Connect with us

Hi, what are you looking for?

News

တနင်္သာရီမြို့နယ်တွင် စစ်​ကောင်စီတပ် ပြည်သူတစ်ဦးလာဖမ်းစဥ် ကြားဖြတ်တိုက်ခိုက်ခံရပြီး သုံးဦး​သေဆုံး

တိုက်ခိုက်ခံရပြီး​နောက် အကြမ်းဖက်စစ်ကောင်စီတပ်များက တကူကျေးရွာရှိ စာသင်ကျောင်းရှေ့တွင် ဆိုင်ကယ်များကို စစ်ဆေးခဲ့ပြီး မရပ်ပေးသည့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

တနင်္သာရီမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများက ပြည်သူတစ်ဦးကို လာဖမ်းစဉ် ဒေသခံကာကွယ် ရေးတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်​သောကြောင့် အကြမ်းဖက်စစ်သား သုံးဦးသေဆုံးခဲ့ကြောင်း ဒေသခံအချို့က​ ပြောသည်။

တနင်္သာရီတိုင်း မြိတ်ခရိုင် တနင်္သာရီမြို့နယ် တကူကျေးရွာအနီးရှိ မျှော့အင်းကွမ်းသီးတောမှ ပြည်သူတစ်ဦးကို အကြမ်းဖက်စစ်ကောင်စီတပ်သားခြောက်ဦးနှင့် စစ်ကောင်စီ သတင်းပေး ဦးဗေဒါတို့က ယ​နေ့ (ဒီဇင်ဘာ ၂၅) လာရောက်ဖမ်းဆီးစဉ်တိုက်ခိုက်မူဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများက​ ပြောသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သားများက လာရောက်ဖမ်းဆီးခဲ့သူကိုမတွေ့ရှိခဲ့ဘဲ အပြန်လမ်းတွင် ဒေသခံကာကွယ်ရေးတပ်ဖြစ်​သော ဘက်မလိုက်​ပြောက်ကျားအဖွဲ့က တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။ တိုက်ခိုက်မူကြောင့် အကြမ်းဖက်စစ်ကောင်စီ တပ်သား ၃ ဦးသေဆုံးခဲ့သည်။ထို့အပြင်စစ်ကောင်စီ သတင်းပေးဖြစ်သူ ဦးဗေဒါလည်း သေနတ်ဒဏ်ရာရရှိခဲ့သည်ဟု ဒေသခံများက ပြောသည်။

“စစ်သားတွေ ဒဏ်ရာသွားတာကိုတော့တွေ့တယ်။သေမသေတော့ သေချာမသိလိုက်ရဘူး”ဟု ဒေသခံတစ်ဦးကပြောသည်။ ထပ်မံရရှိ​သောသတင်းအရ သုံးဦး​သေဆုံး​ကြောင်း သိရသည်။

Public Service Announcement

Public Service Announcement

တိုက်ခိုက်ခံရပြီး​နောက် အကြမ်းဖက်စစ်ကောင်စီတပ်များက တကူကျေးရွာရှိ စာသင်ကျောင်းရှေ့တွင် ဆိုင်ကယ်များကို စစ်ဆေးခဲ့ပြီး မရပ်ပေးသည့်ဆိုင်ကယ်များကိုလည်း သေနတ်များဖြင့် ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ထိုအတူ ထားဝယ်ခရိုင် ၊ သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင်လည်း ယနေ့မွန်းလွဲ ၃နာရီခန့်က အကြမ်းဖက်စစ်ကောင်စီ စစ်ကားနှစ်စီးကို ဒေသခံကာကွယ်ရေးတပ်များက မိုင်းဆွဲတိုက်ခိုက်ခဲ့​ကြောင်း ဒေသခံများကပြောသည်။

သို့​သော် မိုင်းဆွဲရာတွင်လွဲချော်သွားသည့်အတွက် စစ်ကားများ ထိခိုက်မူကြီးကြီးမားမားမရှိခဲ့ဟုလည်း ဒေသခံများက ပြောသည်။

မိုင်းဆွဲခံရပြီးနောက် အကြမ်းဖက်စစ်ကောင်စီတပ်သားများ ရွာအတွင်းကို ရမ်းသမ်းပစ်ခတ်နေပြီး ထားဝယ်-မြိတ်ကားလမ်းကို ပိတ်ဆို့စစ်ဆေးမူများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook