Connect with us

Hi, what are you looking for?

News

စီးစံရွာတိုက်ပွဲ စစ်​ကောင်စီတပ်သား နှစ်ဦး​သေဟု က​လေး PDF ထုတ်ပြန်

တိုက်ပွဲ ဖြစ်စဥ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး PDF Kalay ၏ တပ်ရင်း (၆)မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

ကလေးမြို့ စီးစံရွာတိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးကြောင်း ကလေးမြို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF Kalay)က ယနေ့(ဒီဇင်ဘာ ၂၁ ရက်)တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် အင်အား ၁၅၀ဖြင့် ဒီဇင်ဘာ ၂၀ ရက် နံနက် ၁၀ နာရီကစ၍ စီးစံကျေးရွာ၏ အနောက်ဘက် ဆုတောင်းကုန်းသို့ ဝင်ရောက်လာရာမှ PDF Kalay နှင့် CNDF ပူးပေါင်းတပ်တို့က ပူးပေါင်းတိုက်ခိုက်ခဲ့သည်။

ထိုတိုက်ပွဲတွင် တောင်ဖီလာတောင်ပေါ် တပ်စွဲထားသည့် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ကူဖြင့် စီးစံကျေးရွာကို စစ်တပ်၏ ခြေလျင်စစ်ကြောင်းကချဥ်းကပ်လာသောကြောင့် PDF Kalay နှင့် CNDF ပူးပေါင်းတပ်သည် စီးစံရွာပြင် သချိုင်းအနီးတွင် ဖြတ်တောက်တိုက်ခိုက်ခဲ့သည်။

သို့သော် အကြမ်းဖက်စစ်တပ်၏ လက်နက်ကြီးပစ်ကူနှင့် စက်လက်နက်များကို အဓိကထား အသုံးပြုတိုက်ခိုက်နေခြင်းကြောင့် ဒီဇင်ဘာ ၂၀ ရက်ညနေ ၅ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးများက ဆုတ်ခွာခဲ့ရသည်။

Public Service Announcement

Public Service Announcement

ထို့နောက် ည၈ နာရီခန့်တွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်များသည် စီးစံကျေးရွာတွင် တပ်စွဲထားသည့် စစ်တပ်ကို သွားရောက်ပစ်ခတ်ခဲ့ပြီး မိနစ် ၃၀ ကြာတိုက်ပွဲ ဖြစ်ပွားခဲ့ကြောင်း PDF Kalay က ဆိုသည်။

တိုက်ပွဲ ဖြစ်စဥ်များတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား နှစ်ဦးသေဆုံးပြီး PDF Kalay ၏ တပ်ရင်း (၆)မှ တပ်ဖွဲ့ဝင်တစ်ဦး ကျဆုံးခဲ့ကာ နှစ်ဦး ဒဏ်ရာရရှိခဲ့သည်။

စီးစံရွာမှ စစ်တပ်သည် ယနေ့ (ဒီဇင်ဘာ ၂၁ ရက်) နံနက်ပိုင်းတွင် နဂါးပွတ်ရွာသို့ပြောင်းရွှေ့သွားပြီး ထိုမှတဆင့် နည်းပညာတက္ကသိုလ်ဘက်သို့ ထပ်မံပြောင်းရွှေ့ထားကြောင်းလည်း ထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ထို့ကြောင့် ကလေးမြို့နယ် တောင်ပိုင်းဒေသများတွင် အချိန်မရွေးတိုက်ပွဲ ဖြစ်ပွားနိုင်သောကြောင့် ပြည်သူများအနေဖြင့် သတိပြု၍ လုံခြုံစွာနေထိုင်ရန်လည်း PDF Kalay က မေတ္တာရပ်ခံသည်။

(က​လေး PDFတပ်ရင်း(၅)မှ ရဲ​ဘော်များကို ​တွေ့ရစဥ်)

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ကနီမြို့ထဲမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ဟာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေဆီ လက်နက်ချအလင်းဝင်လာတယ်လို့ သတင်းရရှိပါတယ်။

Facebook