Connect with us

Hi, what are you looking for?

News

ကချင်ရိုးရာအဖွဲ့များနှင့် အရပ်ဘက်အဖွဲ့များ စစ်ကောင်စီနှင့် မပူးပေါင်းရန် ကချင်လူငယ်အဖွဲ့များ မေတ္တာရပ်ခံ

ကချင်ပြည်နယ်အတွင်းရှိ ကချင်တိုင်းရင်းသား ရိုးရာ အသင်းအဖွဲ့များနှင့် တာဝန်ရှိသော အရပ်ဘက်ဆိုင်ရာ အဖွဲ့အစည်းအသီးသီးအနေဖြင့် ဖက်ဆစ်စစ်တပ်နှင့် အတူတကွ အစီအစဉ်များ ပွဲလမ်းများအား ပူးပေါင်း ဆောင်ရွက်ခြင်းမပြုလုပ်ကြရန် မေတ္တာရပ်ခံကြောင်း ကချင်လူငယ်နှင့်ကျောင်းသားအဖွဲ့အစည်းများ ပူးတွဲထုတ်ပြန်ခဲ့သည်။

မြစ်ကြီးနားမြို့ မနောင်ကွင်း၌ ဖက်ဆစ်စစ်တပ်မှ ဦးဆောင်ကျင်းပခဲ့သော ခရစ္စမတ်ပွဲအား ရှုတ်ချကြောင်း Kachin State Civilian Movement၊ All Kachin Youths Union(AKYU)၊ မြစ်ကြီးနားတက္ကသိုလ်ကျောင်းသားသမဂ္ဂ၊ Kachin Literatural and Cultural Association(Universities)၊ NDEN Debate Society ၊ကချင်စာပေနှင့် ယာဉ်ကျေးမှုတက္ကသိုလ်များ(မြစ်ကြီးနား) စသည့် ကချင်လူငယ်နှင့် ကျောင်းသားအဖွဲ့များက ဒီဇင်ဘာ ၂၁ရက်တွင် သဘောထား ထုတ်ပြန်ခဲ့သည်။

ဒီဇင်ဘာ ၁၇ရက်က ဖက်ဆစ်စစ်တပ်က ဦးဆောင်ကျင်းပခဲ့သည့် ခရစ္စမတ်ပွဲတွင်ပါဝင်ခဲ့သော အဖွဲ့အစည်း များနှင့် လူပုဂ္ဂိုလ်များအနေဖြင့် ပြည်သူလူထုများကို မတရား ဖမ်းဆီးနှိပ်စက် သတ်ဖြတ်နေသည့် ဖက်ဆစ်စစ် တပ်နှင့် ပူးပေါင်း၍ မနောင်ကွင်းတွင် မည်သို့သော အကြောင်းကြောင်းဖြင့် ပွဲလန်းသဘင်များ အခမ်းအနားများ ပြုလုပ်ကျင်းပခြင်းအား ကချင်လူငယ် ကျောင်းသားအဖွဲ့များမှ ကန့်ကွက်ရှုတ်ချသည်ဟု ဖော်ပြထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။