Connect with us

Hi, what are you looking for?

News

နမ့်ခမ်းတွင် TNLA နှင့် စစ်ကောင်စီတပ် တိုက်ပွဲစဖြစ်၊ စစ်ကောင်စီကလက်နက်ကြီးဖြင့်ပစ်၍ ကလေးငယ် ၂ဦး အပါအဝင် ၆ဦး ဒဏ်ရာရ

TNLA အနေဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)နှင့် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖြစ်ပွားများ ရှိနေချိန်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲမဖြစ်ရေး ရှောင်နေသော်လည်း နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင်ဒေသများ၌ စစ်ရေးတင်းမာနေခဲ့သည်ဟု ၎င်းက ဆိုသည်။

(အာဏာသိမ်းစစ်​ကောင်စီ လက်နက်ကြီးကျည်နှင့်​လက်နက်ငယ်ကျည်ထိမှန်ထား​သော ​​နေအိမ်တစ်လုံး)

ရှမ်းပြည်နယ် မြောက်ပိုင်း နမ့်ခမ်းမြို့တွင် ယနေ့နေ့လယ်ပိုင်းမှစပြီး တအာင်းလက်နက်ကိုင်တပ်ဖွဲ့(TNLA)နှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့ တိုက်ပွဲပြင်းထန်နေကြောင်း ရှမ်းမြောက်ဒေသခံတစ်ဦးက ပြောသည်။

ဇန်နဝါရီ ၅ရက် နေ့လည် ၁၂နာရီ ၄၅မိနစ်ခန့်မှစ၍ နမ့်ခမ်းမြို့အနီးတ၀ိုက် တိုက်ပွဲစတင်ကာ နေရာ နှစ်နေရာထက်မနည်းတွင် ပစ်ခတ်မှုများရှိနေသည်ဟု ဆိုသည်။

“ဘာကြောင့်လဲဆိုတေ့ာ မနက်ခင်းတုန်းက TNLAက မြို့ထဲ ဝင်သွားတာ။ ဝင်သွားတာတေ့ာ စစ်တပ်ဘက်က လက်နက်ကြီး တစ်ဖက်သတ် ပစ်ခတ်လိုက်တာ။ ပစ်ခတ်လိုက်တော့ TNLAက နောက်ဘက် ပြန်ဆုတ်တေ့ာ စစ်တပ်က နောက်ကနေ ပြန်လိုက်လာတယ် ပြန်လိုက်လာပြီး ထိပ်တိုက် တွေ့တဲ့ ပုံစံမျိုးဖြစ်နေတာလို့ ပြောတယ်။ အခုကတော့ တိုက်ပွဲတော်တော်လေး အကြီးအကျယ် ဖြစ်နေတယ်လို့ ပြောတယ်။ နှစ်နေရာ သုံးနေရာ လောက် ဖြစ်နေတာ”ဟု ဒေသခံက ပြောသည်။

TNLA အနေဖြင့် ရှမ်းလက်နက်ကိုင်အဖွဲ့(RCSS)နှင့် ရှမ်းမြောက်ဒေသ၌ တိုက်ပွဲဖြစ်ပွားများ ရှိနေချိန်တွင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲမဖြစ်ရေး ရှောင်နေသော်လည်း နမ့်ခမ်း၊ ကျောက်မဲ၊ ကွတ်ခိုင်ဒေသများ၌ စစ်ရေးတင်းမာနေခဲ့သည်ဟု ၎င်းက ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲမဖြစ်မီစစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက် ကြီးထိမှန်၍ အရပ်သား ၆ဦး ထိခိုက်ခဲ့သည်ဟုဒေသခံက ပြောသည်။

Public Service Announcement

“မနက်ခင်းက စစ်တပ်က ပစ်လိုက်တဲ့ဟာလည်း ၆ယောက်ထိတယ် လက်နက်ကြီးလေ။ အဲဒါက တိုက်ပွဲမဖြစ်ခင်။ လက်နက်ကြီး ၅လုံးလောက်ပစ်တယ်။ ငါးလုံးလောက်ထဲမှာ ဟိုနား ပတ်ဝန်းကျင်ကို နှစ်လုံးကျတယ်။ဟိုးနားဘက်မှာ နှစ်လုံးကျတဲ့ဟာက မိသားစုဝင် ၆ယောက်လောက် ထိသွားတယ်။ အဲဒီ ၆ယောက်မှာ ၂နှစ်အရွယ် ကလေးတွေရော ၅နှစ်အရွယ် ကလေးတွေရောပါတယ်” ဟု ၎င်းက ဆိုသည်။

နမ့်ခမ်းဒေသ တိုက်ပွဲပိုမိုပြင်းထန်လာပါက ရှမ်းမြောက်ရှိ အခြားဒေသများ၌ပါ တိုက်ပွဲများ ဖြစ်ပွားလာနိုင်သည်ဟု ဒေသခံက ပြောသည်။

တိုက်ပွဲဖြစ်စဉ်နှင့်ပတ်သက်၍ မေးမြန်းရန် TNLA ပြောရေးဆိုခွင့်ရှိသူထံသို့ ဆက်သွယ်ရာ အဆက်အသွယ်မရသေးပေ။

အာဏာသိမ်း အကြမ်းဖက်စစ်​ကောင်ကို ကရင်၊ကချင် ၊ကယား ၊ချင်း ၊စစ်ကိုင်း၊မ​ကွေး​ စသည့်ဒေသများရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ များ ၊ပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များ၊​ဒေသခံပြည်သူ့ကာကွယ်​ရေးတပ်ဖွဲ့များက ခုခံတိုက်ခိုက်လျှက်ရှိရာ TNLAကပါ ခုခံတိုက်ခိုက်လာသဖြင့် နိုင်ငံတစ်ဝန်းစစ်​ကောင်စီကိုတိုက်ခိုက်​နေ​သော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့နှင့် နယ်​မြေ ပိုများလာပြီဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။