Connect with us

Hi, what are you looking for?

News

ငွေ​တောင်ဆည်တိုက်ပွဲ စစ်​ကောင်စီတပ်အထိ့အခိုက်အကျအဆုံးများစွာဖြင့်ပြန်လည်ဆုတ်ခွာ

လွိုင်ကော် PDF မှ ရဲဘော် (၈) ဦးမစိုးရ​သော ဒဏ်ရာ များရခဲ့ကြပြီး၊အခြား မဟာမိတ်တပ်များမှလည်း အချို့ရဲဘော်များ ဒဏ်ရာ ရရှိမှု အချို့ ရှိသည်ဟု​ပါရှိသည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက စစ်​ကောင်စီတပ်ကို တိုက်ခိုက်​ချေမှုန်း​နေကြစဥ်) ဓါတ်ပုံ-PDF-လွှိင်​ကော်

ကရင်နီ(ကယား)ပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ၊ငွေတောင်ဆည်အနီးတွင် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များ ယ​နေ့ တစ်​နေပြင်းထန်စွာဖြစ်​ပွား​သောတိုက်ပွဲတွင် စစ်​ကောင်စီတပ်မှအထိ့အခိုက်အကျအဆုံးများစွာဖြင့် ပြန်လည်ဆုတ်ခွာသွား​ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်-PDF (လွိုင်ကော်)ကသတင်းထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက စစ်​ကောင်စီတပ်ကို တိုက်ခိုက်​ချေမှုန်း​နေကြစဥ်) ဓါတ်ပုံ-PDF-လွှိင်​ကော်

မနက် မှ ည မှောင်ရီပျိုးချိန်ထိ့ပြင်းထန်စွာဖြစ်ပွားခဲ့​သောတိုက်ပွဲတွင်လွိုင်ကော် PDF / ဒီးမော့ဆို PDF / KA / မိုးဗြဲ PDF / ဖယ်ခုံ PDF / KNDF / KGZ စသည့် ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ကြပြီး ပြည်သူ့တပ်များ၏ ချေမှုန်းတိုက်ခိုက်မှု ကြောင့် အကြမ်းဖက်စစ်ကောင်စီတပ်သည် အထိအခိုက် အပျက်အစီး များစွာဖြင့် ပြန်လည်ဆုတ်ခွါခဲ့ရသည်။

စစ်​ကောင်စီတပ်က အထိ့အခိုက်အကျအဆုံးများ​သောကြောင့် အကြမ်းဖက်အုပ်စုသည် လက်နက်ကြီးအင်အား အလွန်အကျွံသုံးခြင်း၊ တင့်ကားများဖြင့် တိုက်ခိုက်ခြင်း၊ တိုက်လေယာဉ်များပင် အသုံးပြုကာ ဗုံးကျဲ ပစ်ခတ် တိုက်ခိုက်ခြင်းတို့ကို ပြုလုပ်ခဲ့​ကြောင်း PDF-လွှိင်​​ကော် သတင်းနှင့်ပြန်ကြား​ရေးက ယ​နေ(ဒီဇင်ဘာ ၃၁)ည ၁၁ နာရီတွင် ထုတ်ပြန်သည်။

(ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ဝင်များက စစ်​ကောင်စီတပ်ကို တိုက်ခိုက်​ချေမှုန်း​နေကြစဥ်) ဓါတ်ပုံ-PDF-လွှိင်​ကော်

လွိုင်ကော် PDF မှ ရဲဘော် (၈) ဦးမစိုးရ​သော ဒဏ်ရာ များရခဲ့ကြပြီး၊အခြား မဟာမိတ်တပ်များမှလည်း အချို့ရဲဘော်များ ဒဏ်ရာ ရရှိမှု အချို့ ရှိသည်ဟု​ပါရှိသည်။

Public Service Announcement

Public Service Announcement

ယခုတိုက်ပွဲတွင် အကြမ်းဖက်စစ်အုပ်စုမှ ကျဆုံးမှု များပြားကြောင်းကို မြေပြင်ရဲဘော်များမှ အတည်ပြုနိုင်သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ပါ ဟု လွှိင်​ကော် PDFကထုတ်ပြန်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) အနေနဲ့ အာဏာသိမ်းစစ်ကောင်စီ ဖြုတ်ချဖို့အတွက် လုပ်ဆောင်သွားဖို့ ကြိုါ်ပမ်းလျက်ရှိရာ ပြည်သူတွေ ရပ်တည်ပေးကြဖို့ SCEF တာဝန်ရှိသူ တစ်ဦးဖြစ်တဲ့ ချင်းအမျိုးသားတပ်ဦး(CNF) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောကြားပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းမိုးမိတ်မြို့အနီးမှာ ဒီနေ့ တိုက်ပွဲဆက်ဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲပြီး လက်နက်ကြီးတွေ ပစ်ခတ်နေပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။