Connect with us

Hi, what are you looking for?

News

မုံရွာတွင် စစ်​ကောင်စီတပ်ကိုပစ်မှတ်ထား တိုက်ခိုက်မှုနှစ်ကြိမ်တွင် စစ်​ကောင်စီတပ် ​လေးဦးထက်မနည်း​သေဆုံး

မုံရွာမြို့ပေါ်တွင် ယမန်နေ့တစ်နေ့လုံးမှညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီတ​ပ်များအား မြို့ပြ ပြောက်ကျားအဖွဲ့များက ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေကြသည်။

စစ်ကိုင်းတိုင်း မုံရွာမြို့တွင် ယမန်နေ့ညနှင့် ယနေ့မွန်းလွဲပိုင်းက အကြမ်းဖက်စစ်ကောင်စီတပ်အား မြို့ပြပျောက်ကြားတပ်ဖွဲ့များက ခုခံတိုက်ခိုက်ခဲ့ရာ လေးဦးထက်မနည်းသေဆုံးကြောင်း မြို့ခံများက ပြောသည်။

ယနေ့ (ဇန်နဝါရီ ၁ ရက်)နံနက်အ​စော(ယမန်နေ့ည ၁၂း၃၀) အချိန်က မုံရွာမြို့ပေါ် ဗိုလ်တေဇလမ်းမှ‌ မောင်းနှင်လာသော စစ်ကောင်စီ၏ ကားနှစ်စီးအား ငုဝါလမ်းအကွေ့တွင် ရှေ့ထွက်မိုင်းနှစ်လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ် ကားတစ်စီး ပျက်စီးခဲ့ပြီး သုံးဦးထက်မနည်းသေဆုံးသွားကြောင်း Monywa Satan အဖွဲ့ က သတင်းထုတ်ပြန်သည်။

အလားတူ ယနေ့မွန်းလွဲ ၁ နာရီခန့်က မုံရွာမြို့တွင် ကြမ်းတမ်းစွာစစ်ဆေးမှုကြောင့် နာမည်ကြီးနေသည့် မြို့ပေါ်စစ်ဆေးရေးဂိတ်တစ်ခုဖြစ်သော မိုးကောင်းစစ်ဆေးရေးဂိတ်အား မြို့ပြပြောက်ကျားတပ်ဖွဲ့များဖြစ်သော Northwest Plains Revolutionary Force,South Monywa-PDFနှင့် Monywa Heroes Group မဟာမိတ်တပ်ဖွဲ့များမှ သေနတ်ဖြင့် ၅ချက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား၁ဦး သေဆုံးခဲ့ကြောင်း ၎င်းအဖွဲ့များက ထုတ်ပြန်အသိပေးသည်။

ယနေ့ညနေ ၆ နာရီဝန်းကျင်က မုံရွာမြို့ ဒေါင်းကျောင်းနှင့် ကံဦးကျောင်းကြား ရှောက်ခါး ရပ်ကွက်အတွင်းသို့ အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်အကြမ်းဖက်စစ်ဆေးနေပြီး နေ့လယ်ပိုင်းက ဗုံးပေါက်ကွဲမှုနှင့်ပတ်သက်၍ လာရှာနေသည်ဟုသိရကြောင်း၊ အမျိုးသားတစ်ဦး ကျည်ထိမှန်ဒဏ်ရာရထားကြောင်း မြို့ခံတစ်ဦးက ပြောသည်။

Public Service Announcement

Public Service Announcement

မုံရွာမြို့ပေါ်တွင် ယမန်နေ့တစ်နေ့လုံးမှညပိုင်းအထိ အကြမ်းဖက်စစ်ကောင်စီတ​ပ်များအား မြို့ပြ ပြောက်ကျားအဖွဲ့များက ပြင်းပြင်းထန်ထန်ခုခံတိုက်ခိုက်နေကြသည်။

ဆက်စပ်သတင်းများ

သတင်း

တပတ်ကျော်အတွင်း အိမ်ခြံမြေပွဲစားတွေ ပြန်ပေးဆွဲခံရမှု ၂မှုဖြစ်လာ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

Facebook