Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်မီးရှို့၍ နတ်ချောင်းရွာ မီးရှိန်ပြင်းနေ၊ နေအိမ်၁၀လုံးထက်မနည်း မီးလောင်

“ဘုန်ကြီးကျောင်းမှာ နေရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ လူငယ် ၊မိန်းမသားတွေရဲ့ ဖုန်းတွေကို စကစက အကုန်သိမ်းထားတယ်”ဟု ၎င်းက ဆိုသည်။

▪️စစ်ရှောင်များ၏ ဖုန်းမျာကို စစ်​ကောင်စီသိမ်းထားဟုဆို

ကလေးမြို့နယ်ရှိ နတ်ချောင်းရွာကို အာဏာသိမ်းစစ်ကောင်စီတပ်က ယနေ့(ဒီဇင်ဘာ၂၇) ညပိုင်း၌ ထပ်မံမီးရှို့ခဲ့ရာ ည ၁၀နာရီခန့်ထိ မီးလောင်နေဆဲဖြစ်ကြောင်း နတ်ချောင်းရွာခံတစ်ဦးက ပြောသည်။

“အိမ် ၁၀အိမ်လောက် ခန့်မှန်းခြေမီးထဲပါ။ လူအသေအပျောက်တော့မကြားရသေးဘူး။ မီးရှိန်ပြင်းနေတုန်းပါ” ဟု ၎င်းက ဆိုသည်။

ဒီဇင်ဘာ ၂၂ရက်မှစ၍ နတ်ချောင်းရွာသို့ စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာ ယခင်နေ့များကလည်း ကျေးရွာရှိ နေအိမ် ငါးလုံးထက်မနည်းကို မီးရှို့ခဲ့သည်။

Public Service Announcement

Public Service Announcement

ဒေသခံများကို ဖမ်းဆီးသတ်ဖြတ်ခဲ့၍ ငါးဦးထက်မနည်း ဖမ်းခံထားရပြီး ၁၁ဦးထက်မနည်း သေဆုံးခဲ့ရသည်ဟုဆိုသည်။ ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့်လည်း တိုက်ပွဲဖြစ်ပွားနေရာ ယနေ့ ညနေပိုင်းတွင် စစ်ရဟတ်ယာဉ်သုံးစင်းဖြင့် နှစ်ကြိမ်လာရောက်ကာ လက်နက်နှင့် အင်အား ပို့ဆောင်သွားသည်ဟု ဒေသခံက ပြောသည်။ ထို့နောက် ယနေ့ညတွင် ရွာကို ထပ်မံမီးရှို့နေခြင်းဖြစ်သည်ဟု ဆိုသည်။

Public Service Announcement

ထို့ပြင် စစ်ရှောင်နေသူများ၏ တယ်လီဖုန်းများကိုလည်း စစ်ကောင်စီတပ်က သိမ်းဆည်းထားသည်ဟု နတ်ချောင်းရွာခံက ပြောသည်။

“ဘုန်ကြီးကျောင်းမှာ နေရစ်ခဲ့တဲ့ သက်ကြီးရွယ်အို၊ လူငယ် ၊မိန်းမသားတွေရဲ့ ဖုန်းတွေကို စကစက အကုန်သိမ်းထားတယ်”ဟု ၎င်းက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က စစ်တပ်စစ်ကြောင်းဟာ ဒေသခံတွေရဲ့ နေအိမ်အလုံး ၂၀၀ ကျော် မီးရှို့ဖျက်ဆီးခဲ့ပြီး ယာကြီးပြင်ကျေးရွာမှာ တပ်စွဲထားတယ်လို့ အညာမြေအရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင် က ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။

နိုင်ငံတကာ

အင်ဒိုနီးရှား နိုင်ငံမှာ ခရီးသည်တင် ကူးတို့ရေယာဉ်တစ်စီး မီးလောင်မှု ဖြစ်ပွားပြီး အနည်းဆုံး ၅ ဦးသေ၊ ၄၀ ကျော် ပျောက်ဆုံးနေပါတယ်။