Connect with us

Hi, what are you looking for?

LuduNwayOo

News

စီးစံရွာတိုက်ပွဲ စစ်​ကောင်စီတပ်သား နှစ်ဦး​သေဟု က​လေး PDF ထုတ်ပြန်

တိုက်ပွဲ ဖြစ်စဥ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး PDF Kalay ၏ တပ်ရင်း (၆)မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့ စီးစံရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay)က ယနေ့(ဒီဇင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၁၅၀ဖြင့် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီကစ၍ စီးစံကျေးရွာ၏ အနောက်ဘက် ဆုတောင်းကုန်းသို့ ဝင်ရောက်လာရာမှ PDF Kalay နှင့် CNDF ပူးပေါင်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

ထိုတိုက်ပွဲတွင် တောင်ဖီလာတောင်ပေါ် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ကူဖြင့် စီးစံကျေးရွာကို စစ်တပ်၏ ခြေလျင်စစ်ကြောင်းကချဥ်းကပ်လာသောကြောင့် PDF Kalay နှင့် CNDF ပူးပေါင်းတပ်သည် စီးစံရွာပြင် သချိုင်းအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

သို့သော် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ကူနှင့် စက်လက်နက်များကို အဓိကထား အသုံးပြုတိုက်ခိုက်နေခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက်ညနေ ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးများက ဆုတ်ခွာခဲ့ရသည်။

ထို့နောက် ည၈ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များသည် စီးစံကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PDF Kalay က ဆိုသည်။

တိုက်ပွဲ ဖြစ်စဥ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး PDF Kalay ၏ တပ်ရင်း (၆)မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

Public Service Announcement

Public Service Announcement

စီးစံရွာမှ စစ်တပ်သည် ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် နဂါးပွတ်ရွာသို့ပြောင်းရွှေ့သွားပြီး ထိုမှတဆင့် နည်းပညာတက္ကသိုလ်ဘက်သို့ ထပ်မံပြောင်းရွှေ့ထားကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့ကြောင့် ကလေးမြို့နယ် တောင်ပိုင်းဒေသများတွင် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြု၍ လုံခြုံစွာနေထိုင်ရန်လည်း PDF Kalay က မေတ္တာရပ်ခံသည်။

(က​လေး PDFတပ်ရင်း(၅)မှ ရဲ​ဘော်များကို ​တွေ့ရစဥ်)