Connect with us

Hi, what are you looking for?

News

မတူပီ CDF တိုက်ခိုက်၍ စစ်ကောင်စီတပ်မှ အရာရှိ အပါအဝင် သုံးဦးထပ်မံသေဆုံးဟု ထုတ်ပြန်

ဇန်နဝါရီ ၄ရက် နံနက်က မတူပီ-ဟာခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို CDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ အထိနာပြီးပြန် လည် ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

မတူပီ-ဟာခါးလမ်းတွင် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲ ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်မှ အရာရှိအပါအဝင် သုံးဦးသေဆုံးခဲ့သည်ဟု မတူပီ ချင်းကာကွယ် ရေးတပ်ဖွဲ့(CDF)က သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ ၄ရက် နံနက်က မတူပီ-ဟာခါးလမ်းပေါ်ရှိ ဖနိုင်နှင့် ငလိုင်ရွာကြားသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထွက်လာသည့် စစ်ကောင်စီတပ်ကို CDFက တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်များ အထိနာပြီးပြန် လည် ဆုတ်ခွာသွားကြောင်း ဖော်ပြထားသည်။

“မနေ့က ၆နာရီနဲ့ ၇နာရီကြားမှာ တိုက်ပွဲဖြစ်တယ်။ ဖြစ်တဲ့အပေါ်မှာ စကစဘက်က အရာရှိတစ်ဦး အပါအဝင် ၃ဦးကျဆုံးတယ်။ ညနေ ၃နာရီနဲ့ ၅နာရီအကြား ဖြစ်တဲ့ဟာတော့ ကျွန်တော်တို့ အချက်အလက် အတည်မပြုနိုင်သေးဘူး။ သူတို့ ထိခိုက်ဒဏ်ရာရတာတေ့ာရှိတယ်” ဟု CDF ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း အဆိုပါ မတူပီ – ဟာခါးလမ်းတိုက်ပွဲတွင် စစ်ကောင်စီတပ်မှ တပ်သား နှစ်ဦးကို အရှင်ဖမ်းမိခဲ့သည်ဟု CDFက ဆိုသည်။

Public Service Announcement

Public Service Announcement

မတူပီ CDFသည် မတူပီ -ပလက်၀လမ်းရှိ အာဏာသိမ်းစစ်ကောင်စီတပ်၏ ထယ်ဘွေးတပ်စခန်းကိုလည်း ဇန်နဝါရီ ၃ရက်နှင့် ၄ရက်တွင် နှစ်ရက်ဆက် တိုက်ခိုက်ခဲ့သည်။ လက်ရှိအချိန်ထိ အဆိုပါ ဒေသ၌ စစ်ရေးတင်းမာနေဆဲဖြစ်ကောင်းCDF ပြောရေးဆိုခွင့်ရှိသူကပြောသည်။ ထယ်ဘွေးစခန်း ပထမရက် တိုက်ခိုက်မှုတွင် စစ်ကောင်စီတပ်မှ ငါးဦးသေဆုံးပြီး ၁၀ဦးကျော် ဒဏ်ရာရရှိခဲ့သည်ဟု ၎င်းက ဆိုသည်။ ဒုတိယရက်တိုက်ပွဲတွင် စစ်ကောင်စီတပ်ထောင်ထားသည့် မိုင်းနင်းမိ၍ CDF တစ်ဦး ဒဏ်ရာရခဲ့သည်ဟု ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်

ဆောင်းပါး

စာဖတ်သူ ဒီနေ့ပင်ပန်းသွားပြီလား။ မနက်ကတည်းက ရင်တလှပ်လှပ်ခုန်နေခဲ့တာမဟုတ်လား။ အခုကော ဘယ်လိုနေသေးလဲ။ ထမင်းကော စားလို့ ရရဲ့လား။ အိပ်လို့​ရော​ပျော်ကြရဲ့လား ။