Connect with us

Hi, what are you looking for?

LuduNwayOo

News

ရေဦးမြို့နယ်မှ ပြည်သူနှစ်ဦးကို စစ်​ကောင်စီတပ်သတ်ဖြတ် မီးရှို့

အင်တောကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်များလည်းရှိပြီး လွန်ခဲ့သည့်တစ်လခန့်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းသတ်ဖြတ်ခံရဖူးပြီးကျေးရွာအုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရဖူးကြောင်း ဒေသခံများကပြောသည်။

(ပြည်သူနှစ်ဦးကိုရက်ရက်စက်စက်သတ်ဖြတ်မီးရှိုးခဲ့သည်။)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အင်တောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရွာကျောင်းကော်မတီဝင် အမျိုးသားနှစ်ဦးကို သတ်ဖြတ်မီးရှိူ့သွားကြောင်း ဒေသခံများက ​ပြောသည်။

အင်တောကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်မြင့်နှင့် အသက် ၄၀ နှစ်အရွယ် ဦးတင်သောင်းတို့ကို ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၅ ရက်တွင်မူ ၎င်းတို့နှစ်ဦးရုပ်အလောင်းများအား ကျေးရွာစာသင်ကျောင်းအနောက်ဘက်တွင် သတ်ဖြတ်မီးရှို့ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ပြည်သူနှစ်ဦးကိုရက်ရက်စက်စက်သတ်ဖြတ်မီးရှိုးခဲ့သည်။)

အင်တောကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်များလည်းရှိပြီး လွန်ခဲ့သည့်တစ်လခန့်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းသတ်ဖြတ်ခံရဖူးပြီးကျေးရွာအုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရဖူးကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီ ၂ ရက်မွန်းလွဲပိုင်းက အင်တောရွာ စာသင်ကျောင်းအတွင်း အထိုင်ချထားသည့်စစ်​ကောင်စီတပ်အား ပကဖ/PDFတို့က ပြောက်ကြားစနစ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ရာ စကစဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အင်တောကျေးရွာသည် ရေဦးမြို့နှင့် တန့်ဆည်မြို့ကြား ရေဦးမြို့နှင့် ၇ မိုင်အကွာခန့်တွင်တည်ရှိသည်။

ဆက်စပ်သတင်းများ

ဘာသာပြန် ဆောင်းပါး

အာဏာသိမ်း စစ်တပ်ရဲ့ လုံခြုံရေး တပ်ဖွဲ့ဝင်တွေက ရက်ရက်စက်စက် ဖြိုခွင်းမှုတွေကို ဆန္ဒပြသူတွေက အဆင်ပြေသလို ကြုံရာကျပန် ဖန်တီးထားတဲ့ လက်လုပ်​သေနတ်တွေနဲ့ ခုခံခဲ့ကြပါတယ်။

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။