Connect with us

Hi, what are you looking for?

News

ငွေတောင်ဆည်အနီးတိုက်ပွဲစစ်ကောင်စီတပ်မှသေဆုံးထိခိုက်မှုများရှိ ၊ လွိုင်​ကော် PDF မှတပ်သားနှစ်ဦးကျဆုံး

တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ကျဆုံးမှုများ ရှိခဲ့သည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ဖော်ပြထားသည်။

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆိုမြို့နယ် ငွေတောင်ဆည်အနီး၌ ယမန်နေ့က ဖြစ်ခဲ့သည့်တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးထိခိုက်မှု ရှိသကဲ့သို့ ပြည်သူ့ကာကွယ်ရေးတပ်မှ ၂ဦး ကျဆုံးခဲ့ကြောင်း လွိုင်ကော်ပြည်သူ့ကာကွယ်ရေးတပ်(PDF)မှ သတင်းထုတ်ပြန်သည်။

လွိုင်ကော် ၊ ဒီးမော့ဆို၊ ဖယ်ခုံ မြို့နယ်များမှ PDF တပ်ဖွဲ့ဝင်များ၊ ကရင်နီတပ်မတော်(KA)၊ ကရင်နီအမျိုးသားကာကွယ်ရေးတပ်(KNDF)၊ KGZ စသည့် လက်နက်ကိုင် ပူးပေါင်း အဖွဲ့နှင့် စစ်ကောင်စီတပ်တို့ ဇန်နဝါရီ ၂ရက်က တစ်နေကုန် တိုက်ပွဲဖြစ်ခဲ့သည်ဟုဆိုသည်။

တိုက်ပွဲသည် ပြင်းထန်စွာ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီမှ ကျဆုံးမှုများ ရှိခဲ့သည်ကို မြေပြင်ရဲဘော်များမှ မျက်မြင်အတည်ပြုနိုင်ခဲ့သော်လည်း အရေအတွက်ကိုမူ အတည်မပြုနိုင်ကြောင်း ဖော်ပြထားသည်။

တိုက်ပွဲတွင် လွိုင်ကော် PDF မှ ရဲဘော် ကြာဦး (ခ) ပေါလူ နှင့် KA မှ ရဲဘော်တစ်ဦး ကျဆုံးခဲ့ကြောင်း၊ သူရဲကောင်းရဲဘော် ၂ဦးကို အလေးပြု ဦးညွှတ်ကြောင်း လွိုင်ကော် PDFက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

လွိုင်ကော် PDF မှ ရဲဘော် (၂) ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ရာ ပြီးခဲ့သည့် ၃ရက် အတွင်း ဒီးမော့ဆို၊ ငွေတောင်ဆည် အနီး တိုက်ပွဲများ၌ လွိုင်ကော် PDFမှ ဒဏ်ရာရရှိသူ၁၂ဦး ရှိကြောင်း၊ ဒဏ်ရာရ ရဲဘော် (၁၂) ဦးလုံးမှာ အသက်ဘေးမှ လွတ်ကင်းကာ ဆေးကုသမှု ကို ကောင်းမွန်စွာ ခံယူလျက်ရှိကြောင်း ထုတ်ပြန်ခဲ့သည်။

အဆိုပါ တိုက်ပွဲ၌ အခြား ကရင်နီဒေသကာကွယ်ရေးတပ်ဖွဲ့မှ ရဲဘော်များလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်။ စစ်ကောင်စီတပ်ကမူ သေဆုံးထိခိုက်မှု ပိုများခဲ့၍ လေကြောင်း နှင့် လက်နက်ကြီးပစ်ကူ ရယူတိုက်ခိုက်ခဲ့ခြင်းပင်ရှိသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်စစ်ကြောင်းတွေနဲ့ လက်ရှိစစ်ရေးအခြေအနေကြောင့် မင်းတုန်းမြို့အနောက်ဘက်ခြမ်းက ကျေးရွာတွေမှာနေထိုင်တဲ့ ဒေသခံတွေအနေနဲ့ လေကြောင်းနဲ့ လက်နက်ကြီးအန္တရာယ်အထူးသတိပြုကြဖို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက သတိပေးပါတယ်။

သတင်း

အမြန်လမ်းက တောင်ငူ - အုတ်တွင်းမြို့လမ်းပိုင်းက ကျေးရွာတွေမှာ တိုက်ပွဲထန်နေပြီး စစ်တပ်က လေကြောင်းကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Facebook