Connect with us

Hi, what are you looking for?

News

လွိုင်​ကော်မြို့ တိုက်ပွဲ​ကြောင့် စစ်ရှောင်များလာ၍ အရေးပေါ်လိုအပ်ချက်များကူညီရန် ကရင်နီစစ်ရှောင်ကူညီရေးကွန်ရက် တောင်းဆို

“လူသားချင်စာနာမှု ထောက်ပံ့ပေးကြပါ၊ အဘက်ဘက်မှ ဝန်းရံကြပါ။ လွိုင်ကော်ဆိုတာ လက်ရှိ ကရင်နီပြည်ရဲ့ မြို့တော်ပါ။အခုလူထုတချို့ စွန့်ခွာနေရပြီ” ဟု PKPFက ဆိုသည်။

(လွိုင်​​ကော်မြို့​ပေါ်သို့ စစ်​ကောင်စီတပ်က ရဟတ်ယာဥ်ဖြင့် ပစ်ခတ်တိုက်ခိုက်​နေစဥ် ၊ ဓာတ်ပုံ - PKPF)

လွိုင်ကော်မြို့ပေါ်တွင် တိုက်ပွဲများ ပြင်းထန်သော ကြောင့် စစ်ဘေးရှောင်ပြည်သူများ ပိုမိုများပြာလာကြောင်း ကရင်နီပြည် စစ်ဘေးရှောင်ကူညီစောင့်ရှောက်ရေးကွန်ရက်က ထုတ်ပြန်ခဲ့ပြီး လက်ရှိတွင်စားနပ်ရိက္ခာ၊ စောင်၊ ခြင်ထောင်၊ မိုးကာနှင့် အဝတ်အထည်များလိုအပ်နေကြောင်း ဖော်ပြသည်။

အရေးပေါ် လိုအပ်ချက်များကို လှူဒါန်းကြရန်နှင့် လှူဒါန်းလိုသူများအနေဖြင့် ကရင်နီပြည်စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက် အမည်ရှိ Facebook Page သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း အသိပေးထားသည်။

လတ်တလောတိုက်ပွဲများကြောင့် လွိုင်ကော်၊ဖရူဆို၊ ဒီးမော့ဆို မြို့နယ်များမှ ပြည်သူလူထု ၃၅၀၀၀ ခန့်ထပ်မံ ထွက်ပြေးနေရကြောင်း ကရင်နီလက်နက်ကိုင်တပ်ဖွဲ့ KNDFမှ ခေါင်းဆောင်တစ်ဦးဖြစ်သူ ခွန်းဘီထူးက ၎င်း၏ လူမှုကွန်ရက်တွင် အသိပေးထားသည်။

“ စကစကို လွတ်ထားရင် လူတွေကို ရက်စက်စွာဆက်သတ်မှာမို့ စစ်ကြောင်းမထွက်လာနိုင်အောင် တိုက်ရင်း လူထုအကြားစစ်မျက်နှာတွေ ဖြစ်လာပြီ။ KSCC (ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ)မှာ ကော်မတီရှိတယ်။ လှူပါ။ ကွင်းထဲမှာ လှုပ်ရှားကူညီနေသူများရှိတယ်။ ကိုယ်ယုံကြည်သည့် လူမှုအသင်းအဖွဲ့များကို ကူကြပါ။ နိုင်ငံသားများမက လူသားချင်းစာနာတတ်သူ မိတ်ဆွေနိုင်ငံများအားလုံးကို အထူးတောင်းဆိုပါတယ်” ဟု အမျိုးသားညီညွတ်ရေးအစိုးရ သယံဇာတနှင့် သဘာ၀ ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဒုတိယဝန်ကြီးလည်းဖြစ်သူ ခွန်းဘီထးက ရေးသားထားသည်။

Public Service Announcement

Public Service Announcement

Public Service Announcement

တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)ကလည်း ပြည်တွင်း၊ပြည်ပနှင့် နိုင်ငံတကာအနေဖြင့် ကရင်နီပြည်နယ်ကို ကူညီပေးရန် တောင်းဆိုထားသည်။

“လူသားချင်စာနာမှု ထောက်ပံ့ပေးကြပါ၊ အဘက်ဘက်မှ ဝန်းရံကြပါ။ လွိုင်ကော်ဆိုတာ လက်ရှိ ကရင်နီပြည်ရဲ့ မြို့တော်ပါ။အခုလူထုတချို့ စွန့်ခွာနေရပြီ” ဟု PKPFက ဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။