Connect with us

Hi, what are you looking for?

News

ပု​လောတိုက်ပွဲတွင် ပျူ​စောထီးတစ်ဦး​သေ၊ တစ်ဦးဒဏ်ရာရ၊ လက်နက်နှင့်ကျည်အချို့သိမ်းဆည်းနိုင်ခဲ့

ထိုတိုက်ပွဲတွင် ပုလောမြို့ ကဒဲကျေးရွာတွင် ယနေ့မနက် ၆နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးတစ်ဦး​သေဆုံးပြီး ၊တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပျူစောထီးများထံမှ သေနတ်တစ်လက်၊ ကျည်ဆံ ၂၀၀ နှင့်လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းရမီခဲ့​သည်။

(ကျဆုံးခဲ့​သော PDF(ပု​လော) မှတပ်စိတ်မှူး ရဲ​ဘော်ဖြူ​ဖွေး၏ နာ​ရေးကိုယ​နေ့ပြုလုပ်ခဲ့သည်။)

■PDFတပ်ဖွဲ့ဝင်တစ်ဦးကျဆုံး၊ တစ်ဦးဒဏ်ရာရ

တနသာ်ရီတိုင်း ၊ပုလောမြို့တွင် ဒေသခံကာကွယ်ရေးတပ်ဖွဲ့နှင့် အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပျူစောထီးအဖွဲ့တို့ ယနေ့အနီးကပ်တိုက်ပွဲဖြစ်ပွားနောက် ပျူစောထီးတစ်ဦး သေဆုံးပြီး ၊PDFတစ်ဦး ကျဆုံးခဲ့​ကြောင်း ပြည်သူကာကွယ်ရေးတပ်မတော်-PDF(ပုလော) ကသတင်းထုတ်ပြန်သည်။

ထိုတိုက်ပွဲတွင် ပုလောမြို့ ကဒဲကျေးရွာတွင် ယနေ့မနက် ၆နာရီတွင် တိုက်ပွဲဖြစ်ပွားခဲ့ပြီး ပျူစောထီးတစ်ဦး​သေဆုံးပြီး ၊တစ်ဦးဒဏ်ရာရရှိခဲ့သည်။ ပျူစောထီးများထံမှ သေနတ်တစ်လက်၊ ကျည်ဆံ ၂၀၀ နှင့်လက်ပစ်ဗုံးတစ်လုံးသိမ်းဆည်းရမီခဲ့​သည်။

(ကျဆုံးခဲ့​သော PDF(ပု​လော) မှတပ်စိတ်မှူး ရဲ​ဘော်ဖြူ​ဖွေး၏ နာ​ရေးကိုယ​နေ့ပြုလုပ်ခဲ့သည်။)

တိုက်ပွဲတွင်PDF ပု​လောမှလည်း တစ်ဦးကျဆုံးပြီး ၊တစ်ဦးမစိုးရိမ်ရ​​သောဒဏ်ရာရရှိခဲ့သည်ဟု PDF(ပုလော) ကထုတ်ပြန်သည်။ တိုက်ပွဲအပြီးတွင် ကဒဲကျေးရွာမှ နေအိမ်အချို့ကို ပျူစောထီးများက မီးရှို့ဖျက်ဆီးခဲ့သည်ဟုထုတ်ပြန်
ချက်တွင်ပါရှိသည်။

Public Service Announcement

Public Service Announcement

ပျူစောထီးအဖွဲ့ကို PDF ပူးပေါင်းအဖွဲ့က သွားရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး တိုက်ပွဲနှစ်ကြိမ် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ဒေသခံများကပြောသည်။

“ပုလောက ပဝတ်ကုန်းရွာက ပျူစောထီးတွေကို PDFတွေက သွားရှင်းရင်း တိုက်ပွဲဖြစ်တာ၊”ဟု ဒေသခံတစ်ဦးကပြောသည်။

ပျူစောထီးအဖွဲ့မှ ​သေဆုံးသူမှာ လွင်ဦးဆိုသူဖြစ်ပြီး ၎င်း၏ သမက်မှာလည်း ဒဏ်ရာရရှိခဲ့၍ ပလတိုက်နယ်ဆေးရုံးတွင် ဆေးကုသခံနေရသည်ဟု ဒေသခံများကပြောသည်။

တိုက်ပွဲတွင် ကျဆုံးခဲ့သည် PDFတပ်သားသည် တပ်စိတ်မှူးရဲဘော်ဖြူဖွေးဖြစ်ပြီး နိုင်ငံတာဝန်ကို ကျေပွန်စွာထမ်းဆောင်ခဲ့သည်ကို ဂုဏ်ပြုမှတ်တမ်းတင်သည်ဟု PDF(ပုလော) က ယနေ့ ညနေပိုင်းတွင် ထုတ်ပြန်သည်။ ၎င်း၏ နာရေးကို ယနေ့ ညနေပိုင်းတွင် ပြုလုပ်ခဲ့သည်ဟုလည်းပါရှိသည်။

ထိုအပြင်ယနေ့တွင် သရက်ချောင်းမြို့နယ်၊ စော်ဖျားရွာရှိ ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်း ပစ်သတ်ခံခဲ့ရသည်ဟု ဒေဿခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။