Connect with us

Hi, what are you looking for?

LuduNwayOo

News

မိုး​ကောင်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့

KNG သတင်းဌာနက ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ရာ စစ်ကောင်စီတပ်စခန်း ၂ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

(KIAတပ်ဖွဲ့ဝင်များ - ပုံအ​ဟောင်းဖြစ်ပါသည်)

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ဆားမှော်ကျေးရွာနှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကညှင်မြိုင် ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခမရ(၃၈၃)၊ ခမရ(၃၈၄) တပ်စခန်းနှစ်ကို ဒီဇင်ဘာ ၂၄ရက် နံနက် အစောပိုင်း၌ KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

“တိုက်ပွဲဖြစ်တာမှန်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပေးလာတဲ့ သတင်းက ဒီမနက် အစောကြီး ၃နာရီကျော် ၄နာရီကတည်းက ကျွန်တော်တို့ KIA တပ်ရင်း ၄၄ကနေ စစ်ကောင်စီတပ် ၃၈၃၊ ၃၈၄ ကို ဝင်စီးတယ်လို့ သတင်းပေးလာတာရှိပါတယ်။ ဝင်စီးပြီးမှ KIA တပ်တွေက ပြန်ပြီးဆုတ်သွားတယ်လို့ သတင်းပေးလာပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့အတည်ပြုပြောကြားသည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကြားရကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

KNG သတင်းဌာနက ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ရာ စစ်ကောင်စီတပ်စခန်း ၂ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

KIA အနေဖြင့် ယမန်နေ့ ဒီဇင်ဘာ ၂၃ရက်ကလည်း ဖားကန့်မြို့နယ် ဝှေခါမှော်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ၏ စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။