Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေးမြို့နယ် နတ်ချောင်းရွာ နေအိမ်အချို့ကို စစ်ကောင်စီတပ် ထပ်မံ မီးရှို့၊ ပစ်ခတ်သံများ ဆက်တိုက်ကြားရဟုဆို

“အပြန်အလှန်တိုက်ပွဲဖြစ်တယ်ဆိုတာမျိုးထက် သူတို့ဘက်က ပဲပစ်နေတာပေါ့” ဟု ဒေသခံက ပြောသည်။

(နတ်​ချောင်းရွာကို စစ်​ကောင်စီတပ်က မီးရှို့ဖျက်ဆီး​နေသည်ကို ​တွေ့ရစဥ်)

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာရှိနေအိမ်အချို့ကို ယနေ့(ဒီဇင်ဘာ ၂၆ရက်)ညနေပိုင်း၌ ထပ်မံမီးရှို့နေပြီး ပစ်ခတ်မှုများလည်း ပြုလုပ်နေကြောင်း နတ်ချောင်းရွာဒေသခံတစ်ဦးက ပြောသည်။

ဒီဇင်ဘာ ၂၂ရက်က စစ်ကောင်စီတပ်က နတ်ချောင်းရွာသို့ ဝင်ရောက်ပြီး ဒေသခံများကို ဖမ်းဆီး၊သတ်ဖြတ်မှုများပြုလုပ်ခဲ့ရာ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များနှင့် တိုက်ပွဲဖြစ်ခဲ့သည်။ ဒီဇင်ဘာ ၂၃ရက် လည်ပိုင်းတွင် စစ်ကောင်စီတပ်က ရဟတ်ယာဉ်အသုံးပြုပြီး နတ်ချောင်းရွာကို ပစ်ခတ်တိုက်ခိုက်ခဲ့သည့်အပြင် ယင်းနေ့ညပိုင်းတွင် ရွာရှိနေအိမ် ​လေးလုံးထက်မနည်းကို မီးရှို့ခဲ့သည်ဟု ဒေသခံက ပြောသည်။

Public Service Announcement

“ အခုက အခြေအနေ အတော်ဆိုးနေတယ်။ ညနေ ၅နာရီဝန်းကျင်လောက်မှာ အပြစ်မဲ့ပြည်သူရဲ့ အိမ်မီးရှို့ခံရတယ်။ အပြစ်မဲ့ရွာသားတစ်ဦးလည်း ဖမ်းဆီးခံရတယ်။ အခုလည်းလက်နက်ကြီးတွေနဲ့ရော သူတို့ဘက်က ပစ်ခတ်ပြီးတော့ ဘုန်းကြီးကျောင်းဘက်ကို ဝင်စီးနေတယ်လို့ကြားတယ်။ ဘုန်းကြီးကျောင်းတွေမှာ စစ်ဘေးရှောင်နေတဲ့ ရွာသူရွာသားတွေ ကျန်နေသေးတယ်”ဟု ၎င်းက ပြောသည်။

ဒေသခံက ပေးပို့လာသည့် အသံဖိုင်တွင် ပစ်ခတ်မှုများ ဆက်တိုက်ပြုလုပ်နေသည့် အသံများလည်းကြားရသည်။

Public Service Announcement

Public Service Announcement

“အပြန်အလှန်တိုက်ပွဲဖြစ်တယ်ဆိုတာမျိုးထက် သူတို့ဘက်က ပဲပစ်နေတာပေါ့” ဟု ဒေသခံက ပြောသည်။

စစ်ကောင်စီတပ်က နတ်ချောင်းရွာကို ဝင်ရောက်စီးနင်း ပစ်ခတ်မှုများကြောင့် ဒီဇင်ဘာ ၂၂ရက်မှ ၂၆ရက်အတွင်း အမျိုးသမီး ၂ဦးအပါအဝင် ရွာသူရွာသားအနည်းဆုံး ၁၁ဦးသေဆုံးခဲ့ပြီး ငါးဦးထက်မနည်း ဖမ်းဆီးခံထားရသည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီတပ်စခန်းမှ သိမ်းရသည့် လက်နက်ခဲယမ်းများကို တပ်ရင်းမှူးက ပြသရာ လက်နက်ကြီးလက်နက်ငယ်မျိုးစုံ အလက် ၃၀ကျော်နှင့် ခဲယမ်း၊ ကျည်များစွာ နှင့် စစ်အသုံးအဆောင်ပစ္စည်းများ ကို တွေ့ရသည်။

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။