Connect with us

Hi, what are you looking for?

News

နတ်​ချောင်းရွာတိုက်ပွဲ ပြည်သူ့ကာကွယ်​ရေးတပ်မှ ၂ဦးကျပြီး ၆ဦးဒဏ်ရာရ၊ စစ်​ကောင်စီတပ်​သေဆုံး ဒဏ်ရာရမှုများရှိ​သော်လည်း အ​ရေအတွက်မသိရ​သေး

အကြမ်းဖက်စစ်ကောင်စီတပ်က ယ​နေ့ ည​နေတွင် နတ်ချောင်းရွာအတွင်း ရဟတ်ယာဉ်ဖြင့် အင်အားတစ်ရာကျော် ချထားခဲ့ပြီး ညဦးပိုင်းကစတင်ကာ ရွာအတွင်းအရပ်သားနေအိမ်များကို မီးရှို့နေ​ကြောင်းကလေးမြို့ခံ များကပြောသည်။

ကလေးမြို့နယ်၊ နတ်ချောင်းရွာတွင် အကြမ်းဖက်စစ်ကောင်စီနှင့် ဒီဇင်ဘာ ၂၆ ရက်တစ်ညလုံးဖြစ်ပွား​သောတိုက်ပွဲတွင် ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ဝင် ၂ နှစ်ဦးကျဆုံးခဲ့ပြီး ခြောက်ဦးမှာ မစိုးရိမ် ဒဏ်ရာရရှိခဲ့သည်ဟု က​လေးPDF နှင့်ချင်းအမျိုးသားအဖွဲ့ချုပ်တို့က သတင်းထုတ်ပြန်သည်။

နတ်ချောင်းရွာ အထက်တန်းကျောင်းနှင့် အောင်ဆုပန် ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်သားများကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့များဖြစ်​သော PDF(ကလေး) ၊ ရိမ်းဂျားကလေးကာကွယ်ရေးတပ်(RKDF)၊ ဖလမ်းအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်( CNDF) နှင့် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ (ပကဖ) တို့က ပူးပေါင်း၍ ဒီဇင်ဘာ ၂၆ ရက် ညနေ ၆ နာရီမှ ဒီဇင်ဘာ ၂၇ ရက်မနက် ၆ နာရီအထိ တိုက်ပွဲများပြင်းထန်ခဲ့ခြင်းဖြစ်သည်။တိုက်ပွဲဖြစ်ပွားချိန်အတွင်း နည်းပညာတက္ကသိုလ်(ကလေး)တွင် တပ်စွဲသည့် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။ ထိုကြောင့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ၏ စစ်ကြောင်းတစ်ခုကလည်း နည်းပညာတက္ကသိုလ်(က​​လေး)တွင်တပ်စွဲထား​သောအကြမ်းဖက်စစ်​ကောင်စီတပ်ကို သွားရောက်တိုက်ခိုက်ခဲ့ရသည်ဟု က​လေးPDFက ထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် လက်နက်ကြီးထိမှန်၍ ပကဖ(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်) တပ်သားနှစ်ဦးသည် ၊ကျဆုံးခဲ့ပြီး PDF(ကလေး) ၊CNDFတို့မှာ တစ်ဦးစီနှင့် ပကဖမှ လေးဦး မစိုးရိမ်ရဒဏ်ရာများရရှိခဲ့သည်ဟု ထုတ်ပြန်ချက်များတွင်ဖော်ပြထားသည်။ အကြမ်းဖက်စစ်ကောင်စီဘက်မှ ​သေဆုံးထိခိုက်မှုမူများရှိသော်လည်း စာရင်းအတိအကျကို မသိနိုင်ဟု​ဖော်ပြထားသည်။

ထိုအပြင် ယ​နေ့ (ဒီဇင်ဘာ ၂၇)နံနက်တွင်PDF(ကလေး) နှင့် CNDFတို့သည် ကလေးမြို့၊ တာဟန်းရပ်ကွက်အတွင်းရှိ ဗိုလ်ချုပ်လမ်းနှင့် ဝယ်စလီလမ်းထောင့်ရှိ အကြမ်းဖက်စစ်ကောင်စီကင်းနှင့် စမ်းမြို့မူးယစ်ရဲစခန်းတို့ကို တပြိုင်နက်ဝင်ရောက်တိုက်ခိုက်ခဲ့သည်။ ထိုတိုက်ပွဲများတွင် အကြမ်းဖက်စစ်ကောင်စီတပ်သားများအကျအဆုံးရှိနိုင်သော်လည်း ပြည်သူကာကွယ်ရေးတပ်များက အထိအခိုက်မရှိခဲ့​ပေ။CNDF၏ ထုတ်ပြန်ချက်အရ ထိုတိုက်ပွဲအတွင်း အကြမ်းဖက်စစ်ကောင်စီ၏ ယာဉ်တစ်စီးကိုပါ သိမ်းစည်းရမိသည်ဟုပါရှိသည်။ တိုက်ပွဲများအတွင်း ကလေးမြို၊တောင်ဇလပ်ရပ်ကွက်ရုံးသည်လည်း ယနေ့ နံနက် ၅ နာရီခန့်တွင် မီးလောင်ပျက်စီးသွားသည်ဟု ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီတပ်က ယ​နေ့ ည​နေတွင် နတ်ချောင်းရွာအတွင်း ရဟတ်ယာဉ်ဖြင့် အင်အားတစ်ရာကျော် ချထားခဲ့ပြီး ညဦးပိုင်းကစတင်ကာ ရွာအတွင်းအရပ်သားနေအိမ်များကို မီးရှို့နေ​ကြောင်းကလေးမြို့ခံ များကပြောသည်။

ည ၁၀ နာရီခန့်အထိ နေအိမ်ဆယ်လုံးခ​ကျော်လောင်ကျွမ်းနေသည်ကိုတွေ့ရသည်ဟု ဒေသခံများကဆက်ပြောသည်။

“ညနေက ရဟတ်ယာဉ်နဲ့ လူချသွားတယ်။အင်အားတစ်ရာလောက်ရှိမယ်။အဲ့ကောင်တွေက အိမ်တွေကို မီးလိုက်ရှို့နေတာ”ဟု ကလေးမြို့ခံတစ်ဦးက ပြောသည်။

ယမန်နေ့ညကတစ်ညလုံးတိုက်ပွဲဖြစ်​နေသည့်အပြင် နတ်ချောင်းကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့၍ ရွာအတွင်းကျန်​နေ​သောဒေသခံများညတွင်းချင်း ထွက်ပြေးခဲ့ရသည်။

အကြမ်းဖက်စစ်ကောင်စီက နတ်ချောင်းကျေးရွာအတွင်း အပြစ်မဲ့ပြည်သူ ၂၀ခန့်ကို ပစ်သတ်ခဲ့ပြီး လူသေအလောင်းသွားကောက်သွားသူများကိုပါ ပစ်ခတ်နေသည်ဟု ​ဒေသခံများက​ ပြောသည်။

ထိုအပြင်ထပ်မံရရှိ​သောသတင်းအရ ကလေးမြို့ရှိ အကြမ်းဖက်စစ်ကောင်စီတပ်သားများကုသ​ပေး​နေသည့်ဆေးရုံတွင်လည်း ယနေ့ (ဒီဇင်ဘာ၂၇) နံနက်ပိုင်းက ပေါက်ကွဲမူတစ်ခုဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီတပ်သား ၇ဦးခန့်သေဆုံးသွားသည်ဟု ဒေသခံများနှင့် ဒေသတွင်း လူမူကွန်ယက်များကရေးသားဖော်ပြချက်အရသိရသည်။ ထိုပေါက်ကွဲမူသည် ဗုံးပေါက်ကွဲမူ သို့မဟုတ် အခြားပေါက်ကွဲမူဖြစ်သည်ဟု သေချာမသိရပေ။ ထိုပေါက်ကွဲမူများနှင့်ပတ်သတ်ပြီး ကာကွယ်ရေးတပ်ဖွဲ့များကလည်း တစုံတရာထုတ်ပြန်ခြင်းမရှိပေ။ အဆိုပါ ​ပေါက်ကွဲမှု နှင့် ပတ်သပ်၍ People’s Spring ကလည်းသိးခြားအတည်မပြုနိုင်​သေး​ပေ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

တော်လှန်ရေးစိုးမိုးနယ်မြေအတွင်း လောင်းကစားဝိုင်းတွေ ချက်ချင်းရပ်တန့်ကြဖို့နဲ့ ဆက်လက်လုပ်ဆောင်ပါက ဖမ်းဆီးအရေးယူမယ့်အပြင် အသက် (၁၈) နှစ်မှ (၃၀) နှစ်ကြား လူငယ်တွေကို စစ်သင်တန်းပေးကာ တော်လှန်ရေးရဲဘော်အဖြစ် တာဝန်ပေးအပ်သွားမှာဖြစ်ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ပခုက္ကူခရိုင် တပ်ရင်း(၁၅)နဲ့ ယင်းမာပင်ခရိုင် အမှတ်(၁၁)တပ်ရင်းတို့က ပူးတွဲသတိပေး ထုတ်ပြန်ပါတယ်။

သတင်း

တတက(၁၃)ကျောင်းအုပ်ကြီးနဲ့အမှတ်(၄)လေကြောင်းချီတပ်မဟာကွပ်ကဲမှုဌာနချုပ် ဗိုလ်မှူးချုပ် ၂ဦး ဒဏ်ရာရ