Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်ပြီး နတ်ချောင်းရွာကို ထပ်မံမီးရှို့

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ရက် တိုက်ပွဲတွင် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း၊ ကျေးရွာလူထုကို အကြောင်းမဲ့သတ်ဖြတ်ခြင်းတို့ကြောင့် နတ်ချောင်းရွာမှ အမျိုးသမီး နှစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးအပါအဝင် ၁၁ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နတ်ချောင်းရွာခံက ပြောသည်။

ယမန်နေ့ညက တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် ကလေးမြို့နယ် နတ်ချောင်းရွာကို စစ်ကောင်စီတပ်က ရဟတ်ယာဉ်ဖြင့် လက်နက်အင်အားဖြည့်တင်းပြီး နေအိမ် ငါးလုံးထက်မနည်းကိုလည်း ထပ်မံမီးရှို့နေကြောင်း နတ်ချောင်းရွာခံက ပြောသည်။

နတ်ချောင်းရွာတွင်ဒီဇင်ဘာ ၂၂ရက်ကစ၍ စစ်ကောင်စီတပ်များဝင်ရောက်လာ၍ ရွာသားများ ဖမ်းဆီးသတ်ဖြတ်ခံရခြင်း၊ ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခြင်းများ ရှိခဲ့သည်။ ဒီဇင်ဘာ ၂၆ရက်ညက တစ်ညလုံး တိုက်ပွဲဖြစ်ခဲ့ပြီး စစ်ကောင်စီတပ်က သေဆုံးထိခိုက်မှုရှိခဲ့သည်ဟု ဆိုသည်။

“သူတို့က ရဟတ်ယာဉ် နှစ်စီးက လက်နက်နဲ့ ကျည်ဖြည့်တာ။ နောက်ထပ် ပြန်သွားပြီး နောက် နှစ်စီးက လူပြန်ဖြည့်တာ။ ကျည်တွေလာချပေးတာ သေတ္တာတွေနဲ့။ အားလုံး သုံးစီး။ ကင်းက တစ်စီးပေါ့။ နှစ်စီးကတော့ ပြန်သွားပြီး နောက်ထပ် ပြန်လာပြီး လူချထားခဲ့တာ။ လက်နက်နဲ့ အင်အား ထပ်ဖြည့်တာပေါ့” ဟု နတ်ချောင်း ရွာခံက ယနေ့ မွန်းလွဲပိုင်း အခြေအနေကို ပြောပြသည်။ စစ်ကောင်စီတပ်က ကျေးရွာရှိနေအိမ်များကိုလည်း မီးရှို့နေသည်ဟု ၎င်းက ဆိုသည်။

အခြား နတ်ချောင်းရွာခံ တစ်ဦးကလည်း “ရဟတ်(ယာဉ်) သုံးစီးနဲ့ ကျည်၊ လူ ထပ်ဖြည့်ပေးသွားပြီး နောက် အင်အား ၁၀၀ ကျော်နဲ့ နတ်ချောင်းရွာကို ပြန်ဝင် အိမ်တွေကို မီးစရှို့ပါပြီ။ လောလောဆယ် မီးခိုးကြောင်းအရ ၅အိမ်မြင်” ဟု ရွာအခြေအနေကို လူမှုကွန်ရက်တွင် ရေးသားအသိပေးထားသည်။

Public Service Announcement

Public Service Announcement

အဆိုပါ ကျေးရွာဒေသခံများသည် စစကောင်စီတပ်ဝင်ရောက်လာကတည်းက တိမ်းရှောင်နေခြင်းဖြစ်သည်။

စစ်ကောင်စီတပ်က ဒီဇင်ဘာ ၂၃ရက် တိုက်ပွဲတွင် ရဟတ်ယာဉ် အသုံးပြု တိုက်ခိုက်ခဲ့ခြင်း၊ ကျေးရွာလူထုကို အကြောင်းမဲ့သတ်ဖြတ်ခြင်းတို့ကြောင့် နတ်ချောင်းရွာမှ အမျိုးသမီး နှစ်ဦးနှင့် စိတ်မနှံ့သူတစ်ဦးအပါအဝင် ၁၁ဦးထက်မနည်းသေဆုံးခဲ့ကြောင်း နတ်ချောင်းရွာခံက ပြောသည်။

အရပ်သားသေဆုံးမှုများ ထပ်မံတွေ့ရှိရသည်ဟုလည်း ၎င်းက ဆိုသည်။

“အရပ်သားတွေ ထပ်တွေ့တယ်။ အိမ်ထဲမှာ ပိတ်မိတာ မှန်တာတွေ။ ၁၁ဦးထက် ပိုများသွားပြီ”ဟု နတ်ချောင်းရွာခံက ပြောသည်။

နတ်ချောင်းရွာတွင် စစ်ကောင်စီပစ်ခတ်သတ်ဖြတ်ခဲ့သည့် ဒေသခံများ၏ ရုပ်အလောင်းအချို့ကိုသာ ကောက်ယူနိုင်သေးကြောင်း ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ဒိန်းမတ် ရဟတ်ယာဉ်ကို ရုရှားစစ်သင်္ဘောက မီးကျည်နဲ့ လှမ်းပစ်ခဲ့တဲ့ လုပ်ရပ်အပေါ် ဥရောပ သမဂ္ဂ (EU)က အပြင်းအထန် ရှုတ်ချခဲ့ပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ (၅)နယ်မြေ ဖာပွန်ခရိုင် တိုက်ပွဲမှာ စစ်ကောင်စီတပ်ထံက လက်နက်ငယ် ၃လက်သိမ်းရခဲ့ကြောင်း KNU တပ်မဟာ(၅) မူတြော်(ဖာပွန်)ခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။