Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်မြို့နယ်မှ နှစ်ရက်ဆက်တိုက်ပွဲစစ်​ကောင်စီတပ် ၄၀ ခန့်​သေ

“ရှိမ်းမကား ‌တောင်ဘက် တောအနီးတဝိုက်က အိမ်တွေတဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဒီကနေ့မနက်ပိုင်းလည်း ရေကြောင်းကနေတက်လာတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

(ဝက်လက် PDF များကလက်နက်ခဲယမ်းမ​လုံ​​လောက်​သော်လည်း အ​ကောင်းဆုံးခုခံတိုက်ခိုက်ခဲ့ကြသည်။ ဓါတ်ပုံ-ဝက်လက်PDF)

စစ်​ကောင်စီတပ်ပိတ်မိ​နေစဥ်ရဟတ်ယာဥ်အကူရောက်လာပြီးပစ်ခတ်၍PDF ၁ဦးကျဆုံး

စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ ခရိုင်ချင်းဆက်လမ်းအနီးတွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ဒေသတွင်းပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့ – PDFများ နှစ်ရက်ဆက်တိုက်ပွဲဖြစ်ပွားခဲ့ပြီး အကြမ်းဖက်စစ်ကောင်စီဘက်မှ လေးဆယ်ခန့်သေဆုံးနိုင်ကြောင်း ဒေသခံများက ပြောသည်။

ဒီဇင်ဘာလ ၃၁ရက်နေ့ မွန်းလွဲ ၁နာရီ ၄၀ မိနစ် ဝန်းကျင်က ထိုးစစ်ဆင်လာ‌သော ပျူစောထီးများပါ ပါဝင်သည့် အကြမ်းဖက်တပ်ဖွဲ့ကို ဝက်လက် PDF ပူးပေါင်းတပ်က နှစ်ဖက် ကြားညပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ ပိတ်မိနေပြီး နှစ်ရက်ကြာတိုက်ပွဲများတွင် အကြမ်း‌ဖက်စစ်ကောင်စီတပ်သား ၄၀ ဦးကျဆုံးခဲ့ကြောင်းဝက်လက်မြို့နယ်သတင်းမှန်ပြန်ကြားရေးက ထုတ်ပြန်သည်။

အကြမ်းဖက် စစ်ကောင်စီတပ်သားများသည် ခုခံနိုင်ခြင်းမရှိတော့၍ ထွက်ပြေးရာ ဝက်လက် PDF ပူးပေါင်းတပ်က လိုက်လံပစ်ခက်နေစဉ် စစ်ကောင်စီဘက်မှ ရဟတ်ယာဥ်​ရောက်လာပြီးစက်သေနတ်များ၊လက်နက်ကြီးများဖြင့် ရဟတ်ယာဥ်​ပေါ်မှ ပသ်ခတ်သောကြောင့် ပြန်လည်ဆုတ်ခွာခဲ့ရပြီး ဝက်လက် PDF တပ်ရင်း(၂) မှ ရဲဘော် ၁ ဦးကျဆုံးခဲ့သည်။ဝက်လက် PDF ပူးပေါင်းတပ်ဖွဲ့သည်လက်နက်ခဲယမ်းမလုံလောက်သည့်ကြားက အကောင်းဆုံးခုခံတိုက်ခိုက်နိုင်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

Public Service Announcement

Public Service Announcement

“ရဟတ်ယာဥ်ပေါ်ကနေ လက်နက်ကြီးတွေကော စက်သေနတ်တွေနဲ့ကော ပစ်တာဗျ။ သေနတ်နဲ့ပစ်တဲ့အချိန်နောက်ပြန်ဆုတ်တဲ့အချိန် တပ်ရင်း ၂ကရဲဘော်တစ်ဦးကျသွားတာပါ။”ဟု ဝက်လက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တာဝန်ရှိသူကဖြေကြားသည်။

တိုက်ပွဲကြောင့် ရှိမ်းမကားမြောက်ဘက်ရွာအများစုမှာ ယမန်နေ့ (ဇန်နဝါရီ ၁) ညနေ ၆ နာရီဝန်းကျင်ကလက်နက်ကြီးသံများကြားခဲ့ရပြီး ရဟတ်ယာဥ်​ပေါ်မှ ​သေနတ်ဖြင့်ပစ်မည်ကိုကြောက်၍ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ခရိုင်ချင်းဆက်လမ်းအနီး ကျေးရွာအချို့မှ ဒေသခံများက ပြောသည်။

“ရှိမ်းမကား ‌တောင်ဘက် တောအနီးတဝိုက်က အိမ်တွေတဲတွေကိုလည်း မီးရှို့ဖျက်ဆီးသွားတယ်။ ဒီကနေ့မနက်ပိုင်းလည်း ရေကြောင်းကနေတက်လာတာတွေရှိတယ်”ဟု ဒေသခံတစ်ဦးကပြောသည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့တိုက်ပွဲသည် ဝက်လက်မြို့နယ်အရှေ့ခြမ်း ဘုရားလေးကုန်းကျေးရွာအတွင်း တပ်စွဲထားသော အင်အား ၇၀ ခန့်ရှိမည့်အကြမ်းဖက်စစ်တပ်နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး နှစ်နာရီခန့်ကြာမြင့်ခဲ့ရာ အကြမ်းဖက်စစ်တပ်ဘက်မှ ၁၂ဦးခန့်သေဆုံးကြောင်း ဝက်လက်PDFက ခန့်မှန်းသည်။

ထိုအပြင်အကြမ်းဖက်စစ်တပ်သည် ဇန်နဝါရီလ ၁ ရက်နေ့က ဘုရားလေးကုန်းကျေးရွာအတွင်းရှိ နေအိမ်အချို့ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး နံနက် ၁၁ နာရီဝန်းကျင်၌ ဒေသတွင်းPDFများက ဝင်ရောက်ပစ်ခတ်ခဲ့ရာ ၆ နာရီကြာ ပြင်းထန်စွာတိုက်ပွဲဖြစ်ပွားခဲ့သည်။ညနေ ၆ နာရီခန့်တွင် ဟတ်စကီးဖြင့် စက်သေနတ်များဗုံးသီးများသုံးကာ လေကြောင်းပစ်ခတ်ခဲ့ကြောင်း၊ ထိုတိုက်ပွဲတွင်အကြမ်းဖက်စစ်တပ်ဘက်မှ သုံးဆယ်ခန့်သေဆုံးပြီး လေကြောင်းပစ်ကူကြောင့် သုံးဆယ်ခန့်လွတ်မြောက်သွားခဲ့ခြင်းဖြစ်ကြောင်း ဝက်လက်PDF က ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

မြိတ်ခရိုင်အတွင်း စစ်ရေးတိုက်ခိုက်မှုများတွင်ပါဝင်သော ပူးပေါင်းစစ်ကြောင်းများအနက် မြိတ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းစစ်ကြောင်း(၁)တွင် မြိတ်ခရိုင်တပ်ရင်း ၂ (တပ်ခွဲ ၁ )၊ ဘက်မလိုက်ပြောက်ကျား တပ်ဖွဲ့၊ တောင်ပိုင်းသူရဲကောင်းတပ်ဖွဲ့ (SWDF)၊ မြိတ်မြို့နယ် (ပ.က.ဖ) နှင့် ADF ဒရုန်းအဖွဲ့တို့ပူးပေါင်းပါဝင်ဖွဲ့စည်းထားသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

နိုင်ငံတကာ

ပြည်နယ် အစိုးရဟာ အခင်းဖြစ်တဲ့ နေရာမှာ ကယ်ဆယ်ရေးနဲ့ အကူအညီပေးရေးတွေ ဆောင်ရွက်ဖို့ အင်အား ၅၀၀ လောက်ကို ချက်ချင်း စေလွှတ်ပေးခဲ့ပါတယ်။