Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီ၏ အကြမ်းဖက်စီးနင်းမှုကြောင့် ဂန့်ဂေါနယ်ခံ ၈,၀၀၀ကျော် တိမ်းရှောင်နေရ၊ အရေးပေါ် အကူ အညီလိုအပ်နေဟု PDF ထုတ်ပြန်

ပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ယောနယ်ဒေသ စစ်ဘေးရှောင်ပြည်သူမျာများ၏ လိုအပ်ချက်များကို မိမိတို့အစီအစဉ်(အဆက်အသွယ်)ဖြင့်သော်လည်းကောင်း၊ ဂန့်ဂေါ PDF နှင့် ဆက်သွယ်၍ သော်လည်းကောင်း တတ်စွမ်းသမျှကူညီထောက်ပံ့ပေးကြရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်း ဂန့်ဂေါ PDFက ထုတ်ပြန်ခဲ့သည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဂန့်​ဂေါနယ်​ဒေသခံများကို ​တွေ့ရစဥ်)

ဂန့်ဂေါမြို့နယ်အတွင်း စစ်ကောင်စီတပ်၏ အကြမ်းဖက်စီးနင်းမှုများနှင့် ရပ်ရွာလူနေအိမ်များကို မီးရှို့ဖျက်ဆီးနေမှုများကြောင့် ကျေးရွာနေပြည်သူ ၈ဝဝဝ နှင့်အထက်မှာ ဘေးလွတ်ရာနေရာများသို့ ထွက်ပြေးတိမ်းရှောင်နေကြရကြောင်း ဂန့်ဂေါပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)က ထုတ်ပြန်သည်။

ထိုသို့ထွက်ပြေးတိမ်းရှောင်နေကြရသူများသည် နေရာထိုင်ခင်း၊ အစားအသောက်၊ ဆေးဝါးနှင့် ရာသီဥတု စသောအခက်အခဲများ ရင်ဆိုင်ကြုံတွေ့ခံစားနေကြရသည်ဟု ဆိုသည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဂန့်​ဂေါနယ်​ဒေသခံများကို ​တွေ့ရစဥ်)

သွားလာရေးခက်ခဲမှု၊ ကုန်စည်စီးဆင်းမှုမရှိခြင်း၊ အင်တာနက်လိုင်းပြတ်တောက်မှုနှင့် Media attention အားနည်းမှုများကြောင့် စစ်ဘေးရှောင်ပြည်သူများအား ထောက်ပံ့ကူညီပေးနိုင်ရေးသည် လွန်စွာမှ ခက်ခဲကြောင်း၊ ဂန့်ဂေါ PDF အနေဖြင့် လက်နက်ကိုင် တိုက်ပွဲဝင်ခြင်းအပြင် စစ်ဘေးရှောင်များအား ကူညီထောက်ပံ့ပေးရေး တာဝန်များကိုပါ ပူးတွဲထမ်းဆောင်လျက် ရှိကြောင်း ဖော်ပြထားသည်။

(စစ်​ဘေး​ရှောင်​နေရ​သော ​ဂန့်​ဂေါနယ်​ဒေသခံများကို ​တွေ့ရစဥ်)

ပြည်တွင်း၊ပြည်ပ အလှူရှင်များအနေဖြင့် ယောနယ်ဒေသ စစ်ဘေးရှောင်ပြည်သူမျာများ၏ လိုအပ်ချက်များကို မိမိတို့အစီအစဉ်(အဆက်အသွယ်)ဖြင့်သော်လည်းကောင်း၊ ဂန့်ဂေါ PDF နှင့် ဆက်သွယ်၍ သော်လည်းကောင်း တတ်စွမ်းသမျှကူညီထောက်ပံ့ပေးကြရန် အနူးအညွတ် မေတ္တာရပ်ခံကြောင်း ဂန့်ဂေါ PDFက ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သည် ဂန့်ဂေါမြို့နယ်အတွင်းသို့ စက်တင်ဘာကတည်းက ဝင်ရောက်စီးနင်းတိုက်ခိုက်ခဲ့ရာ နှမ်းခါး၊ မြင်သားအပါအဝင် ကျေးရွာအများအပြားမှ ပြည်သူများ အသက်ဆုံးရှုံးခဲ့ရာပြီး စစ်ကောင်စီတပ် ဝင်ရောက်လာစဉ် တောတောင်များ၌ ပုန်းရှောင်နေကြရသည်။ ပြီးခဲ့သည် ဒီဇင်ဘာ ၁၇ရက်ကလည်း စစ်ကောင် စီတပ်က တိုက်ခိုက်ရေး ရဟတ်ယာဉ် အပါအဝင် ရဟတ်ယာဉ် ​ခြောက်စီးဖြင့် နှမ်းခါးရွာသို့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ပြည်သူ ၉ဦးနှင့် PDF အချို့ အသက်ဆုံးရှုံးခဲ့ရသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။

သတင်း

စစ်ကောင်စီလက်အောက်ခံလူမှုကွန်ရက်စာမျက်နှာများ၌ အမ်း၊ ဘူးသီးတောင်၊မောင်တောမြို့နယ်တို့တွင် တိုက်ပွဲများပြင်းထန်​နေကြောင်း၊စစ်ကူ​ပေးရန် ၊​လေ​ကြောင်းမှညအပြင်းအထန်တိုက်ခိုက်ရန် တိုက်တွန်း ရေးသား​နေကြသည်။

သတင်း

MDY-PDFသည် ယခု ဧပြီအတွင်း မန္တလေးတိုင်း ပြင်ဦးလွင်မြို့နှင့် (၁၀)မိုင်အကွာရှိ သရက်ကုန်း ကျေးရွာ စစ်စခန်း တိုက်ခိုက်သိမ်းပိုက် နိုင်မှုကို အသိပေးထားသည်။