Connect with us

Hi, what are you looking for?

LuduNwayOo

News

တနင်္သာရီမြို့နယ်တွင် စစ်​ကောင်စီတပ် ပြည်သူတစ်ဦးလာဖမ်းစဥ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သုံးဦး​သေဆုံး

တိုက်ခိုက်ခံရပြီး​နောက် အကြမ်းဖက်စစ်ကောင်စီတပ်များက တကူကျေးရွာရှိ စာသင်ကျောင်းရှေ့တွင် ဆိုင်ကယ်များကို စစ်ဆေးခဲ့ပြီး မရပ်ပေးသည့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည်သူတစ်ဦးကို လာဖမ်းစဉ် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်​သောကြောင့် အကြမ်းဖက်စစ်သား သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံအချို့က​ ပြောသည်။

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအနီးရှိ မျှော့အင်းကွမ်းသီးတောမှ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားခြောက်ဦးနှင့် စစ်ကောင်စီ သတင်းပေး ဦးဗေဒါတို့က ယ​နေ့ (ဒီဇင်ဘာ ၂၅) လာရောက်ဖမ်းဆီးစဉ်တိုက်ခိုက်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက​ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခဲ့သူကိုမတွေ့ရှိခဲ့ဘဲ အပြန်လမ်းတွင် ဒေသခံကာကွယ်ရေးတပ်ဖြစ်​သော ဘက်မလိုက်​ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့သည်။ထို့အပြင်စစ်ကောင်စီ သတင်းပေးဖြစ်သူ ဦးဗေဒါလည်း သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“စစ်သားတွေ ဒဏ်ရာသွားတာကိုတော့တွေ့တယ်။သေမသေတော့ သေချာမသိလိုက်ရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ ထပ်မံရရှိ​သောသတင်းအရ သုံးဦး​သေဆုံး​ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီး​နောက် အကြမ်းဖက်စစ်ကောင်စီတပ်များက တကူကျေးရွာရှိ စာသင်ကျောင်းရှေ့တွင် ဆိုင်ကယ်များကို စစ်ဆေးခဲ့ပြီး မရပ်ပေးသည့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုအတူ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင်လည်း ယနေ့မွန်းလွဲ ၃နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ စစ်ကားနှစ်စီးကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း ဒေသခံများကပြောသည်။

သို့​သော် မိုင်းဆွဲရာတွင်လွဲချော်သွားသည့်အတွက် စစ်ကားများ ထိခိုက်မူကြီးကြီးမားမားမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရွာအတွင်းကို ရမ်းသမ်းပစ်ခတ်နေပြီး ထားဝယ်-မြိတ်ကားလမ်းကို ပိတ်ဆို့စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။