Connect with us

Hi, what are you looking for?

News

ဖရူဆိုတွင် စစ်ကောင်စီတပ်မီးရှို့သတ်သည့် ပြည်သူများတွင် ၎င်းတို့ဝန်ထမ်းနှစ်ဦးပါဟု Save The Children အတည်ပြု

အဆိုပါ ဝန်ထမ်းနှစ်ဦးသည် ကလေးသူငယ်များ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသူများဖြစ်သကဲ့သို့ မကြာသေးမီကမှ မွေးဖွားလာသည့် ကလေးငယ်၏ ဖခင်လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

(စစ်​ကောင်စီတပ်က ​ဒေသခံပြည်သူ ၃၅ဦးနှင့် ​ဒေသခံများ၏ ကားများကို မီးရှို့သတ်ဖြတ် ဖျက်စီး​နေစဥ်၊ ဓာတ်ပုံ - KNDF)

▪️ကုလလုံခြုံရေးကောင်စီက ကျူးလွန်သူများကို အရေးယူနိုင်ရေး အမြန်ဆုံးစီစဉ်ရန်နှင့် အာဆီယံဘုံသဘောတူညီချက် ပြန်သုံးသပ်ပြီး အရေးယူမှုပြုလုပ်ရန် ​တောင်းဆို

မြန်မာနိုင်ငံအရှေ့ဘက်ခြမ်း၊ ကယားပြည်နယ်တွင် ဒီဇင်ဘာ ၂၄ရက်က ဖြစ်ပွားခဲ့သည့် မြန်မာစစ်တပ် ၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ကလေးငယ်နှင့် အမျိုးသမီးများအပါအဝင် ပြည်သူ ၃၅ဦးထက်မနည်း အသက်သေဆုံးခဲ့ရသည့်အဖြစ်အပျက်တွင် ၎င်းတို့ ဝန်ထမ်းနှစ်ဦးပါဝင်ကြောင်း ယနေ့ အတည်ပြုနိုင်ခဲ့သည်ဟု Save The Childrenက ထုတ်ပြန်သည်။

“ဤသတင်းသည် အင်မတန်မှ ထိတ်လန့်တုန်လှုပ်ဖွယ်ရာဖြစ်သည်။ အပြစ်မဲ့ ပြည်သူများနှင့် အကူအညီပေးရေးလုပ်ငန်းများ လုပ်ဆောင်နေသည့် ဝန်ထမ်းများအပေါ် အကြမ်းဖက်မှု ကျူးလွန် ခြင်းသည် မည်သို့မျှ လက်ခံနိုင်ဖွယ်မဟုတ်ပါ။ ယခုကဲ့သို့ ကျိုးကြောင်းဆင်ခြင်မဲ့ တိုက်ခိုက်မှုသည် နိုင်ငံတကာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေကို ချိုးဖောက်ခြင်းဖြစ်သည်”ဟု Save The Children Chief Executive ဖြစ်သည့် Inger Ashing က ပြောကြားခဲ့ကြောင်း ဖော်ပြထားသည်။

Public Service Announcement

အပြစ်မဲ့ ပြည်သူများနှင့် မြန်မာနိုင်ငံတစ်ဝန်း အကူအညီလိုအပ်လျက်ရှိသည့် သန်းပေါင်းများစွာသော ကလေး သူငယ်များအား ကူညီပံ့ပိုးရေးနှင့် လူသားချင်းစာနာထောက်ထားမှု ဆိုင်ရာလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည့် ဝန်ထမ်းများအား ဤသို့အကြမ်းဖက် ကျူးလွန်မှု အပေါ် လွန်စွာမှ ထိတ်လန့်တုန်လှုပ်မိသည်ဟုလည်း ထုတ်ပြန်ခဲ့သည်။

Public Service Announcement

Public Service Announcement

အဆိုပါ ဝန်ထမ်းနှစ်ဦးသည် ကလေးသူငယ်များ၏ ပညာရေးတိုးတက်ဖွံ့ဖြိုးမှုဆိုင်ရာ လုပ်ငန်းများကို စွမ်းစွမ်းတမံဆောင်ရွက်နေသူများဖြစ်သကဲ့သို့ မကြာသေးမီကမှ မွေးဖွားလာသည့် ကလေးငယ်၏ ဖခင်လည်းဖြစ်ကြောင်း ဖော်ပြထားသည်။

ဝန်ထမ်းတစ်ဦးသည် (၃၂)နှစ်အရွယ်ဖြစ်ကာ ၎င်းသည် (၁၀)လအရွယ် သားယောက်ကျာ်းလေး၏ ဖခင်ဖြစ်ပြီး Save The Children နှင့် လက်တွဲ ဆောင်ရွက်နေသည်မှာ နှစ်နှစ်ခန့်ရှိပြီဖြစ်ကြောင်း၊ နောက်ထပ် ဝန်ထမ်းတစ်ဦးသည် (၂၈)နှစ်အရွယ်ဖြစ်ပြီး သုံးလသားအရွယ်သမီးငယ်၏ ဖခင်ဖြစ်ကြောင်း၊ ၎င်းသည် အဖွဲ့အစည်းတွင် ခြောက်နှစ်ခန့် အတူလက်တွဲ ဆောင်ရွက်ခဲ့သူဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ​ဖော်ပြထားသည်။

ဘေးကင်းလုံခြုံရေး အခြေအနေအရပ်အရပ်ကြောင့် ၎င်းတို့၏ ကိုယ်ရေးအချက်အလက်အသေးစိတ်ကို ဖော်ပြမည်မဟုတ်ဟု ဆိုသည်။

၎င်းတို့နှစ်ဦးသည် အနီးအနားရှိ ရပ်ရွာများတွင် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ လုပ်ငန်းများဆောင် ရွက်အပြီးတာဝန်ထမ်းဆောင်ရာရုံးသို့ပြန်စဉ် ယင်းတိုက်ခိုက်မှု အဖြစ်အပျက်နှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရကြောင်း ဖော်ပြထားသည်။

ယင်းဖြစ်စဉ်အတွင်း စစ်တပ်သည် ပြည်သူများအား အဓမ္မ ဖမ်းဆီးခြင်း၊ သတ်ဖြတ်ခြင်းနှင့် မီးရှို့ခြင်းများ လုပ်ဆောင်ခဲ့သည်ဟု သတင်းများ ဖော်ပြချက်အရ ကြားသိခဲ့ရကြောင်း Save The Children ကထုတ်ပြန်သည်။

ဖြစ်စဉ်နှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်လျက်ရှိကြောင်း၊ ယင်းဖြစ်ရပ်ဆိုးကို ရင်ဆိုင် ကြုံတွေ့ရပြီးနောက်၊ ဝန်ထမ်းများအားလုံးနှင့် ယင်းအဖြစ်အပျက်တွင် ထိခိုက်ဆုံးရှုံးခဲ့ရသူများ၏ မိသားစုဝင်များအတွက် လိုအပ်လျက်ရှိသော ကူညီပံ့ပိုးမှုများရရှိစေရန် ဖြစ်နိုင်သမျှ နည်းလမ်းများဖြင့် လုပ်ဆောင်လျက်ရှိသည်ဟု Save The Childrenက ဆိုသည်။

ဤဖြစ်ရပ်သည် ယခုတစ်ကြိမ်တည်းဖြစ်ပွားခြင်း မဟုတ်ကြောင်း၊ မြန်မာနိုင်ငံရှိ ပြည်သူများသည် တိုးမြင့်လာသော ဆိုးရွားစွာအကြမ်းဖက်မှုများတွင် ဆက်လက် ပစ်မှတ်ထားခံနေရပြီး ယင်းဖြစ်ရပ်များသည် ချက်ချင်းတုံ့ပြန်ဆောင်ရွက်ရန် လိုအပ်နေကြောင်း ထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂလုံခြုံရေးကောင်စီအနေဖြင့် ကျူးလွန်သူများအား အရေးယူရန် မိမိတို့လုပ်ဆောင်ရမည့် အဆင့်များကို အမြန်ဆုံးစီစဉ်ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများသည် လက်နက်ရောင်းဝယ်ခြင်းကို ပိတ်ဆို့မှုများ သတ်မှတ်ဆောင် ရွက်ခြင်း အထူးသဖြင့် မကြာသေးမီက ဖြစ်ပွားခဲ့သော လေကြောင်း တိုက်ခိုက်မှုများထပ်မံမဖြစ် ပွားစေရန် တားဆီးဟန့်ထားမှုများကို အထူးအလေး ပေး လုပ်ဆောင်ရမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။

အာဆီယံအနေဖြင့်လည်း ပြီးခဲ့သည့်ဧပြီက သဘောတူဆုံးဖြတ်ခဲ့သည့် မြန်မာနိုင်ငံတွင် အကြမ်းဖက်မှုများ ချက်ချင်းရပ်တန့်ရန်နှင့် အာဆီယံအထူးသံတမန်အနေဖြင့် သံတမန်ရေးရာနည်းဖြင့် ကြားဝင်ဖြေရှင်းပေးရေးအပါအဝင် သဘောတူညီချက် အချက်ငါးချက် ကို ပြန်လည်သုံးသပ်ရန်နှင့် အရေးယူ ဆောင်ရွက်ရန် အရေးပေါ်အစည်းအဝေး ခေါ်ယူကျင်းပရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

ကလေးသူငယ်များနှင့် လူသားချင်းစာနာထောက် ထားမှုဆိုင်ရာ လုပ်ငန်းဆောင်ရွက်သူများအား အကာအကွယ်ပေးရန်အတွက် ယင်းအချက်များကို အကောင်အထည် ဖော်ရေးမှာ အရေးတကြီး လိုအပ်နေကြောင်း၊ လေးစားတန်ဖိုးထား ချစ်ခင်ရသော ၊ အစားထိုးမရနိုင်သော လုပ်ဖော်ကိုင်ဖက်နှစ်ဦး အသက်ဆုံးရှုံးရခြင်းအပေါ်အဖွဲ့အစည်းအနေဖြင့် လွန်စွာဝမ်းနည်းပူဆွေးရပြီး ၎င်းတို့နှစ်ဦး အသက်ဆုံးရှုံးရခြင်းသည် မြန်မာနိုင်ငံနှင့် ကယား ပြည်နယ်မှ ကလေးများအတွက် ဆုံးရှုံးမှုတစ်ခုလည်း ဖြစ်ကြောင်း ထုတ်ပြန်သည်။

Save The Childrenသည် မြန်မာနိုင်ငံတွင် ၁၉၉၅ ခုနစ်မှ စတင်ကာ ကျန်းမာရေး၊ အာဟာရ ၊ ပညာရေးနှင့် ကလေးသူငယ်ကာကွယ်စောင့်ရှောက်ရေး စီမံချက်လုပ်ငန်းများကို မိတ်ဖက်အဖွဲ့အစည်း ပေါင်း ၅၀ ကျော်၊ ဝန်ထမ်းပေါင်း ၉၀၀ ကျော်တို့ဖြင့် နိုင်ငံနှင့်အဝှမ်းတွင် လုပ်ကိုင်လျက်ရှိသည်ဟု ဆိုသည်။

ယခုအဖြစ်အပျက်ကြောင့် ကယားပြည်နယ်၊ ချင်း ပြည်နယ်နှင့် မကွေးတိုင်းဒေသကြီးရှိ ဒေသအချို့နှင့် ကရင်ပြည်နယ်ရှိ စီမံကိန်းများကို ယာယီရပ်ဆိုင်းထားကြောင်း၊ မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံအတွင်းရှိ အလိုအပ်ဆုံးသော အထူးသဖြင့် ယခုကဲ့သို့ ပဋိပက္ခနှင့်အကျပ်အတည်းကာလတွင် ကလေးသူငယ်များအတွက် အကူအညီပေးရေး ကတိကဝတ်ကို ဆက်လက်ထိန်းသိမ်းရန် ကြိုးပမ်းလုပ်ဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်မှာ ဒရုန်းတိုက်ခိုက်ခံရတာကြောင့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲဘော် ၅ဦး ကျဆုံးခဲ့တယ်လို့ ‌ဒေသခံသတင်းရင်းမြစ်တချို့က ‌ပြောပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook