Connect with us

Hi, what are you looking for?

News

ရေဦးမြို့နယ်မှ ပြည်သူနှစ်ဦးကို စစ်​ကောင်စီတပ်သတ်ဖြတ် မီးရှို့

အင်တောကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်များလည်းရှိပြီး လွန်ခဲ့သည့်တစ်လခန့်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းသတ်ဖြတ်ခံရဖူးပြီးကျေးရွာအုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရဖူးကြောင်း ဒေသခံများကပြောသည်။

(ပြည်သူနှစ်ဦးကိုရက်ရက်စက်စက်သတ်ဖြတ်မီးရှိုးခဲ့သည်။)

စစ်ကိုင်းတိုင်း ရေဦးမြို့နယ် အင်တောကျေးရွာတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ရွာကျောင်းကော်မတီဝင် အမျိုးသားနှစ်ဦးကို သတ်ဖြတ်မီးရှိူ့သွားကြောင်း ဒေသခံများက ​ပြောသည်။

အင်တောကျေးရွာမှ အသက် ၄၅ နှစ်အရွယ် ဦးမောင်မြင့်နှင့် အသက် ၄၀ နှစ်အရွယ် ဦးတင်သောင်းတို့ကို ဇန်နဝါရီ ၂ ရက် နံနက် ၁၁ နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဖမ်းဆီးသွားခဲ့ပြီး ယမန်နေ့ ဇန်နဝါရီ ၅ ရက်တွင်မူ ၎င်းတို့နှစ်ဦးရုပ်အလောင်းများအား ကျေးရွာစာသင်ကျောင်းအနောက်ဘက်တွင် သတ်ဖြတ်မီးရှို့ထားသည်ကို တွေ့ရှိခဲ့ရကြောင်း ဒေသခံများက ပြောသည်။

(ပြည်သူနှစ်ဦးကိုရက်ရက်စက်စက်သတ်ဖြတ်မီးရှိုးခဲ့သည်။)

အင်တောကျေးရွာတွင် ပျူစောထီးအဖွဲ့ဝင်များလည်းရှိပြီး လွန်ခဲ့သည့်တစ်လခန့်က ပျူစောထီးအဖွဲ့ဝင်တစ်ဦးလည်းသတ်ဖြတ်ခံရဖူးပြီးကျေးရွာအုပ်ချုပ်ရေးမှူးလည်း ပစ်ခတ်ခံရဖူးကြောင်း ဒေသခံများကပြောသည်။

ဇန်နဝါရီ ၂ ရက်မွန်းလွဲပိုင်းက အင်တောရွာ စာသင်ကျောင်းအတွင်း အထိုင်ချထားသည့်စစ်​ကောင်စီတပ်အား ပကဖ/PDFတို့က ပြောက်ကြားစနစ်ဖြင့် အနီးကပ် ပစ်ခတ်ခဲ့ရာ စကစဘက်မှ ၃ ဦးသေဆုံးခဲ့သည်ဟုသိရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

အင်တောကျေးရွာသည် ရေဦးမြို့နှင့် တန့်ဆည်မြို့ကြား ရေဦးမြို့နှင့် ၇ မိုင်အကွာခန့်တွင်တည်ရှိသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်က ရေနံမြေ Well-1 နဲ့ ဝဲတူး Well-2 ဒေသအခေါ်အခေါ် (ဝဲလ်တမ်း၊ ဝဲလ်တူး ရေနံမှော်)ကို စစ်တပ်က မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ မြစ်ခြေမြို့က ရှစ်မျက်နှာဘုရားမှာ တပ်စွဲထားတဲ့ စစ်တပ်ဟာ မြို့တွင်းက ကြောင်ပန်းခုံကျေးရွာ ဝင်ရောက်စီးနင်းမီးရှို့ခဲ့ပြီး မီးငြှိမ်းတဲ့ ဒေသခံတွေကိုပါ သေနတ်နဲ့လိုက်လံ ပစ်ခတ်ခဲ့တယ်လို့ မြို့နယ်လူသားစာနာ တာဝန်ခံက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ရွှေဒါးကျကျေးရွာကို ပြီးခဲ့တဲ့ ရက်ပိုင်းမှာ အာဏာသိမ်းစစ်တပ် စစ်ကြောင်းဝင်ရောက်လာပြီးနောက် နေအိမ်တွေကိုမီးရှို့တာတွေပြုလုပ် နေတယ်လို့ သတင်းရင်းမြစ်အချို့ဆီကသိရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။