Connect with us

Hi, what are you looking for?

LuduNwayOo

News

ဖရူဆိုတွင်စစ်ကောင်စီတပ်က မီးရှို့သတ်ဖြတ်ခဲ့သူများထဲ၌Save The Childrenဝန်ထမ်းအချို့ပါဟုသတင်းထွက်

“ဒါက ရွာသားတွေကနေတစ်ဆင့်တက်လာတဲ့သတင်း။ ကျွန်တော်တို့ကတော့ တကယ်တန်းလိုက်ပြီး လုပ်နေတဲ့သူကတော့ ဒါ တကယ်ဟုတ်လား မဟုတ်လားဆိုတဲ့ဟာကတော့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ရွာသားတွေလူထုတွေနားကနေ တက်လာတဲ့ သတင်းပေါ့” ဟု ၎င်း ကဆက်​ပြောသည်။

(ဓါတ်ဆီ​လောင်း၍ကားနှင့်အတူမီးရှိုသတ်ခံရ​​သောပြည်သူများ)

ဖရူဆိုမြို့နယ်အတွင်း အကြမ်းဖက်စစ်ကောင်စီတပ်က ပြည်သူ ၃၅ ဦးကိုဖမ်းဆီးပြီးမီးရှို့သတ်ဖြတ်ခံရသူများထဲတွင် နိုင်ငံတကာအစိုးရမဟုတ်​သောကူညီရေးအဖွဲ့တစ်ခုဖြစ်သည့် Save The Children မှ ဝန်ထမ်းနှင့် Save The Children ပိုင်ကားတစ်စီး ပါဝင်ကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က သတင်းထုတ်ပြန်သည်။

“INGO တို့ နိုင်ငံတကာ အသိုင်းအ၀ိုင်းကရော ဘာလုပ်မှာလဲ မေးခွန်းထုတ်လိုက်ပါတယ်” ဟုလည်း PKPFကယ​နေ့ည​နေတွင် သတင်းထုတ်ပြန်​မေးခွန်းထုတ်ထားသည်။

Save The Children သည်ကမ္ဘာတစ်ဝန်းမှက​လေးငယ်များကိုအဓိထားကူညီ​ပေး​နေ​သော နိုင်ငံတကာအဖွဲ့ဖြစ်ပြီး နိုင်ငံ​ပေါင်း ၁၂၀ ​ကျော်တွင် ရုံးခွဲများဖွင့်လှစ်၍ က​လေးသူငယ်များအ​ရေး ​ဆောင်ရွက်​ပေး​နေသည်။ ယခုသတင်းနှင့်ပတ်သပ်၍ မြန်မာနိုင်ငံအ​ခြေစိုက် Save The Children Myanmar Facebook စာမျက်နှာတွင် ယခုအချိန်( ဒီဇင်ဘာ ၂၅ ည​နေ ၆ နာရီခွဲ )ထိ့ တစ်စုံတစ်ရာထုတ်ပြန်ထားခြင်းမရှိ​သေး​ပေ။

အကြမ်းဖက်စစ်​ကောင်စီတပ်က ရက်ရက်စက်စက် သတ်ဖြတ်ခံရသူ ၃၅ ဦးတွင် က​လေးငယ်အချို့ပင်ပါဝင်​နေ​ကြောင်း သိ့ရသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၄ရက်က ဖရူဆိုမြို့နယ် မိုဆိုကျေးရွာအနီးတွင် စစ်ကောင်စီတပ်ကို ကရင်နီတပ်မတော်(KA)နှင့် ကရင်နီအမျိုးသားကာကွယ်ရေးတပ်ဖွဲ့(KNDF)တို့က ပူးပေါင်းတိုက်ခိုက်ခဲ့၍ တိုက်ပွဲဖြစ်ပွားခဲ့သည်။ အဆိုပါ တိုက်ပွဲဖြစ်ပွားရာအနီးတ၀ိုက်ရှိပြည်သူများကို စစ်ကောင်စီတပ်က ဖမ်းဆီးခဲ့ရာ စစ်ကောင်စီလက်အောက်ခံ ကရင်နီနယ်ခြားစောင့်တပ်ဖွဲ့(BGF) ရဲဘော် ၄ဦးက ပြန်လွှတ်ပေးရန် ညှိနှိုင်း​သော်လည်း ညှိနှိုင်းသူအဆိုပါ ရဲဘော်လေးဦးကို ကြိုးတုပ်ပြီး ဦးခေါင်းများကို ပစ်ခတ်သတ်ဖြတ်ခဲ့သည်။ ထို့ပြင် စစ်ကောင်စီတပ်က ပြည်သူ ၃၅ဦးကို ကားများနှင့်အတူ မီးရှို့သတ်ဖြတ်ခဲ့သည်ဟု KNDFက ထုတ်ပြန်သည်။

စစ်ကောင်စီမီးရှို့သတ်ဖြတ်၍ သေဆုံးသူများထဲ၌ INGO ဝန်ထမ်းအချို့ ပါဝင်ကြောင်း ကြားရ၍ အတည်ပြုနိုင်ရေးဆက်လက် လုပ်ဆောင်နေသည်ဟု KNDFပြောရေးဆိုခွင့်ရှိသူ ကပြောကြားသည်။

“ဒါက ရွာသားတွေကနေတစ်ဆင့်တက်လာတဲ့သတင်း။ ကျွန်တော်တို့ကတော့ တကယ်တန်းလိုက်ပြီး လုပ်နေတဲ့သူကတော့ ဒါ တကယ်ဟုတ်လား မဟုတ်လားဆိုတဲ့ဟာကတော့ အတည်မပြုနိုင်သေးဘူး။ ဒါပေမဲ့ ရွာသားတွေလူထုတွေနားကနေ တက်လာတဲ့ သတင်းပေါ့” ဟု ၎င်း ကဆက်​ပြောသည်။

သတ်ဖြတ်ခံရသူများ၏ အမည်နှင့် နေရပ်တို့ကို မြေပြင်ရွာခံများ၊ မိသားစုဝင်များနှင့် ချိတ်ဆက်ပြီး အတည်ပြုနိင်ရေး ကြိုးစားနေဆဲဖြစ်​ကြောင်း၎င်းကရှင်းပြသည်။

“ တချို့တော့ နည်းနည်းတော့ သိရပြီ။ တချို့တွေကအတည်ပြုဖို့လိုသေးတယ်။ တချို့က အဆက်အသွယ်မရဘူး ပဲ သိရသေးတယ်။ အခုက နည်းနည်းခက်နေတယ် ။ အတည်ပြုဖို့ ကြိုးစားနေကြတုန်းပဲ” ဟု KNDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ယနေ့တွင်လည်း အဆိုပါဒေသတစ်၀ိုက်တွင် မနက်ပိုင်းမှစ၍ ညပိုင်းအထိ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေဆဲဖြစ်သည်ဟု ၎င်းက​ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စခန်းသိမ်းတိုက်ပွဲအပြီးစစ်ကောင်စီ၏လက်နက်ခဲယမ်းအမြောက်အများအားသိမ်းဆည်းရရှိခဲ့ကြောင်း မှတ်တမ်းဓာတ်ပုံများနှင့်အတူ ဖော်ပြထားပြီး အရေအတွက်ကို မကြာမီ အလျဉ်းသင့်ပါက အသိပေးမည်ဟု ထုတ်ပြန်သည်။

သတင်း

အပြစ်မဲ့ပြည်သူများမှာ ၎င်းအဖွဲ့များ၏ အကြမ်းဖက်လုပ်ရပ်များကြောင်းသာ ပို၍ ဒုက္ခရောက်နေကြရသည်ကို ကော်မရှင်နာအနေဖြင့် ဖော်ပြရန် အရေးကြီးကြောင်း ဦးခိုင်သုခက ပြောသည်။

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။