Connect with us

Hi, what are you looking for?

News

မုံရွာတွင် ယမန်​နေ့က ဗုံးနှင့်မိုင်း​ပေါက်ကွဲမှုများစွာဖြစ်ပြီးစစ်​ကောင်စီ တပ်ဖွဲ့ဝင်အချို့ ​သေဆုံး၊ဒဏ်ရာရ

ဒီဇင်ဘာ၂၉ရက် မွန်းလွဲပိုင်းက မုံရွာမြို့ ကန်သာယာမြောက်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်စစ်ဆေးရေးဂိတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျား Monywa NightKingအဖွဲ့က သတင်းထုတ်ပြန်သည်။

(မုံရွာမြို့လယ်တစ်နေရာ။ ။ဓါတ်ပုံ-Regional News Agency)

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယမန်နေ့ နေ့လယ်ပိုင်းနှင့် ညပိုင်းအချိန်များတွင် အကြမ်းဖက်စစ်ကောင်စီရှိသောနေရာများ၌ ဗုံးပေါက်ကွဲမှုများဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့ ​သေဆုံး၊ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာ၂၉ရက် မွန်းလွဲပိုင်းက မုံရွာမြို့ ကန်သာယာမြောက်ဘက်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များ စစ်ဆေးနေသည်စစ်ဆေးရေးဂိတ်တစ်ခုကို ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း မုံရွာမြို့ပြပြောက်ကျား Monywa NightKingအဖွဲ့က သတင်းထုတ်ပြန်သည်။

ထိုအပြင် ယမန်နေ့ညပိုင်း​ကလည်း မုံရွာမြို့ ကန်သာယာတံတား ဗိုလ်ချုပ်လမ်း၊ မြို့တော်စည်ပင်ရုံး၊ ပြည်ထောင်စုလမ်း မီးပွိုင့်အနီး၊ ဂေါက်ကွင်း၊ တပ်မ ၁၆ နောက်ကျော၊ ရုံးကြီးလမ်းဘောလုံးကွင်း၊ စက်မှုဇုန်ရှိ အမှတ် ၂ ရဲစခန်းအနီး၊ စက်မှုဇုန်စျေးအနီး၊ စက်မှုဇုန် ဗိုလ်တေဇလမ်း ကျောက္ကာလမ်း၊ မြို့ပတ်လမ်း တို့တွင်ဗုံးများ ၊ မိုင်းများ​ပေါက်ကွဲခဲ့သည်။ အဆိုပါမိုင်းခွဲတိုက်ခိုက်မှုများကိုလောကနတ်၊ မုံရွာနင်ဂျာတို့နှင့်ပူးပေါင်းကာ လက်ပစ်ဗုံးများ၊ ချိန်ကိုက်မိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း Monywa NightKingအဖွဲ့က ယနေ့(ဒီဇင်ဘာ၃၀ ရက်) နံနက်ပိုင်းတွင် သတင်းထုတ်ပြန်အသိပေးသည်။

“နေ့လယ်က စစ်တပ်ဘက်ကနှစ်ယောက်သေတယ်။ထိခိုက်ဒဏ်ရာရသူများလဲရှိပါတယ်။ညပိုင်းဖြစ်စဥ်ကတော့ စုံစမ်းနေတုန်းပဲ။”ဟု Monywa NightKingအဖွဲ့ တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

ညပိုင်းပေါက်ကွဲသံများ၊ပစ်ခတ်သံများကို မုံရွာမြို့နေရာအနှံ့အပြားက ကြားခဲ့ရကြောင်း မြို့ခံများက ပြောသည်။

မုံရွာမြို့တွင် အကြမ်းဖက်စစ်ကောင်စီတပ်များသည် မြို့တွင်းမြို့ပြင်လှည့်လည်စစ်ဆေးမှုများပြုလုပ်နေဆဲဖြစ်ပြီး ဖမ်းဆီးခံရသူများလည်း ရှိနေဆဲဖြစ်ကြောင်း မြို့ခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook