Connect with us

Hi, what are you looking for?

News

မိုး​ကောင်းမြို့နယ်မှ စစ်ကောင်စီတပ်စခန်း နှစ်ခုကို KIA တိုက်ခိုက်သိမ်းပိုက်ပြီး မီးရှို့

KNG သတင်းဌာနက ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ရာ စစ်ကောင်စီတပ်စခန်း ၂ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

(KIAတပ်ဖွဲ့ဝင်များ - ပုံအ​ဟောင်းဖြစ်ပါသည်)

ကချင်ပြည်နယ် မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ် ဆားမှော်ကျေးရွာအနီးရှိ စစ်ကောင်စီတပ်စခန်း ၂ခုကို ယနေ့နံနက်တွင် တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းနှင့် ပြန်ကြား ရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက အတည်ပြုသည်။

ဆားမှော်ကျေးရွာနှင့် မိုင်အနည်းငယ်သာကွာဝေးသည့် ကညှင်မြိုင် ကျေးရွာ၌ တပ်စွဲထားသည့် စစ်ကောင်စီတပ်၏ ခမရ(၃၈၃)၊ ခမရ(၃၈၄) တပ်စခန်းနှစ်ကို ဒီဇင်ဘာ ၂၄ရက် နံနက် အစောပိုင်း၌ KIAနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF) ပူးပေါင်းပြီး တိုက်ခိုက်သိမ်းပိုက်မီးရှို့ခဲ့သည်ဟု ဒေသတွင်း သတင်းဌာနများက ဖော်ပြသည်။

“တိုက်ပွဲဖြစ်တာမှန်ပါတယ်။ ကျွန်တော်တို့ဆီမှာ ပေးလာတဲ့ သတင်းက ဒီမနက် အစောကြီး ၃နာရီကျော် ၄နာရီကတည်းက ကျွန်တော်တို့ KIA တပ်ရင်း ၄၄ကနေ စစ်ကောင်စီတပ် ၃၈၃၊ ၃၈၄ ကို ဝင်စီးတယ်လို့ သတင်းပေးလာတာရှိပါတယ်။ ဝင်စီးပြီးမှ KIA တပ်တွေက ပြန်ပြီးဆုတ်သွားတယ်လို့ သတင်းပေးလာပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက People’s Spring သို့အတည်ပြုပြောကြားသည်။

စစ်ကောင်စီဘက်ကလည်း လေကြောင်းဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်ခဲ့သည်ဟု ကြားရကြောင်း၊ အသေးစိတ်အခြေအနေများကို မသိရသေးကြောင်း ၎င်းကဆိုသည်။

Public Service Announcement

Public Service Announcement

KNG သတင်းဌာနက ရှေ့တန်းသတင်းရင်းမြစ်ကို ကိုးကားပြီး သတင်းဖော်ပြခဲ့ရာ စစ်ကောင်စီတပ်စခန်း ၂ခုလုံးကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်ခဲယမ်းများ သိမ်းယူနိုင်ခဲ့သည်ဟု​ဖော်ပြထားသည်။

KIA အနေဖြင့် ယမန်နေ့ ဒီဇင်ဘာ ၂၃ရက်ကလည်း ဖားကန့်မြို့နယ် ဝှေခါမှော်၌ တပ်စွဲထားသည့် စစ်ကောင်စီတပ် ၏ စစ်ကြောင်းကို ခုခံတိုက်ခိုက်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ ဒေသက စစ်တပ်နဲ့ ပြည်သူ့စစ် ပူးပေါင်းတပ်စွဲထားတဲ့ရဟတ်ယာဉ်ကွင်းပါ တပ်စခန်းဟာ စစ်ရေးအရ အရေးပါတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်ဟာ ၃ကြိမ်တိုင်ထိုးစစ်ဆင်ခဲ့ရကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်တပ်ကဗုံးအလုံး​ရေ​ထောင်ချီကြဲ​ပေမယ့်ရေ​ကြောင်းနဲ့ကုန်း​ကြောင်းတိုက်ပွဲမှာရှုံး

သတင်း

ကချင်ပြည်နယ်၊ ခေါင်လန်ဖူးမြို့နယ် မြန်မာ-တရုတ်နယ်စပ် နယ်ခြားမှတ်တိုင် ၃၀ အမတ်ပေါ် ဒေသက စစ်တပ်ရဲ့ ဗျူဟာစခန်း ၁ခုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က စက်တင်ဘာ ၁၈ရက်မှာ သိမ်းပိုက်ရရှိခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ် ကာမိုင်းဒေသမှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဒုတပ်ရင်းမှူး ၁ဦးကို စစ်တပ် လက်အောက်ခံ ရှမ်းနီတပ် SNA ရဲ့ ဖမ်းဆီးခြင်းခံရမှုမဟုတ်ဘဲ သတင်းအမှားသာဖြစ်ကြောင်း KIA စစ်ဘက်တာဝန်ရှိသူက ပြောပါတယ်။