Connect with us

Hi, what are you looking for?

News

နတ်ချောင်းရွာ ယမန်နေ့ညက တစ်ညလုံးနီးပါး တိုက်ပွဲဖြစ်ပြီး နှစ်ဖက်ထိခိုက်မှုရှိဟု ဒေသခံပြော

စစ်ကောင်စီတပ် ဝင်ရောက်လာသည့်နေ့ကတည်းက ဒေသခံများ စစ်ဘေးတိမ်းရှောင်နေခြင်းလည်းဖြစ်ပြီး အခက်အခဲများ ကြုံနေရသည်ဟု ဆိုသည်။

ကလေးမြို့နယ် နတ်ချောင်းရွာတွင် ယမန်နေ့ညက တိုက်ပွဲဖြစ်ပွားခဲ့ရာ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ် နှစ်ဖက်လုံး ထိခိုက်ကျဆုံးမှုရှိကြောင်းသိရသည်ဟု နတ်ချောင်းရွာခံတစ်ဦးက ပြောသည်။

“တစ်ညလုံးဖြစ်တာ။ လက်နက်ကြီးတွေနဲ့ ၁၀မိနစ်ခြားတစ်ခါ ၁၅မိနစ်ခြား တစ်ခါ ပစ်တာ။ ပြည်သူတွေကတော့ မထိခိုက်ဘူးတော့ ကြားတယ်။ သူတို့နဲ့တိုက်တဲ့ ပြည်သူ့ကာကွယ်ရေးက တစ်ယောက် ဆုံးသွားတယ် ကြားတယ်။ စစ်ကောင်စီဘက်က တော်တော်များများကျတယ်။ဒါပေမဲ့ ဘယ်လောက်ကျတယ်ဆိုတာ မသိသေးဘူးပေါ့”ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၂ရက်က စစ်ကောင်စီတပ်များဝင်ရောက်လာခြင်းကြောင့် နတ်ချောင်းရွာနှင့် အနီးတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ရာ ၂၃ရက်တွင် စစ်ကောင်စီက ရဟတ်ယာဉ်ဖြင့် လာရောက်တိုက်ခိုက်သည်အထိ တိုက်ပွဲပြင်းထန်ခဲ့သည်။

ဒီဇင်ဘာ ၂၆ရက်တွင် ညနေပိုင်းမှစ၍ တိုက်ပွဲ ထပ်မံဖြစ်ပွားရာ စစ်ကောင်စီတပ်မှ လက်နက်ကြီးများပစ်ခတ်၍ ပြည်သူလူထု နေအိမ်အချို့ထိခိုက်ခဲ့သည်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ် ဝင်ရောက်လာသည့်နေ့ကတည်းက ဒေသခံများ စစ်ဘေးတိမ်းရှောင်နေခြင်းလည်းဖြစ်ပြီး အခက်အခဲများ ကြုံနေရသည်ဟု ဆိုသည်။

“စစ်ဘေးရှောင်တွေအနေနဲ့တော့ ဆောင်းရာသီဖြစ်တဲ့အတွက် စောင်တို့ အနွေးအင်္ကျီတို့ စားနပ်ရိက္ခာတို့လိုအပ်တယ်။ ကျွန်တော်လည်း တက်နိုင်သလောက် အလှူခံပေးနေတယ်” ဟု နတ်ချောင်းရွာခံက ပြောသည်။

အဆိုပါ ကျေးရွာသို့ စစ်ကောင်စီတပ် ဝင်ရောက်စီးနင်း အကြမ်းဖက်ခြင်းကြောင့် ပြည်သူ ငါးဦးထက်မနည်း အဖမ်းခံထားရပြီး လေကြောင်း တိုက်ခိုက်မှု၊ စစ်ကောင်စီတပ်၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် ရွာခံ ၁၁ဦးထက်မနည်းသေဆုံးခဲ့ရသည်ဟု ဒေသခံက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်း တိုက်ပွဲတွေမှာ အာဏာသိမ်းစစ်တပ်က အထိနာနေသလို တော်လှန်ရေးတပ်ဖွဲ့တွေထံ အလင်းဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေ များပြားလာတယ်လို့လည်း စစ်ကောင်စီကို တိုက်ခိုက်နေတဲ့ ကျားသစ်နက်စစ်ကြောင်းက ဒီကနေ့ ထုတ်ပြန်ပါတယ်။