Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ကမီးရှို့ ၍ စန်းမြို့ရွာမှ အိမ် ၃၂လုံး မီးလောင်ပျက်စီး

နေအိမ်များ မီးလောင် ဆုံးရှုံးလိုက်ရသော ပြည်သူများအတွက် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့ပြီးဆုံးရှုံးထိခိုက်မှုများအတွက် တက်စွမ်းသရွေ့ ကူညီသွားမည်ဟုလည်း​ဖော်ပြထားသည်။

မကွေးတိုင်း ဂန့်ဂေါမြို့နယ် စန်းမြို့ကျေးရွာတွင်စစ်ကောင်စီတပ်နှင့် ၎င်း၏ လက်ပါးစေ ပျူစောထီးများ ဝင်ရောက်စီးနင်း အကြမ်းဖက်မီးရှို့ခဲ့၍ လူနေအိမ် ၃၂လုံးမီးလောင် ပျက်စီးခဲ့ရသည်ဟုဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၁ရက်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များနှင့် ပျူစောထီး များကစန်းမြို့ကျေးရွာကို ရောက်ရှိလာပြီး အကြမ်းဖက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဒေသခံ ပြည်သူလူထုများ ထိခိုက်မှုရှိသည်ဟုလည်း ကြားသိရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

နေအိမ်များ မီးလောင် ဆုံးရှုံးလိုက်ရသော ပြည်သူများအတွက် များစွာ စိတ်မကောင်းဖြစ်ရသည်ဟု ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကထုတ်ပြန်ခဲ့ပြီးဆုံးရှုံးထိခိုက်မှုများအတွက် တက်စွမ်းသရွေ့ ကူညီသွားမည်ဟုလည်း​ဖော်ပြထားသည်။

ဂန့်ဂေါနယ် ပြည်သူများနှင့် နိုင်ငံတဝန်း ရှိ ပြည်သူများကလည်း ဂန့်ဂေါမြို့နယ်အတွင်း ထိခိုက်ဆုံးရှုံးမှုများ နှင့် စစ်ကောင်စီတပ်ကို စွမ်းစွမ်း တမံ တွန်းလှန်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကို ၀ိုင်းဝန်းကူညီပံ့ပိုးပေးကြရန် တိုက်တွန်းနှိုးဆောင်ကြောင်းလည်းထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

လက်ရှိတွင်စစ်ကောင်စီအကြမ်းဖက်၍ နေအိမ်များကို စွန့်ခွာခဲ့ရသည် စန်းမြို့ရွာ ဒေသခံများသည် ၎င်းတို့နှင့် မိုင်အနည်းငယ်ကွာဝေးသည့် မြင်သားရွာဘက်သို့ တိမ်းရှောင်နေကြောင်း မြင်သားရွာခံတစ်ဦးကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်ရှိ မြဇီးတောရွာကို အာဏာသိမ်းစစ်တပ်က ဝင်ရောက်မီးရှို့ဖျက်ဆီးရာ ဘုန်းကြီးကျောင်းနဲ့ နေအိမ် ၂၀ ကျော်အပြင် အိမ်သုံးနဲ့ လယ်ယာသုံးစက်ပစ္စည်းတွေ မီးလောင် ပျက်စီးခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိိမ်တွေအပြင် စေတီပုထိုးတွေကိုပါ မီးရှို့ဖျက်ဆီးသွားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က နေအိမ်မီးရှို့ခံရတဲ့ ပြည်သူတွေအတွက် အိမ်ပြန်ဆောက်ဖို့ဝါးနဲ့ စားနပ်ရိက္ခာတွေ အရေးပေါ်လိုအပ်နေကြောင်း ပခုက္ကူမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က သတင်းထုတ်ပြန်ပါတယ်။