Connect with us

Hi, what are you looking for?

LuduNwayOo

News

ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်​ခေါင်း​ဆောင် မင်း​အောင်လှိုင် ​တွေ့ဆုံမှု ကက်သလစ်ဘာသာဝင်များ ဝမ်းနည်းစိတ်ပျက်၊တုန်လှုပ်မိဟု ICJM ထုတ်ပြန်

ယခုလုပ်ရပ်သည် အကြမ်းဖက်အာဏာသိမ်းချိန်ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူများနှင့်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု ICJM ကသတ်မှတ်သည်။

▪️ကက်သလစ်ဘာသာဝင်များအ​ပေါ် ကိုယ်စားမပြုဟုဆို

ကာဒီနယ်ချားစ်ဘိုနှင့် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံမှုအပေါ် ကက်သလစ်ဘာသာဝင်များအနေဖြင့် အင်မတန်ထိတ်လန့်တုန်လှုပ် ဝမ်းနည်းစိတ်ပျက်ရကြောင်း Independent Catholics For Justice in Myanmar (ICJM) က သဘောထားကြေညာချက် ထုတ်ပြန်သည်။

တွေ့ဆုံခြင်းသည် မြန်မာပြည် ကက်သလစ်ဘာသာဝင်များအားလုံးနီးပါး၏ ဆန္ဒနှင့်ဆန့်ကျင်သည့် အတွက်ကြောင့်ဘာသာဝင်များကို ကိုယ်စားမပြုဟု ICJM က ဆိုသည်။

အကြမ်းဖက်စစ်ကောင်စီအား မည်သို့သော အကြောင်း ပြချက်များဖြင့်ဖြစ်စေ အသိအမှတ်ပြုနေသော ကာဒီနယ်ချားစ်ဘို နှင့်တစ်ကွ မည်သည့်ပုဂ္ဂိုလ်၊အဖွဲ့အစည်းကိုမဆို ပြင်းထန်စွာ ရှုတ်ချကြောင်း ICJM က ပြောသည်။

Public Service Announcement

Public Service Announcement

ယခုလုပ်ရပ်သည် အကြမ်းဖက်အာဏာသိမ်းချိန်ကာလမှစ၍ ယခုအချိန်အထိ မတရားသတ်ဖြတ်ဖမ်းဆီးခံခဲ့ရသူများနှင့်ဘုရားကျောင်းများ ဖျက်ဆီးခံခဲ့ရမှုအပေါ် မျက်နှာလွှဲကာ စော်ကားခြင်းဖြစ်သည်ဟု ICJM ကသတ်မှတ်သည်။

ICJM သည် တရားမျှတမှုအတွက် ရပ်တည်သောအဖွဲ့အစည်းဖြစ်သည့်အလျှောက် မတရားမှုကိုကျူးလွန်နေသောသူများနှင့်ပူးပေါင်းနေသူများအား ချွင်းချက်မရှိ ဆန့်ကျင်ပြီး တရားမျှတမှုအတွက် တော်လှန်တိုက်ပွဲဝင်နေကြသောသူများနှင့်အတူအမြဲ ရပ်တည်သွားမည်ဟု ကတိပြုသည်။

“မတရားသောသူတို့၏ တိုက်တွန်းခြင်း သို့ မလိုက်။ လူဆိုးတို့၏ လမ်းတွင်မရပ်မနေ၊ မထီမဲ့မြင် ပြုသောသူတို့၏ အစည်းအဝေး၌မထိုင်၊ ထာဝရဘုရား၏ တရားတော်၌ မွေ့လျော်၍ တရားတော်ကို နေ့ညဉ့်မပြတ်ဆင်ခြင် အောက်မေ့သောသူသည် မင်္ဂလာရှိ၏။ မတရားသောသူတို့မူကား ထိုကဲ့သို့ မဟုတ်။ လေတိုက်၍ လွင့်သော ဖွဲနှင့်တူကြ၏။ ထို့ကြောင့် တရားဆုံး ဖြတ်တော်မူရာကာလ၌ မတရားသောသူတို့သည် မတည်မနေရကြ။ ဖြောင့်မတ်သောသူတို့၏ အပေါင်းအသင်းထဲသို့ လူဆိုးတို့သည် မဝင်ရကြ။ အကြောင်းမူကား ဖြောင့်မတ်သောသူတို့၏ လမ်းကို ထာဝရဘုရားသိကျွမ်းတော်မူ၏။ မတရားသော သူတို့၏လမ်းသည် ဆုံးရှုံးခြင်း သို့ ရောက်ရလိမ့်သတည်း”ဟူသော ကျမ်းစာကိုလည်း ထုတ်ပြန်ချက်တွင် ထည့်သွင်းဖော်ပြသည်။

ဒီဇင်ဘာ ၂၃ ရက်က ရန်ကုန်မြို့တွင် ကာဒီနယ်ချားစ်ဘိုသည် အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အဖွဲ့တွေ့ဆုံခဲ့ခြင်း ဖြစ်ပြီး စစ်ခေါင်းဆောင်က ကျပ်သိန်း ၂၀၀ ကို ပေးအပ်ခဲ့ကြောင်းလည်း သိရသည်။

ဆက်စပ်သတင်းများ

သတင်း

ဒီလိုမျိုးအဆိပ်အတောက် ပြင်းထန်ပြီး သန်းနဲ့ချီ များပြားတဲ့ ဘဝတွေကို ဆိုးကျိုး သက်ရောက်စေခဲ့တာကြောင့် နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မင်းအောင်လှိုင်ကို Time မဂ္ဂဇင်းက သတင်းအကြီးဆုံး လူပုဂ္ဂိုလ် ၁၀၀ စာရင်းမှာ ထည့်သွင်း ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

သတင်း

နိုဝင်ဘာ ၁၈ရက်က အင်အား ၁၅၀ ခန့်ရှိ စစ်ကောင်စီတပ် စစ်ကြောင်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ ပြည်သူ့ကာကွယ်ရေးတပ်(PDF) ပူးပေါင်းအဖွဲ့က အင်းတော်မြို့ မြောက်ဘက် တောထဲ၌ တိုက်ခိုက်ခဲ့ရာ တိုက်ပွဲ ၃ကြိမ်ဖြစ်ခဲ့သည်ဟုဆိုသည်။

သတင်း

Human Rights အဖွဲ့က ပေးစာနှင့်ပတ်သက်၍ ၎င်းတို့အဖွဲကို အသိပေးခြင်း၊ သဘောတူညီ ချက် ရယူခြင်းများ မရှိကြောင်းနှင့် မှားယွင်းမှုအတွက် တောင်းပန်ကြောင်း ပြီးခဲ့သည့် နာရီ ပိုင်းတွင် ထုတ်ပြန်သည်။

သတင်း

ဆန္ဒပြပွဲရောက်လာသူများက မိမိတို့ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမေတ္တာများ ပို့သခြင်းများ ၊ တော်လှန်ရေး သီချင်းများသီဆိုခြင်း၊ ကြွေးကြော်သံများဖြင့် တောင်းဆိုခြင်းများကို ပြုလုပ်ခဲ့ကြသည်။