Connect with us

Hi, what are you looking for?

News

အင်္ဂဘိုကျေးရွာတိုက်ပွဲစစ်​ကောင်စီတပ်၅ ဦး​သေ၊ ၄ဦးဒဏ်ရ

ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးတိုးမြှင့်လှုပ်ရှားမှုများကြောင့် KNLA နှင့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။

ကျိုက်ထိုမြို့နယ်၊ အင်္ဂဘိုကျေးရွာ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်သား ၅ ဦး သေကာ ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း Kyaikhto Revolution Force က ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၄ ရက်) နံနက် ၆ နာရီ ၁၅ မိနစ်ခန့်က အင်္ဂဘိုကျေးရွာ အင်္ဂဘိုဆီအုန်းခြံဘန်ဂလို၌ နယ်မြေကျူးကျော်လာသော စစ်ကောင်စီတပ်ဖွဲ့ကို KNU/KNLA ဦးဆောင်သော တော်လှန်ရေးအင်အားစုပူးပေါင်းအဖွဲ့ မှ သွားရောက်တိုက်ခိုက်ခဲ့သည်။မိနစ်(၃၀)ခန့် ကြာတိုက်ပွဲတွင် KNLA နှင့် ပူး ပေါင်းအဖွဲ့များ ထိခိုက်မှုမရှိခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ထို့အပြင် ဇန်နဝါရီ ၃ ရက် ည ၈ နာရီခန့်က ကျိုက်ထိုမြို့နယ်တွင် NLD ဝန်ကြီးချုပ် ဒေါက် တာအေးဇံ ၏ဇနီးနှင့်သားကို သွားဖမ်းသည့် စစ်ကောင်စီတပ်မှာ ကြားဖြတ်တိုက်ခံရပြီး (၃)ဦးထက်မနည်း သေဆုံးခဲ့ကြောင်း ဒေသခံ သတင်းများက ဆိုသည်။ထိုဖြစ်စဥ်တွင် တပ်မ(၄၄)
လက်အောက်ခံ စစ်ကောင်စီတပ်ကို KNLA တပ်မဟာ(၁) တပ်ရင်း (၃)ဘက်က ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ကျိုက်ထိုမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီ၏ စစ်ရေးတိုးမြှင့်လှုပ်ရှားမှုများကြောင့် KNLA နှင့် ဒေသပြည်သူ့ကာကွယ်ရေးအဖွဲ့များ ပူးပေါင်း၍တိုက်ခိုက်မှုများ ပိုမိုပြုလုပ်လာသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook