဲဖြစ်ခဲ့သည်။

ထို့အပြင် စစ်ကောင်စီက ဘုရားစခန်းရွာအနီးသို့လည်း တစ်ကျော့ပြန် နယ်ကျွံလာနေသည်။ စစ်ကောင်စီကို မောင်းထုတ်ရေးအတွက် ယခင်ကထက် စွမ်းဆောင်ရည်ကောင်းသည့် တိုက်ခိုက်ရေးပုံစံဖြင့် စစ်ကောင်စီအား တုန့်ပြန်မည်ဟု မင်းတပ်CDF က သတိပေးထားသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။