Connect with us

Hi, what are you looking for?

News

လွိုင်​ကော်တွင် တိုက်ပွဲပြင်းထန်​နေ၊ စစ်​ကောင်စီတပ်သား ​လေးဦး​သေ

KNDF ဘက်မှလည်း ရဲဘော်သုံးဦးဒဏ်ရာရရှိထားပြီး တစ်ဦးကျဆုံးကာ ကျဆုံးသွားသော ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင် အလေးပြုကြောင်း KNDF က အသိပေးထားသည်။

(ကျဆုံးခဲ့သည့် ရဲ​ဘော် နိုင်လင်းနှင့် ယ​နေ့ လွိုင်​ကော်တိုက်ပွဲတွင် ​တွေ့ရ​သော DMO PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

▪️ပြည့်သူ့ရဲ​ဘော် တစ်ဦးကျဆုံးပြီး သုံးဦးဒဏ်ရာရထားဟု KNDFထုတ်ပြန်

လွိုင်ကော်မြို့ ပန်ကန်းနှင့် မိုင်းလုံးရပ်ကွက်အတွင်း တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်မှ လေးဦးသေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရနိုင်ကြောင်း ကရင်နီအမျိုးသားကာကွယ်​ရေးတပ်(KNDF) က ယနေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ယနေ့(ဇန်နဝါရီ ၇ ရက်) နံနက် အစောပိုင်းကစ၍ ယခုည ၈နာရီခန့်အထိ တိုက်ပွဲပြင်းထန်နေပြီး အကြမ်းဖက်စစ်ကောင်စီတပ်ဖက်မှ အနည်းဆုံး​လေး သေဆုံးကာ အများအပြားထိခိုက် ဒဏ်ရာရနိုင်ကြောင်း KNDFက ဆိုသည်။

(ကျဆုံးခဲ့သည့် ရဲ​ဘော် နိုင်လင်းနှင့် ယ​နေ့ လွိုင်​ကော်တိုက်ပွဲတွင် ​တွေ့ရ​သော DMO PDFရဲ​ဘော်များကို ​တွေ့ရစဥ်)

KNDF ဘက်မှလည်း ရဲဘော်သုံးဦးဒဏ်ရာရရှိထားပြီး တစ်ဦးကျဆုံးကာ ကျဆုံးသွားသော ရဲဘော်အား အာဇာနည်သူရဲကောင်းအဖြစ်မှတ်တမ်းတင် အလေးပြုကြောင်း KNDF က အသိပေးထားသည်။

Public Service Announcement

Public Service Announcement

“ပိတ်မိတဲ့ ပြည်သူကို သွားရောက်ကယ်ဆယ်ရင်း လက်နက်ကြီးကျလို့ ကျဆုံးသွားတဲ့ ကျောင်းဆရာ နိုင်လင်းအား မိမိတို့မှ အလေးနီပြုပါသည်။ ကရင်နီပြည်ရဲ့ ကျောင်းဆရာတွေဟာ ပေးဆပ်မှုတွေ အင်မတန်မှ ကြီးမားနေပြီ”ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစု(PKPF)က ဆိုသည်။

ထို့အပြင် အကြမ်းဖက်စစ် ကောင်စီတပ်များမှ ပစ်မှတ်ထားတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူအချို့ ထိခိုက်ဒဏ်ရာရခဲ့သည့်အပြင် အပြစ်မဲ့ ပြည်သူ​ခြောက်ဦးသေဆုံးခဲ့ရသည်။

တိုက်ပွဲအတွင်း သေဆုံးခဲ့ရသော ပြည်သူများအတွက် KNDF မှ မိသားစုများနှင့် ထပ်ထူဝမ်းနည််းကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့များမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်ခြင်း၊ အရပ်သား ပြည်သူများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်း နှင့် လူနေအိမ်များကို မီးရှို့ဖျက်စီးခြင်းများ ပြုလုပ်လျက်ရှိသဖြင့် ရပ်ကွက်နေပြည်သူများ စစ်ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

အကြမ်းဖက် စစ်ကောင်စီတပ်များမှ ဒီးမော့ဆိုမြို့နယ် (၅) မိုင်၊ (၆) မိုင် နှင့် ‌ဒေါပိုးစီတို့တွင် နေအိမ် စုစုပေါင်း ၁၈ လုံးကို မီးရှို့ဖျက်စီးခဲ့သည်။

မြို့ပြတိုက်ပွဲသည် လွိုင်ကော်မြို့အတွင်းသို့ ကူးစက်လာပြီးဖြစ်ရာ ပြည်သူများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် စစ်ဘေးလွတ်ရာသို့ အမြန်ဆုံးတိမ်းရှောင်ကြရန် KNDF က တိုက်တွန်းသည်။

စစ်ကောင်စီတပ်များ အမြစ်ပြတ်သည်အထိ တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း ကျဆုံးသွားသော ရဲဘော်များနှင့် ပြည်သူများကို တိုင်တည်၍ KNDF က အဓိဌာန်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

စစ်​တွေမြို့နဲ့ တိုက်ပွဲ​တွေပိုနီးလာလို့​ငွေ​ကြေးတတ်နိုင်သူ​တွေ ရန်ကုန်​သို့ပြောင်း​ရွေ့

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

Facebook