Connect with us

Hi, what are you looking for?

LuduNwayOo

News

ဒီပဲယင်းတွင် နေ့ဝက်ခန့်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေ၊ ၂၀ခန့် ဒဏ်ရာရဟုဆို

“အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်”ဟု ဂဠုန်တပ်​တော်က ဆိုသည်။

People's Spring
People's Spring

စစ်ကိုင်းတိုင်း ဒီပဲယင်းမြို့နယ်တွင် ယမန်နေ့(ဇန်နဝါရီ ၂)က နေ့တစ်ဝက်ခန့် တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ ငါးဦးသေဆုံးကာ ၂၀ ဦးခန့် ဒဏ်ရာရရှိသွားကြောင်း ဒီပဲယင်းအခြေစိုက် ဂဠုန်တပ်တော်က ယနေ့ထုတ်ပြန်သည်။

ယမန်နေ့နံနက်ပိုင်းမှစတင်ပြီး နေ့ဝက်နီးပါး တိုက်ခိုက်မှုများဖြစ်ပွားခဲ့ရာ ဂဠုန်တပ်သားများမှ မိုင်းနှစ်လုံးဖြင့် တိုက်ခိုက်စဥ် စစ်ကောင်စီတပ်သားငါးဦးသေဆုံးကာ ၂၀ ခန့် ဒဏ်ရာရရှိခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

“အုန်းသီးနှစ်လုံးဖြင့် မုန့်ဟင်းခါးငါးပွဲ လိုက်ပွဲနှစ်ဆယ် ရရှိခဲ့ကြပြီး စစ်အောင်နက်တဖွဲ့လုံးကို ထပ်မံကျွေးမွေးရန် အခါအခွင့် စောင့်နေခဲ့ကြလေသည်”ဟု ဂဠုန်တပ်​တော်က ဆိုသည်။

ထို့နောက် လက်ကျန်စစ်ကောင်စီတပ်များက လက်ပံမြောင်ကျေးရွာစာသင်ကျောင်းအနီး ကွေ့ပတ်သွားစဥ် မော်တာလေးလုံး၊ ရန်ပုံခွင်းဒလက်နှစ်ခုတို့ဖြင့် ထပ်မံတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ပါရှိသည်။

Public Service Announcement

Public Service Announcement

“ဆရာတောက်တဲ့အဖွဲ့မှ မော်တာလေးလုံး၊ ဆရာအောက်ချင်းအဖွဲ့မှ ရန်ပုံခွင်းတံမြက်စည်းနှစ်ခု ပါဆယ်ထည့်ပေးကြလေရာ တနင့်တပိုးအဝစားကြလေပြီး ယခုထုတ်ပြန်ချိန်တွင် ဘုတလင်ဘက်သို့ ထော့နဲ့ထော့နဲ့ဖြင့် ယက်ကန်ကန်ရင်း တအိအိထွက်သွားကြပြီဖြစ်သည်”ဟု ဂဠုန်တပ်တော်က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။