Connect with us

Hi, what are you looking for?

News

တာမွေတွင် ယမန်​နေ့ညဗုံးခွဲတိုက်ခိုက်မှု စစ်ကောင်စီတပ်မှ သုံးဦးထက်မနည်းသေဟုဆို

အလားတူ ယမန်နေ့ည ၆နာရီခန့်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ စစ်ကောင်စီထောက်တိုင်လုပ်ငန်းတစ်ခုဖြစ်သော မြတ်မေတ္တာမွန် (MMIT)စက်သုံးဆီအရောင်းဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

(ယမန်​နေ့ညက မြတ်​မေတ္တာမွန်ဆီဆိုင် ဗုံး​ပေါက်ကွဲမှုဖြစ်​နေစဥ်)

တာမွေမြို့နယ်အတွင်း ယမန်နေ့(ဇန်နဝါရီ ၄)ညဗုံးခွဲတိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်သား သုံးဦးထက်မနည်းသေဆုံးကြောင်း အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ (ACPLF)က ထုတ်ပြန် သည်။

အဆိုပါတိုက်ခိုက်မှုကို တာမွေမြို့နယ် မလွှကုန်းဘူတာအနီးရောက်ရှိနေသည့် စစ်ကောင်စီတပ်များနှင့် မလှမ်းမကမ်းနေရာတွင် ယမန်နေ့ည ၇ နာရီခွဲခန့်က ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြ သည်။

ယင်းပေါက်ကွဲမှုအနီး လာရောက်ကြည့်ရှူ့သည့် စစ်ကောင်စီတပ်များကို ည ၇ နာရီ ၅၀ ခန့်တွင် ဒုတိယအကြိမ် ထပ်မံဖောက်ခွဲတိုက်ခိုက်သည်တွင် စစ်ကောင်စီဘက်မှ သုံးဦးထက်မနည်း သေဆုံးခဲ့ခြင်းဖြစ်သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

အထက်ပါတိုက်ခိုက်မှုကို အာဏာသိမ်းဆန့်ကျင်ရေးနှင့် ပြည်သူ့လွှတ်မြောက်ရေးအဖွဲ့ (ACPLF)၊ မှော်ဘီတော်လှန်ရေးအင်အားစု – (HRF)၊ Yangon People’s Defense Force (Bahan)နှင့် Anonymous Force စသည့်မဟာမိတ် ​လေးဖွဲ့မှ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

Public Service Announcement

Public Service Announcement

အလားတူ ယမန်နေ့ည ၆နာရီခန့်က တာမွေမြို့နယ် အရှေ့မြင်းပြိုင်ကွင်းလမ်းရှိ စစ်ကောင်စီထောက်တိုင်လုပ်ငန်းတစ်ခုဖြစ်သော မြတ်မေတ္တာမွန် (MMIT)စက်သုံးဆီအရောင်းဆိုင်၌ ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ တာမွေမြို့နယ်မှာ ယမန်​နေ့ကမိုးများပြီးရေကြီးနေချိန် ကလေးငယ် ၁ဦး ရေမြောင်းထဲ မျောပါပျောက်ဆုံးသွားကြောင်း ဒေသခံတွေက ပြော​ပါတယ်။

နိုင်ငံတကာ

တိဘက်ကုန်းမြင့် ဒေသနဲ့ ထိစပ်ရာ နယ်စပ်နားမှာ ဖြစ်ပွားခဲ့တဲ့ ရုတ်တရက် ရေကြီးမှုအတွင်း သေဆုံးသူတွေကို နီပေါ အာဏာပိုင်တွေက အစုလိုက် စတင်မြှုပ်နှံနေပြီ ဖြစ်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ကျောင်းဆရာမ တစ်ဦးက ပါးရိုက်ခဲ့တဲ့နောက် ကျောင်းသား ကလေးငယ် သေဆုံးသွားတယ်ဆိုတဲ့ ဖြစ်ရပ်နဲ့ ပတ်သက်ပြီး စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်နေကြောင်း အိန္ဒိယနိုင်ငံ အန်ဒရာ ပရာဒက်ရှ် ရဲတပ်ဖွဲ့က ပြောပါတယ်။

Facebook