Connect with us

Hi, what are you looking for?

သတင်း

မြန်မာကို ICJ ၌ တရားစွဲခံရသည့်အမှုတွင် ဂမ်ဘီယာဘက်မှ ဆလိုဗေးနီးယား ပါဝင်ဆောင်ရွက်ရန် လျှောက်ထား

ICJ က ဆလိုဗေးနီးယား၏လျှောက်ထားမှုကို စဥ်းစားဆုံးဖြတ်မည်ဖြစ်ပြီး ပါဝင်ဆောင်ရွက်ခွင့်ပြုပါက ဂမ်ဘီယာဘက်မှ ပါဝင်ဆောင်ရွက်မည့် နိုင်ငံအရေအတွက်မှာ ၈နိုင်ငံအထိရှိလာမည်ဖြစ်သည်။

(ICJ တရားခွင်တစ်ခုအား တွေ့ရစဥ်။ ဓာတ်ပုံ - ICJ)
The International Court of Justice (ICJ), principal judicial organ of the UN, holds public hearings on the request for an advisory opinion on the Obligations of States in respect of Climate Change, from Monday 2 to Friday 13 December 2024, at the Peace Palace in The Hague, the seat of the Court. Session held under the presidency of Mr Nawaf Salam, President of the Court. The Court’s role is to settle, in accordance with international law, legal disputes submitted to it by States and to give advisory opini

ထားအိ/People’s Spring

ဥရောပသမဂ္ဂအဖွဲ့ဝင်နိုင်ငံဖြစ်သော ဆလိုဗေးနီးယားသည် အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)၌ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုဖြင့် တရားစွဲဆိုခံထားရသည့် မြန်မာအမှုတွင် ဂမ်ဘီယာဘက်မှ ပါဝင်ဆောင်ရွက်ရန် ဒီဇင်ဘာ ၄ရက်တွင် လျှောက်ထားလိုက်သည်။

ပြီးခဲ့သည့်နှစ်က ဂမ်ဘီယာဘက်မှ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမနီ၊ နယ်သာလန်၊ ဗြိတိန်နှင့် မော်လ်ဒိုက် စသည့် ၇နိုင်ငံက ပါဝင်ဆောင်ရွက်ရန် ရုံးတော်(ICJ)သို့ လျှောက် ထားပြီး ယခုနှစ် ဇူလိုင်တွင် ရုံးတော်မှ ယင်း ၇နိုင်ငံအား ပါဝင်ဆောင်ရွက်ခွင့်ပြုခဲ့သည်။

ဆလိုဗေးနီးယားက အမှုတွင် ယခုပါဝင်ဆောင်ရွက်ခွင့် လျှောက်ထားရာ၌ လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သည်ဟု စွပ်စွဲခံရသည့် ပိုင်နက်လွန်ကာ မြန်မာကို တရားစီရင်ပိုင်ခွင့်ရှိပြီး လူမျိုးတုန်းသတ်ဖြတ်ခြင်းအန္တရာယ် သတိပြုရန်နှင့် ကြိုတင်ကာကွယ်ရန် အကောင်းဆုံးနေရာတစ်ခုဖြစ်ကြောင်း အလေးပေးဖော်ပြသည်။

Public Service Announcement

Public Service Announcement

ICJ က ဆလိုဗေးနီးယား၏လျှောက်ထားမှုကို စဥ်းစားဆုံးဖြတ်မည်ဖြစ်ပြီး ပါဝင်ဆောင်ရွက်ခွင့်ပြုပါက ဂမ်ဘီယာဘက်မှ ပါဝင်ဆောင်ရွက်မည့် နိုင်ငံအရေအတွက်မှာ ၈နိုင်ငံအထိရှိလာမည်ဖြစ်သည်။

မကြာသေးမီကပင် ရိုဟင်ဂျာများအပေါ် ကျူးလွန်သည့်ပြစ်မှုများအတွက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်အား ဖမ်းဝရမ်းထုတ်ပေးရန် နိုင်ငံတကာရာဇဝတ်ခုံရုံး(ICC)သို့ ICC တရားလိုရှေ့နေက လျှောက်ထားခဲ့သည်။ ICC တရားလိုရှေ့နေ၏ လျှောက်ထားမှုကို ICC တရားသူကြီးများက အတည်ပြုလိုက်ပါက စစ်ခေါင်းဆောင်မင်းအောင်လှိုင်သည် ICC ဖမ်းဝရမ်းထုတ်ခံရသည့် နိုင်ငံတကာရာဇဝတ်သားဖြစ်လာမည်ဖြစ်သည်။

သို့သော် ICJ တွင် မြန်မာရင်ဆိုင်နေရသည့်အမှုမှာ သီးခြားနောက်ထပ်တစ်ခုဖြစ်ပြီး ၂၀၁၉ ခုနှစ် NLD အစိုးရလက်ထက်ကတည်းက မြန်မာနိုင်ငံကို OIC(အစ္စလာမစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့)ကိုယ်စား ဂမ်ဘီယာနိုင်ငံက ရိုဟင်ဂျာလူမျိုးများအပေါ် လူမျိုးတုန်းသတ်ဖြတ်မှုကျူးလွန်သည်ဆိုကာ ICJ ၌ အမှုဖွင့်တရားစွဲဆိုခဲ့ခြင်းဖြစ်သည်။

၂၀၁၉ ဒီဇင်ဘာတွင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်ကာ ICJ တရားရုံးစိုက်ရာ နယ်သာလန်နိုင်ငံ သည်ဟိဂ်မြို့သို့ သွားရောက်ပြီး တရားရင်ဆိုင်ခဲ့သည်။

၂၀၂၁ စစ်အာဏာသိမ်းပြီးနောက်ပိုင်း ယင်းအမှုကို စစ်ကောင်စီက ဆက်လက် တရားရင်ဆိုင်ခဲ့ပြီး တဖက်တွင် အမျိုးသားညီညွတ်ရေးအစိုးရ NUG ကမူ NLD အစိုးရလက်ထက်က ICJသို့ တင်သွင်းခဲ့သော ကန့်ကွက်လွှာများကို ရုတ်သိမ်းကြောင်း ကြေညာခဲ့သည်။

သို့ရာတွင် ICJ က စစ်ကောင်စီနှင့် တရားရုံးလုပ်ငန်းစဥ်များကို ဆက်လက်လုပ်ဆောင်ပြီး စစ်ကောင်စီက တင်သွင်းလာသော ကန့်ကွက်လွှာများကို ပယ်ချကာ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုတားမြစ်ရေးဆိုင်ရာအမှုကို ရုံးတော်က စီရင်မည်ဖြစ်ကြောင်း ၂၀၂၂ ဇူလိုင်တွင် ဆုံးဖြတ်ခဲ့သည်။ လက်ရှိတွင် အပြန်အလှန်လျှောက်လဲချက်ပေးခြင်းများ လုပ်ဆောင်နေပြီး ယခု ဒီဇင်ဘာ ၁၆ ရက်တွင်လည်း စာဖြင့် လျှောက်လဲချက်တင်သွင်းခြင်း လုပ်ဆောင်ရမည်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

နယ်သာလန်နိုင်ငံရှိ အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ) ရှေ့မှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး စစ်တပ်ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေကို အရေးယူပေးဖို့ ဒီကနေ့ (ဇန်နဝါရီ ၃၀)မှာ တောင်းဆိုဆန္ဒပြခဲ့ပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာ စစ်​ကောင်စီစေလွှတ်ထားတဲ့ကိုယ်စားလှယ်အဖွဲ့​ထောက်ခံပွဲကို စစ်တပ်​ထောက်ခံသူ နဲ့ အမျိုးသား​ရေးသမား​ဆိုသူတွေက ရန်ကုန်မြို့မှာ ​ထောက်ခံပွဲလုပ်တဲ့အခါ တက်​ရောက်သူ တစ်​ယောက်ကို တစ်​သောင်းကျပ်​ပေးမယ်ဆိုပြီး ​ခေါ်လာသူ​တွေပါဝင်တယ်လို့ စုံစမ်းသိရပါတယ်။

သတင်း

အပြည်ပြည်ဆိုင်ရာတရားရုံး(ICJ)မှာတရားရင်ဆိုင်နေတဲ့ကိုယ်စားလှယ်အဖွဲ့ကိုထောက်ခံပွဲတွေမှာ ICJ တရား ရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်တာတွေမလုပ်ဖို့ အာဏာသိမ်း မြန်မာစစ်ကောင်စီက နောက်လိုက်နောက်ပါ ထောက်ခံသူတွေကို သတိပေးချက်ထုတ်ပြန်လာပါတယ်။

အတွေးအမြင်

အာဖရိကအနောက်ဘက်ကသေးငယ်တဲ့ နိုင်ငံလေးဖြစ်တဲ့ ဂမ်ဘီယာနိုင်ငံဟာ၂၀၁၉ ခုနှစ်တုန်းက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (International Court of Justice- ICJ) မှာ တရား စတင်စွဲဆိုခဲ့ပါတယ်။ အခုဆိုရင် တရားရင်ဆိုင်နေရတာ ၆ နှစ်ရှိပါပြီ။