Connect with us

Hi, what are you looking for?

LuduNwayOo

News

နဂါးမ​တောင်ရွာက မိနစ်၂၀ကြာတိုက်ပွဲ စစ်​ကောင်စီတပ်သား ကိုးဦး​သေဟု ဗိုလ်ဂျပန်​ပြော

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် နဂါးမတောင်ရွာ အနောက်ဘက်(စိမ်းလမ်းရုံး)တွင် အကြမ်းဖက်စစ်ကောင်စီနှင့်တိုက်ပွဲဖြစ်ရာ စစ်ကောင်စီတပ်သား ကိုးဦးသေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော် (PRA) ဦးဆောင်သူ ဗိုလ်ဂျပန်က ပြောသည်။

ယနေ့(ဒီဇင်ဘာ ၂၉ ရက်)နေ့လည် ၂ နာရီခန့်က အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့တော်လှန်ရေး တပ်မတော်(PRA) တပ်ခွဲ(၉) မှ ဗိုလ်ဂျိုဝါး ၊ တပ်ခွဲ(၁၄) မှ ဗိုလ်ငတေ အဖွဲ့တို့ မိနစ်၂၀ကြာ တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

“အဓိကတော့ ရီမုမိုင်းတွေနဲ့ စစ်တပ်ကားအစီ ၄၀ကျော်ကို စတင်မိုင်းဆွဲတိုက်တယ်။ပြီးတော့ အပြန်အလှန်ပစ်တယ်။ကျွန်တော်တို့ ဘက်တော့ အကျအဆုံးမရှိဘူး”ဟု ဗိုလ်ဂျပန်က ပြောသည်။

ယနေ့တိုက်ခိုက်ခဲ့သည့် စစ်ကောင်စီ ယာဉ်တန်းမှာ မကွေးတိုင်း ကျောမြို့(ကပစ-၂၃) မှထွက်လာခြင်းဖြစ်သည်။

Public Service Announcement

Public Service Announcement

ထိုယာဥ်တန်းကို ဒီဇင်ဘာ ၂၇ ရက်က ( ပုလဲ-ဂန့်ဂေါ ) လမ်းမကြီး၌ (PRA) တပ်ခွဲ(၂ /၁၇) က တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်တို့ ၃နာရီကြာတိုက်ပွဲဖြစ်ပွားခဲ့ဖူးသည်။

အဆိုပါ တိုက်ပွဲတွင် စစ်ကောင်စီတပ်သား ခုနှစ်ဦး သေဆုံးကြောင်း ပြည်သူ့တော်လှန်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

ပုလဲမြို့နယ်သည် စစ်ရိပ်ငွေ့ သန်းနေဆဲဖြစ်သော ကြောင့် အကြမ်းဖက်စစ်ကောင်စီယာဥ်တန်း ပုလဲမြို့နယ်မှ မထွက်ခွာနိုင်သ၍ ပုလဲ-ဂန့်ဂေါလမ်းကိုမိဘပြည်သူများအနေနှင့် အသုံးပြုသွားခြင်းမပြုကြရန် ၊မဖြစ်မနေ အသုံးပြုသွားလာရမည်ဆိုလျှ သက်ဆိုင်ရာကို ဆက်သွယ်အကြောင်းကြား သွားလာရန် ပြည်သူ့တပ်ဖွဲ့များက အထူး မေတ္တာရပ်ခံထားသည်။

ဆက်စပ်သတင်းများ

သတင်း

ဒုချုပ်စိုးဝင်းဒရုန်းနဲ့တိုက်ခိုက်ခံရတယ်ဆိုတာကို စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူက ငြင်းဆိုထားပါတယ်။ စစ်​ကောင်စီ​ပြော​ရေးဆိုခွင့်ရှိသူက စစ်​ကောင်စီအတွက် သတင်းဆိုး​တွေဆိုရင် အမြဲ ငြင်းဆို​လေ့ရှိပါတယ် ။

သတင်း

KIAသည် မိုးမောက်နှင့် လွယ်ဂျယ်မြို့ကြား စိန်လုံတောင်တလျှောက်ရှိ စစ်ကောင်စီစခန်းများကို ပြီးခဲ့သည့် မတ်လဆန်းက တိုက်ခိုက်သိမ်းယူခဲ့သည်။

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

တော်လှန်ရေးပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)တပ်မှ စစ်ကောင်စီတပ်သားများသည် ပြီးခဲ့သည့် ဧပြီ ၁၀ရက်ညကတည်းက အမှတ်(၂)တံတားသို့ထွက်​ပြေးလာပြီး ခိုလှုံ​နေခြင်းဖြစ်သည်။