Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် နေ့ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေ၊ ၂၀ခန့် ဒဏ်ရာရဟုဆို

“အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်”ဟု ဂဠုန်တပ်​တော်က ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့(ဇန်နဝါရီ ၂)က နေ့တစ်ဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး နေ့ဝက်နီးပါး တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ဂဠုန်တပ်သားများမှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားငါးဦးသေဆုံးကာ ၂၀ ခန့် ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်”ဟု ဂဠုန်တပ်​တော်က ဆိုသည်။

ထို့နောက် လက်ကျန်စစ်ကောင်စီတပ်များက လက်ပံမြောင်ကျေးရွာစာသင်ကျောင်းအနီး ကွေ့ပတ်သွားစဥ် မော်တာလေးလုံး၊ ရန်ပုံခွင်းဒလက်နှစ်ခုတို့ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

“ဆရာတောက်တဲ့အဖွဲ့မှ မော်တာလေးလုံး၊ ဆရာအောက်ချင်းအဖွဲ့မှ ရန်ပုံခွင်းတံမြက်စည်းနှစ်ခု ပါဆယ်ထည့်ပေးကြလေရာ တနင့်တပိုးအဝစားကြလေပြီး ယခုထုတ်ပြန်ချိန်တွင် ဘုတလင်ဘက်သို့ ထော့နဲ့ထော့နဲ့ဖြင့် ယက်ကန်ကန်ရင်း တအိအိထွက်သွားကြပြီဖြစ်သည်”ဟု ဂဠုန်တပ်တော်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။